ကိုကို့ရဲ့ Fiance'

667 59 88
                                    

"အချစ်ပန်းများသည်×××ဒီလေပြည်ထဲမှာ×××တိတ်တဆိတ်သာ ကြွေနေ×××၀ဲလွင့်ကာ×××နီးစပ်ခွင့်ရင်ခွင် တံခါးလေးဖွင့်ထားရင်×××နွေးထွေးစွာ ကိုယ်ပါးမှီအပ်ချင် ခဏတာ×××အကြင်နာတွေ အချစ်ရေမြင်လား××"

မဝေးတဲ့ချစ်ခြင်း (Nကိုင်ရာ)

နေ့တစ်နေ့အစပြုရာ နံနက်ခင်းမှာ ချိုကြည်ကြည်တေးသံကလေးတစ်ခု မီးဖိုခန်းငယ်လေးထဲ တိုးတိတ်တိတ် ပျံ့လွင့်နေခဲ့ပါတယ်။ကလေးလေးကိုယ်တိုင် သီကျူးဖော်ထုတ်တဲ့ ချစ်တေးသံစဥ် ခပ်အေးအေးလေးကို ကိုကိုက သေသေချာချာ အာရုံစိုက် နားထောင်နေခဲ့ပြီး ရေပန်းအောက်မှာ အချိန်ကြာကြီး ရပ်ရင်း ပြုံးနေခဲ့ပါသတဲ့။

ကလေးလေးတောင် အချစ်နဲ့ပတ်သက်ပြီး သိတတ်နားလည်ခံစားတတ်တဲ့ အသက်အရွယ်တစ်ခုကို ရောက်လာခဲ့ပြီပဲ။ကိုကိုက အဲဒီလိုလည်း တွေးမိပါသေးသတဲ့။အတိတ်ကာလတစ်ခုဆီ တစိမ့်စိမ့် အတွေးပြန်မိတော့ ကိုကိုဟာ တရေးရေး ပြုံးမိရပြန်ပါတယ်။

"မမရဲ့ ဗိုက်ထဲက ညီလေး ဟုတ်သလား မမ"

"ဟုတ်တယ် အားလုံ(သား)ရဲ့။မမရဲ့ ဗိုက်ထဲမှာရှိနေတာ ညီညီလေး။ကြီးလာရင် အားလုံနဲ့အတူတူ ဘောလုံးကစားဖော် ဒိုးပစ်ဖော်ဖြစ်လာမဲ့ ညီညီလေး"

ဗိုက်ဖုံးအင်္ကျီပွပွချောင်ချောင်ကို ဗိုက်ပူပူကလေး မထင်သာအောင် ဖုံးလှစ်အုပ်ပြီး ပိပိရိရိ၀တ်ထားတဲ့မမက ကျွန်တော့်ခေါင်းကို အသာအယာပွတ်ဖွလို့ လေသံချိုကလေးနှောပြီး စကားပြန်တဲ့အခါ ကျွန်တော့်မျက်နှာ ဟာ မသိမသာ သုန်မှုန်သွားရတယ်။ကျွန်တော်က တကယ်တော့ ညီမလေး လိုချင်ခဲ့တာပါ။ဘေးအိမ်က သူငယ်ချင်းမကလေး မီယွန်းလို ချစ်စရာကောင်းပြီး အနေအေးဆေး စကားနားထောင်တတ်တဲ့ ကလေးမသေးသေးလေးတစ်ယောက်ကို ပတ်ဂျီမင်းဆိုတဲ့ ကျွန်တော်က အသည်းအသန် လိုချင်ခဲ့တာ။တစ်ဦးတည်းသောသား ဖြစ်တဲ့အပြင် မေမေက သွေးဆုံးပြီးသား မုဆိုးမမို့ ကျွန်တော့်အောက်မှာ ဘယ်ညီလေး၊ညီမလေးမှ ထပ်မရနိုင်တော့ဘူးလို့ ရပ်ကွက်ထဲက လူတွေက ပြောကြတယ်။သူတို့တွေ အဲဒီလို မခံချင်အောင် စကြနောက်ကြလည်း ကျွန်တော်က အရေးမစိုက်ပါဘူး။ကျွန်တော့်ရဲ့ အစ်မကြီးရင်းချာသဖွယ် ခင်ရ၊ချစ်ရတဲ့ ကျွန်တော့်မမရဲ့ ဗိုက်ထဲမှာ ကလေးလေးတစ်ယောက် ရှိနေပြီမို့ မကြာခင်မှာ ကျွန်တော်က အစ်ကိုကြီးတစ်ယောက်ဖြစ်တော့မှာ၊နောက်ပြီး ကလေးလေးက ချစ်စရာကောင်းပြီး လှတဲ့ ညီမသေးသေးကလေးဖြစ်မှာဆိုပြီး ကျွန်တော်က အပိတ်ကြွားထားခဲ့တာ။အခုတော့ ညီလေးတဲ့လား ကံကြမ္မာရယ်။ကျွန်တော် မကျေနပ်လိုက်တာ။

❛ကိုကိုအချစ်ဦး❜ 🅒🅞🅜🅟🅛🅔🅣🅔🅓Where stories live. Discover now