(Chapter-10*အန်းစ်သခင်မလေး၏ လှည့်စားမှု)
*******************************
မြို့တော်ေတာင်ဘက်စွန်ရှိ ရွှိုင်ရယ်ရို့စ်အိမ်ယာ၊ ဝိန်းအိမ်တော်ရှိ ဧည့်ခန်းဆောင်တွင်လည်း သခင်ငယ်လေး ဂျွန်အယ်ဝိန်း နှင့် ကိုယ်စားလှယ် လိုင်လာဝိန်း တို့သည် နီးစပ်သောမိတ်ဆွေများဖြင့် မိတ်ဆုံလက်ဖက်ရည်ပွဲ သုံးဆောင်နေကြ၏။
*ဟား.....ဟား....ဟား.....
*အို...တကယ်ကို မယုံနိုင်စရာပါလား ငါ့ညီမရယ်
*ဟွန်း...အဟုတ်ပါပဲရှင်၊ အင်း....ဒါတွေထက် လက်ရှိဖြစ်နေတာတွေကို ဘယ်လိုတုန့်ပြန်ကြမှာလဲ အစ်မလိုင်
*အိုကွယ်၊ ဒါတွေ ပူမနေစမ်းပါနဲ့၊ ဟုတ်တယ်မလား သားငယ်
*ဟုတ်တာပေါ့ဗျာ၊ အန်တီလေး ပြောသလိုပဲ၊ ကျွန်တော်တို့တွေ အချိန်တန်ဖြေရှင်းပြီးသွားမှာပါဗျ
*ဟုတ်ပေမယ့်၊ အခုက ရိုးရှင်းမနေလို့လေ သားငယ်ရ၊ ပြီးတော့ သားငယ်လည်း ကြားမိမှာပဲလေ၊ အခုကိစ္စတွေက ဥရောပတိုက်က ပြင်သစ်ပြည်လို ဖြစ်သွားမှာ စိုးရိမ်နေရတယ်
*အဲဒါလည်း အမှန်ပဲသားငယ်ရေ...အခုပဲကြည့်လေ မြို့တော်တွင်းသာမကဘူး မြန်မာတစ်ပြည်လုံးရှိ မြို့တွေမှာပါ ပြန်အုံကြွနေကြပြီ၊ ဆိုတော့ကွယ်....အန်တီတို့ ၊ဦးလေးတို့ ခုလိုဆုံတုန်းလေး အစီအစဉ်ဆွဲထားသင့်တယ်မလား
*ဟင်း.....ဦးလေးတို့၊အန်တီတို့က အတော်စိုးရိမ်နေတာ နားလည်ပါတယ်ခင်ဗျ၊ စိတ်မပူပါနဲ့ ဘာလို့ဆို၊ ကျွန်တော့်အနေနဲ့ လူထုရဲ့ထောက်ခံမှု မလျော့စေဖို့ ကူညီနိုင်မယ့် မိတ်ဆွေတစ်ယောက် ရှိပါသေးတယ်ဗျာ
*ဟင်...အို......
ဂျွန်အယ်ဝိန်း ပြောကြားလိုက်သော စကားအဓိပ္ပာယ်နားလည်ကြလေတော့ ကောလာဟလာသတင်းတွေဟာ အမှန်များဖြစ်နေမလားဆိုပြီး အားလုံးအံ့ဩနေကြလေ၏၊ လူထုအားပေးမှု၊ ထောက်ခံမှုရအောင် ကူညီနိုင်သူဆိုသူမှာ အခြားမဟုတ်၊အနုသုခုမလောကမှပင်ဖြစ်လေသည်။
(မိတ်ဆုံလက်ဖက်ရည်ပွဲဆိုသည်မှာ..... ဥရောပနဲ့အနောက်တိုင်းတွေမှာတော့ ပါတီပွဲပေါ့၊ အားလပ်ရက်တွေမှာ ရင်းနှီးသူများဖြင့် နေ့လည်နေ့ခင်းအချိန်တွင် ကော်ဖီဆိုင်များ၊ အိမ်များတွင် စကားလက်ဆုံကြရင်း အဆာပြေစားကြသော လက်ဖက်ရည်ပါတီပွဲ၊တီးစ်ပါတီ ဖြစ်လေ၏။)

VOUS LISEZ
Who Hide The Truth Of Life (Own Story)
Fantasy(This novel is JohnKoSan*s First story.... ဂျွန်ကိုစံ ၏ကိုယ်ပိုင် စိတ်ကူးယဉ် ဝတ္ထုဇာတ်လမ်း ဖြစ်ပါသည်၊ Who Hide The Truth Of Life *ဘဝ အမှန် ဖုံးကွယ် ထားသူ*) ချစ်ခြင်းတရား...ထိုအရာအားပိုင်ဆိုင်ခွင့်ရဖို့အတွက်လူတစ်ယောက်မက တစ်ရာသတ်မှသာ ရနိုင်မယ်ဆိုလုပ်...