Part-35(Missing Nightingale Members)

14 0 0
                                    

(Chapter-8/ နိုက်တင်ဂေးလ်အဖွဲ့ဝင်များ ပျောက်ဆုံးခြင်း)

*******************************

ယမန်နေ့ညမှမနက်ရောင်နီသန်းချိန်ထိ၊ ရွှိုင်ရယ်ရို့စ် အိမ်ယာသည်မီးဟုန်းဟုန်း တောက်လောင်နေဆဲပင်၊ အင်မတန်ကျယ်ဝန်းသော ခြံကြီးများသာတည်ရှိသော ထိုအိမ်ယာသည် မီးလောင်ခဲ့လျှင် အနီးအိမ်များသို့ အလွယ်တကူ မီးကူးနိုင်ခြင်းမရှိပေ၊ ယခုအခါသည်ကားးးကြေးစားအဖွဲ့သည် တစ်အိမ်ဝင်ထွက် ပစ်ခတ်မီးရှို့သွားခဲ့သောကြောင့်ဖြစ်၏။

*သခင်မတို့....အဆင်ပြေရဲ့လားခင်ဗျ

*သခင်မ....သခင်လေးဂျေတို့ အန္တရာယ်ကင်းမှာပါနော်

*အင်းးးးကိုယ်ရံတော်တွေလည်း ပါသွားကြတာပဲ၊ စိတ်ချရပါတယ်....မောင်လေးအယ်ရေ၊ဒီက ကိစ္စတွေထားခဲ့ လုပ်ငန်းစုဘက်ကို သွားကြီးကြပ်လိုက်ဦး

*ဟုတ်တယ်အစ်ကို၊ ညီမလည်း လိုက်ခဲ့မယ်....ပိုင်ရှင်မိသားစု တိုက်ခိုက်ခံရရင် လက်အောက်ခံတွေ ပရမ်းပတာဖြစ်နိုင်တယ်

*ကောင်းပါပြီ အစ်မ၊အိမ်ထိန်းရေ....စိတ်ချမယ်နော် လာသွားကြစို့လိုင်ရေ

ဝိန်းခြံထဲရှိပန်းခြံထဲဝယ် မိသားစုဝင်များသည် အိမ်တော်မီးလောင်မှုကြောင့် ပြင်ဆင်စီမံနေကြပြီး၊သခင်ငယ်တို့သည်ကားးမြင်းရထားလုံး(၃)စီးဖြင့် လုပ်ငန်းစုဘက် ထွက်ခွာလာကြသည်။

တစ်ဖက်၊ လူသူအရောက်နည်းသော မြို့တော်အရှေ့တောကြီးထဲရှိ ရှိုင်းအိမ်တော်ကြီးတွင်တော့ ပြည်ပထွက်ခွာရန် အမြန်ဆောင်ရွက်နေကြ၏၊ ရှိုင်းရှင်းနှင့်ဂျေဝိန်းတို့သည် ကိုယ်ရံတော်အနည်းငယ်ဖြင့် ရွှိုင်ရယ်မန္တလာ သဘော်ဆိပ်ကမ်းသို့ တိုက်ရိုက်သွားရန် ပြင်ဆင်နေကြသလို၊ လင်းနှင့်ထန်းတို့သည်ကားးးရှိုင်းရှင်း၏ညီမငယ် သခင်မလေးရှိုင်းအား ဖမ်းဆီးထားသည့်  အမရပူရနယ်ရှိ အန်းစ်အိမ်တော်ကြီးမှ သွားရောက်ကယ်ထုတ်ရန် သစ္စာခံများဖြင့် စီမံနေကြသည်။

*လင်းနဲ့ထန်း....ညီမငယ်ကို သေချာစောင့်ရှောက်ပြီး ခေါ်ထုတ်လာခဲ့နော်၊ ငါတို့အားလုံး ရွှိုင်ရယ်မန္တလာ ဆိပ်ကမ်းမှာ ပြန်ဆုံကြမယ်

Who Hide The Truth Of Life (Own Story)Opowieści tętniące życiem. Odkryj je teraz