Part-17

26 0 0
                                    

Chapter-5/ J Wayne's Life Cycle

💖💖💖💖💖💖💖💖💖💖💖💖

ရှိုင်းအိမ်တော်တွင်  နောက်လအနည်းငယ်အကြာတွင် ပြည်ပထွက်ခွာရန်အတွက် လိုအပ်တာတွေ ပြင်ဆင်နေကြသည်။
ယခုသူသည် မနက်အစောပိုင်းမှစ၍ ကုမ္ပဏီသို့ သွားရလေသည်၊ အဘယ်ကြောင့်ဆိုသော်၊ မကြာခင်လပိုင်းအတွင်းမှာ ပြည်ပထွက်ခွာရန်ရှိသောကြောင့်ပင်။

*ရှိုင်းလုပ်ငန်းစု*

ရှိုင်းရှင်းတစ်ယောက် ဤမနက်တွင်တော့ ဝန်ထမ်းများကြားက တီးတိုးစကားများကြောင့် အာရုံစူးစိုက်နိုင်မှုမရှိပေ။ သူသည် ထုတ်ဖော်ပြောသင့်တာ ပြောဖို့အချိန်တန်ပြီဟု တွေးလေသည်။
ထိုသို့မဟုတ်ရင်၊ သူ၏မွေးစားမိဘများရဲ့ *လင်းအောင်ကုမ္ပဏီ* ၏ပုံရိပ်များပါ ထိခိုက်လာနိုင်ဖွယ်ရှိနေသည်။

*လင်းရေ..လင်း၊ ခဏဝင်ခဲ့ဦး*

ရှိုင်းရှင်းသည် သူ၏ရုံးခန်းပြင်ရှိ မန်နေဂျာရုံးခန်းထဲလှမ်းခေါ်လေသည်။

*ဟုတ်ကဲ့၊ သခင်ကြီး *

*အင်းးးးနေ့လည်ကျရင် အဖွဲ့ဝင်တွေကို ဟောခန်းမထဲစုဝေးထားလိုက်*

*ဟုတ်ကဲ့ခင်ဗျ၊ သခင်ကြီး တကယ်ပဲ သခင်လေးဂျေ နဲ့ပတ်သတ်မှုကို ထုတ်ပြောတော့မလို့လားဗျ*

*အင်းးးပြောသင့်တာ ပြောရချိန်တန်ပြီလေ၊ ကျန်တာ သူတို့အပိုင်းပဲ၊ ငါတို့လိုလူမျိုး လက်အောက်မှာ တာဝန်မထမ်းချင်တော့လည်း နှုတ်ထွက်ပေးရုံပေါ့*

*ဟင်းးးကောင်းပါပြီခင်ဗျ*

လင်း ဆိုသူသည် ရှိုင်းရှင်းနဲ့ ညီအကိုလိုဖြစ်၊ သခင်အစေခံလိုဖြစ်သူ၊ ယုံကြည်အားထားရသော သစ္စာခံဆိုလည်း မမှားယွင်းပေ။

နေ့ခင်းစုဝေးချိန်ရောက်ရှိချိန်ဝယ်....

*ကိုလင်းးးရေ၊ တို့သူဌေးက ဘာအတွက်စုဝေးခိုင်းတာလဲဟင်*

*ဟုတ်တယ်နော်၊ ကိုလင်းရေ၊ အကိုမသိထားဘူးလားဗျ*

*အမ်၊ သခင်ကြီးက စုဝေးခိုင်းရုံပါ၊ ဘာအတွက်ဆိုတာလည်း ကျွန်တော် မသိထားပါဘူးဗျာ*

*အဟမ်းးးး*
ရှိုင်းရှင်း ရောက်ရှိလာကြောင်း သူသည် ချောင်းဟန့်သံပေးလိုက်လေသည်။

*သူဌေး ရောက်လာပြီလားရှင့်*

*ဟုတ်တယ်၊ သူဌေး ကျွန်တော်တို့ကို ဘာများ ပြောစရာရှိလို့လဲခင်ဗျ*

*ဟုတ်ကဲ့၊ တိတ်ဆိတ်ပေးကြပါခင်ဗျ၊
ကျွန်တော် အဖွဲ့ဝင်တွေကို အသိပေးချင်တာရှိလို့ပါ၊ အဲဒါက ကြားသိထားကြပေမယ့် တရားဝင် အသိပေးချင်လို့ပါ
ကျွန်တော်နဲ့သခင်လေးဝိန်း ရဲ့ပတ်သတ်မှုက အားလုံးထင်မြင်ကြတဲ့ ဆက်ဆံရေးဖြစ်ပါတယ်။*

*အိုးးးးဟားးးးမိုက်လိုက်တာ*

*တကယ်ကြီးပေါ့.....သိပ်ကောင်းလိုက်တာဟေ့
ဟုတ်ပဟယ်၊ မထင်ထားမိဘူး ဟီဟီ*

*ဒီတော့၊ ကျွန်တော်လို သဘာဝမကျတဲ့ချစ်ခြင်းတရားလက်ခံသူ ဦးဆောင်တဲ့ လုပ်ငန်းမှာ တာဝန်မထမ်းဆောင်ချင်ကြတော့ဘူးဆိုရင် လွတ်လပ်စွာဖြင့် နှုတ်ထွက်ခွင့်ပေးပါ့မယ်ခင်ဗျာ။*

*ဟိုးးးးးနေပါဦးရှင့်၊ သူဌေးကလည်း ဘယ်သူပြောလဲ နှုတ်ထွက်မယ်လို့ ၊ ဟေးးးသွေးသောက်မောင်နှမတို့ရေ..............
မင်းတို့ရော နှုတ်ထွက်ချင်ကြလား*

ရှေ့ဆုံးမှု ရပ်နေသူမိန်းကလေးတစ်ဦး၊ လုပ်ငန်းစုရဲ့ အကြီးတန်းအရာရှိ ဖြစ်တဲ့သူမက စုဝေးနေကြတဲ့ အဖွဲ့ဝင်တွေအား ကျယ်လောင်စွာဖြင့် မေးမြန်းလိုက်သည်။

*မထွက်ချင်ပါဘူးရှင့်၊ခင်ဗျာ့*

*ကဲ၊ကြည့်ပါဦးးးသူဌေးရယ်....သူတို့လေးတွေလည်း နားလည်ပေးတတ်သူတွေပါရှင့်*

*ဟုတ်ကဲ့ပါ၊ အားလုံးကိုလည်းးးးတကယ်တကယ်ကို ကျေးဇူးတင်ပါတယ်နော်၊ ကျွန်တော် ထင်မထားမိဘူးဗျ၊ ကျေးဇူးတင်တဲ့အနေနဲ့ အပိုဆောင်းစုငွေ ထုတ်ပေးပါ့မယ်ခင်ဗျာ၊ စေတနာသန့်သန့်နဲ့ လက်ခံပေးကြပါဗျ*

ရှိုင်းရှင်း တစ်ယောက် ဝမ်းသာမျက်ရည်ကျမိတော့သည်၊ တကယ်ကြီးကို မထင်ထားမိပါဘူး၊ ဘယ်လောက်ပဲ ဘယ်‌အရာတွေ ပြောင်းလဲနေသည်ဖြစ်စေ၊ ဤကဲ့သို့သော အဖြစ်များကိုတော့ လက်ခံနိုင်မှု မရှိကြတဲ့ ခေတ်ကာလအနေအထားပင် ဖြစ်လေသည်။

Who Hide The Truth Of Life (Own Story)Where stories live. Discover now