Part-19

43 0 0
                                    

သာယာတဲ့မနက်ခင်းလေး တဖန်ရောက်ရှိလာပါပြီ၊ ဤနေ့သည် လုပ်ငန်းကိစ္စအဝအဝကို မန်နေဂျာဖြစ်၊ လူယုံဖြစ်တဲ့ ကိုလင်းအား လွှဲပြောင်းခန့်အပ်ပွဲအတွက် ရှိုင်းရှင်းနှင့်ဂျိုးလ် တို့သည် ပြင်ဆင်နေကြသည်။

*ကိုကို၊ တကယ်ပဲ လုပ်ငန်းစုကို ကိုလင်းထံ လွှဲပေးတော့မှာလား*

*ဒါပေါ့၊ ညီညီက ဘာလို့လဲ၊ စိတ်မချလို့လား*

*အဲလိုမဟုတ်ပါဘူးကိုကိုရဲ့၊ ယုံပါတယ်၊ မလိုအပ်တဲ့ အရှုပ်တွေ ကိုလင်းနဲ့ ပတ်သတ်နေမှာစိုးလို့ပါ*

*အဲဆို၊ စိတ်မပူနဲ့တော့၊ လင်းက အရမ်းတော်ပါတယ်၊ သူနားမလည်ရင် စာနဲ့အကြောင်းကြားလို့ရတယ်လေ*

*ဟုတ်ကဲ့ပါ၊ သွားကြရအောင်ကိုကို*

ရှိုင်းလုပ်ငန်းစုဝယ်၊

လုပ်ငန်းစုရှိ အဖွဲ့ဝင်အပေါင်းသည် ဤနေ့အခမ်းအနားကို မဖြစ်မနေ တက်ရောက်ကြရပေသည်၊ အဘယ်သို့ဆိုသော်၊ ရှိုင်းလုပ်ငန်းစု နှင့် လင်းအောင်ကုမ္ပဏီ တို့၏အကြီးအကဲသစ် ခန့်အပ်ပွဲပင်ဖြစ်သည်။

လင်းအောင်ကုမ္ပဏီဆိုသည်
ရှိုင်းရှင်းလင်းအောင် ရဲ့မွေးစားမိဘများ ပိုင်ဆိုင်သည့်လုပ်ငန်းဖြစ်ပြီး၊ ထိုလင်မယားနှစ်ဦး၏ မျိုးရိုးနောက်ခံသည်လည်း ထိပ်တန်းလူကုံထံများသာ ဖြစ်ကြသည်၊ ရှိုင်းလုပ်ငန်းစုအား နလန်ပြန်‌ထူထောင်နိုင်ရန် ထောက်ပံ့ကူညီပေးသူဆိုလည်း မမှားယွင်းပေ။

*သခင်ကြီးတိူ့၊ သခင်မကြီးတို့ လာရာလမ်းအဆင်ပြေရဲ့လား*

ရှိုင်းလုပ်ငန်းစု၏ အကြီးတန်းအရာရှိက ခရီးကြိုနှုတ်ဆက်လိုက်သည်။

*အင်းးသာသာယာယာပါပဲကွယ်၊ ရောက်ပြီလား မင်းတို့သခင်ကြီးရှိုင်း*

*ဟုတ်သခင်မကြီး၊အိမ်တော်မှ ထွက်လာနေပါပြီခင်ဗျ*

*ဟင်းးးတကယ်ပါပဲနော်*

သခင်မကြီးဆိုသူသည် လင်းအောင်ကုမ္ပဏီနှင့် ရှိုင်းလုပ်ငန်းစု၏ ပဲ့ကိုင်ရှင်ပင်။

ဟော၊ ပြောဆိုနေတုန်းရှိသေး၊ သခင်ကြီးနှင့် သခင်ငယ်လေးတို့စီးလာသော မြင်းရထားလုံးကား ရှိုင်းလုပ်ငန်းစု ရင်ပြင်ရှေ့ဝယ် ရပ်တန့်လာပြီ။


*ရောက်ရှိလာပြီလား သခင်ကြီးရှိုင်းနှင့် သခင်ငယ်လေး ခင်ဗျ၊ရှင့်*

*ခရီးလမ်း သာယာရဲ့လား၊ စီအီးအိုနှင့် ဒါရိုက်တာဝိန်း ခင်ဗျ၊ရှင့်*

ရထားလုံးမှ ဆင်းလာတဲ့ ၎င်းတို့အား မြင်သည်နှင့် ဂိုဏ်းဝင်များ၊ ရုံးအဖွဲ့ဝင်များက တပြိုင်နက် ဦးညွတ်နှုတ်ဆက်ကြကုန်သည်။

