Chapter-7/ဝိန်းအိမ်တော်စီးနင်းခံရခြင်း)
******************************
*ဒေါင်....ဒေါင်....ဒေါင်....*
ရွှေမန္တလာမြို့လည်၊နာရီစင်ကြီးမှ မနက်ခင်း*၈ နာရီ* ထိုးချိန်တွင် တစ်ဖန်အချက်ပေးလေ၏။*ဟင်းးးသာယာတဲ့ နွေဦးရာသီ တစ်ဖန်ရောက်လာပြန်ပကောလား၊ အခုတော့ မသာယာတဲ့ နွေရာသီပေါ့*
*နှင်းးရေ၊ သားဂျိုးလ်တို့ ဒီနေ့အလည်လာလိမ့်မယ်၊ တို့တွေ အထူးပွဲတွေ ပြင်ဆင်ထားကြရအောင်*
*ဟုတ်ကဲ့သခင်မရှင့်*
ဝိန်းအိမ်တော်ကြီးရှိ စားဖိုဆောင်ထဲဝယ်၊ အိမ်တော်သခင်လေး ဂျိုးလ်အလည်လာမည်ဖြစ်သည့်အတွက် ၎င်းအကြိုက် ဟင်းလျာမုန့်ပွဲများ ပြင်ဆင်ချက်ပြုတ်နေကြသည်။
မြို့တော်အရှေ့ဘက်၊ ပုသိမ်ကြီးနယ်ရှိ တောအုပ်အစပ်တွင် တည်ရှိသော ရှိုင်းအိမ်တော်ကြီးတွင်တော့။
*ကိုကိုရေ...ဒီနေ့ မေမေတို့ဆီ အလည်သွားမယ်နော်*
*ဒါပေါ့၊သွားရမှာပေါ့ ကလေးရ*
*ဒေါက်...ဒေါက်..ဒေါက်....*
*သခင်လေးတို့ရေ၊ ရထားလုံး အဆင်သင့်ဖြစ်ပါပြီခင်ဗျ*
*လာခဲ့ပါမယ်*
ဂျေနှင့်ရှိုင်းတို့လည်း ခြံဝန်းထဲအသင့်စောင့်နေသော မြင်းရထားလုံးထဲ ဝင်ရောက်ပြီး၊နောက်ပါ ကိုယ်ရံတော်များစွားနှင့် မန္တလာမြို့တောင်ဘက်မြို့ပြင်ရှိ ဝိန်းအိမ်တော်သို့ စတင်ထွက်ခွာလာကြသည်၊ ယနေ့သည် မြို့တော်ရှိ လုပ်ငန်းများစွာ ပိတ်ရက်ရှည်စတင်သည့် နေ့ရက်အစပင်ဖြစ်၏၊ထို့အတူ၊ ရှိုင်းတို့စုံတွဲနှင့်တကွ လင်းနှင့်ထန်းတို့သည်လည်း အတူတကွ
လိုက်ပါလာကြပြီး၊ အိမ်တော်ကြီးကိုတော့ အိမ်ထိန်းအား ကြပ်မတ်စောင့်ရှောက်စေလေသည်။မန္တလာမြို့တော်တွင်းသို့ စတင်ဖြတ်သန်းလာသည်မှစ မြင်တွေ့ရသည့်မြင်ကွင်းသည်ကား အတော်ကို ဆိုးဝါးလှလေသည်၊ လမ်းကြိုလမ်းကြားများတွင်လည်း ငတ်ပြတ်သူ၊ ဒုစရိုက်သမား၊ ဆေးသမားများဖြင့် မှောင်ရိပ်ကျနေ၏၊ ၎င်းတို့သည် မြို့တော်တွင်းမှဖြတ်ပြီး တောင်ဘက်ခြမ်းနယ်မြေ၊ မြို့တော်ပြင်ရှိ ဝိန်းဩဇာခံအထက်တန်းရပ်ကွက်သို့ ရောက်ရှိလာကြသည်။

DU LIEST GERADE
Who Hide The Truth Of Life (Own Story)
Fantasy(This novel is JohnKoSan*s First story.... ဂျွန်ကိုစံ ၏ကိုယ်ပိုင် စိတ်ကူးယဉ် ဝတ္ထုဇာတ်လမ်း ဖြစ်ပါသည်၊ Who Hide The Truth Of Life *ဘဝ အမှန် ဖုံးကွယ် ထားသူ*) ချစ်ခြင်းတရား...ထိုအရာအားပိုင်ဆိုင်ခွင့်ရဖို့အတွက်လူတစ်ယောက်မက တစ်ရာသတ်မှသာ ရနိုင်မယ်ဆိုလုပ်...