Part-23

32 0 0
                                    

(Chapter-6/ ရန်သူများရဲ့ကလဲ့စား)

⚔️⚔️⚔️⚔️⚔️⚔️⚔️⚔️⚔️⚔️⚔️

ရှိုင်းရှင်းလင်းအောင် နှင့် ဂျိုးလ်ဂျေအာဝိန်း တို့သည်ဒီနေ့အခါတွင်တော့ ပြည်ပသို့ထွက်ခါ သွားတော့မည်ဖြစ်သည်၊ ရှိုင်းအိမ်တော်တွင် သခင်နှစ်ဦးအတွက် အလွန်အလုပ်ရှုပ်နေကြလေသည်။

တစ်ဖက်ဝိန်းအိမ်တော်မှာလည်း ၎င်းတို့သားကြီးဖြစ်သူ ခရီးအတွက်လိုအပ်တာတွေကို ပြင်ဆင်နေကြသည်၊ သို့သော်၊ ရှိုင်းရှင်းနှင့်ဂျေဝိန်း တို့အနေနဲ့ ရန်သူတွေရဲ့စောင့်ကြည့်မှုကို ယခုအခါတွင်တော့ သတိလက်လွတ်ဖြစ်နေကြပေသည်

*သခင်မခင်ဗျ၊ ကျွန်တော်တို့ဘက်လွတ်ထားတဲ့ သူသျှိုကသတင်းစကားပါးလိုက်ပါတယ်ခင်ဗျ*

*ဟုတ်လား၊ ဖတ်စမ်းပါဦး*

*သခင်မခင်ဗျ၊ ရှိုင်းအိမ်တော်မှာ ယနေ့ခရီးထွက်ရန်ရှိတယ်လို့ ကြားသိရတဲ့အပြင်၊ ဝိန်းအိမ်တော်ဘက်မှာလည်း တစ်စုံတစ်ရာ စီစဉ်နေတယ်လို့ သိရပါတယ်ခင်ဗျ*

*ဘယ်လို! ဂျိုးလ်ဝိန်းက ဘယ်သွားမလို့ပါလိမ့်၊ ထားပါတော့ အဲဒီသခင်ရှိုင်း အကြောင်းအကုန်စုံစမ်းပြီးပြီလား*

*ဟုတ်ကဲ့၊ အဲဒါက စုံစမ်းတဲ့အဖွဲ့ဘက်က သိသလောက်စာပို့ထားပါတယ်*

*ပြစမ်းပါဦး၊ ဘာတွေများ သိခဲ့ရသလဲ*

*ဒီမှာပါခင်ဗျ*

ဘလက်စ်အောင်း သစ္စာခံသည်င်းဝတ်ရုံအတွင်းအိတ်ထည်မှ အိတ်ပိတ်စာစောင်အား သခင်မဆိုသူ
မိုးထိပ်ထားစံ အားရိုသေစွာ ကမ်းပေးလိုက်သည်။
ထို့နောက် သစ္စာခံအဖွဲ့များလည်း ၎င်းတို့တာဝန်များ ဆက်လက်ဆောင်ရွက်ကြကုန်၏။

ရှိုင်းအိမ်တော်၏ သခင်နှစ်ဦးပြည်ပခရီးထွက်ရန် သတင်းအစအနအား မည်သူဖြန့်လိုက်သည်မသိ၊ ဂျေဝိန်းအပေါ် လက်တုန့်ပြန်လိုသူများသည် အလိုမကျမှုများစွာ အမြတ်ဒေါသထွက်ကုန်ကြ၏၊ ဤအခြင်းအရာအား ဝိန်းမိသားစု အုပ်စိုးလျက်ရှိသော ဖီးနစ်အဖွဲ့၏ သူလျှိုများသည် ၎င်းတို့သစ္စာခံသော ပုဂ္ဂိုလ်များထံ စာလွှာပေးပို့ထားလေသည်။


*ဤတစ်နေ့အတွင်း ယခင်ရက်ပေါင်းများစွာနဲ့တူညီသော တိုက်ခိုက်မှုများစွာ ဖြစ်ပေါ်လာကြတော့မည်* ဟူထိပ်တန်းစာစောင်များရဲ့မ္ဘီရသတင်းစဉ်တွင် နာမည်ပဉ္စလက်ပညာရှင်များက တစ်နေ့တာဟောကိန်းများ စုစည်းဖော်ပြကြလေသည်

ရန်သူများဟုဆိုရာဝယ်၊ အခြားသော အကြောင်းကြောင့်မဟုတ်ပဲ၊ စီးပွားပြိုင်ဆိုင်မှုတွေကြောင့် ဖြစ်ပေါ်လာတဲ့ ဩဇာအာဏာချဲ့ထွင်မှု၊ အစုအပြုံလိုက် လုပ်ကြံမှုတွေမှ အစပြုလာခဲ့ခြင်းပင်ဖြစ်သည်၊ အသက်*၂၀*ကျော်သာရှိသေးတဲ့ ဂျေဝိန်းသည် လုပ်ကြံသတ်ဖြတ်မှုများရဲ့ နောက်ကွယ်က စေခိုင်းခဲ့သူဆိုတဲ့  ကောလာဟာလာ သတင်းများစွာ ပေါ်ထွက်ခဲ့ဖူး၏။







Who Hide The Truth Of Life (Own Story)Where stories live. Discover now