Part-46

10 0 0
                                    

(Chapter-10*အန်းစ်သခင်မလေး၏ လှည့်စားမှု)

*******************************

ထို့နောက်တွင်တော့..........
မိုးထိပ်ထားစံ၏လူယုံမန်နေဂျာလဲ့သည်လည်း မြင်းရထားလုံးတစ်စီးဖြင့် ရောက်ရှိလာလေ၏။

*သခင်မ ရောက်နေတာကြာပြီလားရှင့်

မန်နေဂျာလဲ့သည် မြင်းရထားလုံးပေါ်မှဆင်းလာရင်း မေးလိုက်ခြင်းပင်။

*မကြာသေးပါဘူး၊ ကဲ ဝင်ကြစို့လား

ထို့နောက်၊ သူမတို့သည် အန်းစ်လုပ်ငန်းစုအတွင်း ဝင်ရောက်ပြီး၊ဧည့်ခန်းဆောင်ရှိ ကောင်တာတစ်ခုတွင် ကိုယ်စားလှယ်ချုပ်မေအန်းစ်နဲ့ တွေ့ဆုံလိုကြောင်း၊ပြောကြားလေတော့ ဝန်ထမ်းအရာရှိလည်း မရှိကြောင်းပြန်လည်ဖြေကြားနေသည်။
ယင်းအချိန်ဝယ်...........
ထိုလုပ်ငန်းစုရှေ့သို့ မြင်းရထားလုံး*၃*စီးရောက်ရှိရပ်တန့်လာလေ၏၊ ထိုရထားလုံးထဲမှဆင်းထွက်လာသူသည် မေအန်းစ်ပင်ဖြစ်၏။

*အိုး.....တို့ရဲ့ ကိုယ်စားလှယ်ချုပ်အန်းစ်က အပြင်ကပြန်လာတာကိုး

*နင် ဘာလဲ၊ဘာကိစ္စ ဒီကိုလာရတာလဲ

*အဟား.....စိမ်းကားလှချည်လားမေအန်းစ်ရ၊ ပြောစရာတွေ အများကြီးရှိတာကို၊ ဒီမှာပဲ ရပ်ပြောကြမလား

*တော်တိတ်၊ လိုက်ခဲ့ ရုံးခန်းထဲကို

မေအန်းစ်နဲ့အတူ မိုးထိပ်ထားစံနှင့် မန်နေဂျာလဲ့တို့သည် ရုံးခန်းထဲဘက်ဝင်သွားကြရင်း အကြောင်းတစ်ခုပြောဆိုကုန်ကြ၏၊
လားရှိုးအိမ်တော်ဘက်ရှိ စုဝေးမှုသည် ပြီးဆုံးခဲ့လေသည်၊ လားရှိုးသခင်မသည် တော်ဝင်ကောင်စီထံသို့ ကိုယ်တိုင်ကိုယ်ကျသွားရောက်ပြီး အမှုကိစ္စများကို တိုက်ရိုက်တိုင်ကြားလိုက်လေ၏၊ ထိုအမှုကိစ္စများဆိုသည်.......
သခင်ကြီးလင်းအောင်စုံတွဲ သေဆုံးမှုနှင့် ဝိန်းတို့၏ လူမဆန်သောစမ်းသပ်မှုများကို သက်သေအထောက်အထားများနှင့်တကွ တိုင်ကြားခြင်းပင်၊ ယင်းသက်သေများမှာလည်း မေအန်းစ်ပေးခဲ့သော သက်သေများသာဖြစ်လေ၏။
သို့သော်...........ထိုသက်သေများအချို့သည် မေအန်းစ်၏ မတိမ်းမယိမ်းလုပ်ကြံထားသော သက်သေအတုများဖြစ်သည်ကို သူမမှလွဲ၍ မည်သူမျှမသိရှိကြခြင်းပင်ဖြစ်သည်။

Who Hide The Truth Of Life (Own Story)Waar verhalen tot leven komen. Ontdek het nu