၎င်းတို့အား မည်သူတွေ ကဲ့ရဲ့နေပါစေ၊ သူတို့အားလုံးသည် သစ္စာတရားဖြင့် ကာကွယ်ပေးကြသူများဖြစ်သည်။

*အဟမ်းးး၊‌နေ့လည်တောင် ရောက်တော့မယ်နော်၊ အဖွဲ့အစည်းရဲ့ ခေါင်းဆောင်တွေက နောက်ကျနေပကောလားရှင်*

သခင်မကြီးလင်းအောင်က သူမသားများအား ရွှတ်နောက်နောက်စကား ဆိုလေသည်။

*အဟဲ၊ တို့သခင်မကြီးက ချိန်းတဲ့ချိန်နောက်ကျလို့ စိတ်ဆိုးနေပကောလားဗျ*

‌*တယ်ဒီကောင်လေးတော့၊ဘယ်နှယ့်တော်ပြီ လုပ်ငန်းစကြရအောင်*

*ဟုတ်ကဲ့ပါဗျာ၊ ကဲကဲ၊ ကြီးကြပ်ရေးမန်နေဂျာရေ လူတွေအကုန်စုဝေးလိုက်တော့*

ရှိုင်းလုပ်ငန်းစုရဲ့ ပန်းခြံကြီးထဲဝယ် သက်ဆိုင်ရာ အဖွဲ့ဝင်များနှင့် ဂိုဏ်းဝင်များ တရုံးရုံးဖြင့် စုဝေးရောက်ရှိနေကြပြီ။


*ရောက်ရှိလာကြတဲ့ ဂုဏ်သရေရှိ အမျိုးသားများနှင့် အမျိုးသမီးအပေါင်းတို့၊ ကျွန်တော်တို့ ရှိုင်းလင်းအောင် အဖွဲ့အစည်းရဲ့ အကြီးအကဲသစ်ခန့်အပ်ပွဲမှ ကြိုဆိုပါတယ်ခင်ဗျာ။

အသိပေးထားတဲ့အတိုင်းပါပဲ၊ ကျွန်တော်ရှိုင်းအနေနဲ့ ယုံကြည်ရတဲ့မန်နေဂျာလင်းကို စီအီးအိုရာထူးလွှဲပြောင်းပေးအပ်ခြင်းဖြစ်ပါတယ်၊ အားလုံးသော မိတ်ဆွေများအနေနဲ့ ကျွန်တော့်ကို ယုံကြည်ပေးသလို၊ မန်နေဂျာလင်းအပေါ်ကိုလည်း ယုံကြည်ပေးစေချင်ပါတယ်၊

ကျေးဇူးတင်ပါတယ်ခင်ဗျာ။*




*ဘယ်လိုတောင်ပါလိမ့်*

*အကြောင်းရှိလို့နေမှာပေါ့*

မည်သို့ပင်ဖြစ်စေ၊ ရှိုင်းလင်းအောင် အဖွဲ့အစည်းရဲ့ အုပ်ချုပ်ရေးဝင်မပါ‌ပင်မယ့်၊ ဩဇာအာဏာရှ်ိနေသူတွေကတော့ ရှိုင်းရှင်းနဲ့ဂျေဝိန်း တို့ပင်ဖြစ်ပေတည်း။

အများသူငါ၊ဤသတင်းကြားသိရတော့ ပိုမိုအံ့ဩရပြန်သည်၊ ဝိန်းသခင်လေး မဟုတ်တော့သည်ငြား အဘယ်ကြောင့် ရှိုင်းလင်းအောင် အဖွဲ့အစည်းရဲ့ အကြီးတန်းဒါရိုက်တာ တစ်ဦးဖြစ်နေရသလဲပေါ့၊ ဂျေဝိန်းရဲ့ဘဝမပျက်သေးသည်ကို ရန်သူများရဲ့အမျက်ဒေါသသည် မီးဟုန်းဟုန်း တောက်လောင်ရလေသည်။


Who Hide The Truth Of Life (Own Story)Opowieści tętniące życiem. Odkryj je teraz