(Chapter-8*နိုက်တင်ဂေးလ်အဖွဲ့ဝင်များ ပျောက်ဆုံးခြင်း)
*********************************
ဘလက်အောင်းလ်ဌာနချုပ်ရှိ စည်းဝေးခန်းဆောင်ကြီးတွင် ဂိုဏ်းထိပ်တန်းအဖွဲ့ဝင်များနှင့် မိုးထိပ်ထားစံတို့သည် ပြည်ပပို့ကုန်များ ဆုံးရှုံးမှုကြောင့် စုဝေးနေခြင်းပင်၊ သူမသည် အလွန်တရာဒေါသထွက်နေလေပြီး၊ ဤစုဝေးချိန်မှာပင် ထိပ်တန်းအဖွဲ့ဝင်*၃*ဦးသည် ခန်းမထဲဝယ်လှဲကျသေဆုံးကြလေပြီ၊ ကျန်လူများကို သတိပေးလိုက်သည့် သဘောဆောင်ခြင်းပင်ဖြစ်သည်။
မန္တလာမြို့၊ တော်ဝင်နန်းတော်တောင်ဘက် အနီးတွင်ရှိသော ရှိုင်းလင်းအောင်ကော်ပိုရေးရှင်း*Shine Linn Aung Corporation* ဌာနချုပ်တွင်လည်း အတော်အတန်ကို ပြဿနာရှုပ်ထွေးနေပြန်၏၊ ထိုရုံးဌာနချုပ်ရှိ စည်းဝေးဆောင်တွင် ပဲ့ကိုင်ရှင် သခင်ကြီးတို့လင်မယားနှင့် စီအီးအိုလင်း၊ ဒါရိုက်တာချုပ်ထန်း တို့နှင့်တကွ ထိပ်တန်းအရာရှိများသည် ကျွန်းစားပွဲရှည်ကြီးဝယ် နေရာယူထိုင် ဆွေးနွေးနေကြသည်။
*သခင်ကြီးခင်ဗျာ့၊ ကော်ပိုရေးရှင်းရှယ်ယာတွေ တစ်ရိပ်ရိပ်ထိုးကျနေတာကို ဘယ်လိုဖြေရှင်းမှာလဲ*
*နောက်ပြီးတော့၊ ဂျေဖောင်ဒေးရှင်း ရန်ပုံငွေကိစ္စကိုရော၊ ဖောင်ဒေးရှင်းကျောင်းတွေရော ဘယ်လို လုပ်မှာလဲရှင့်*
*ဒုစရိုက်သမားတွေက အခုဆို တခြားမြို့ရုံးခွဲတွေမှာပါ ဝင်ရောက်လုယက်နေကြပြီ၊ အဲဒီအတွက်ကရော ခင်ဗျာ့....*
အရာရှိအချို့က တစ်ယောက်တစ်မျိုး မေးခွန်းများစွာ ထုတ်လာကြလေ၏၊
*အဟမ်း...ကဲကဲ၊ စီအီးအိုလင်းရေ အရာရှိတွေကတော့ လက်ရှိဖြစ်နေတာကို ဘယ်လိုဖြေရှင်းမှာလဲတဲ့၊ နည်းလမ်းရှိသလား*
*ဟုတ်ကဲ့သခင်ကြီးခင်ဗျာ့....တကယ်တော့ ဒီကိစ္စတွေ စဖြစ်ကတည်းက ကော်ပိုရေးရှင်းနဲ့ ဖောင်ဒေးရှင်းရဲ့ အင်အားလျော့လာမှုကို ပြန်ဦးမော့လာအောင် ဝိန်းလုပ်ငန်းစုဘက်က ဆောင်ရွက်ပေးမယ်လို့ လာကမ်းလှမ်းခဲ့ပါတယ်ခင်ဗျ*

KAMU SEDANG MEMBACA
Who Hide The Truth Of Life (Own Story)
Fantasi(This novel is JohnKoSan*s First story.... ဂျွန်ကိုစံ ၏ကိုယ်ပိုင် စိတ်ကူးယဉ် ဝတ္ထုဇာတ်လမ်း ဖြစ်ပါသည်၊ Who Hide The Truth Of Life *ဘဝ အမှန် ဖုံးကွယ် ထားသူ*) ချစ်ခြင်းတရား...ထိုအရာအားပိုင်ဆိုင်ခွင့်ရဖို့အတွက်လူတစ်ယောက်မက တစ်ရာသတ်မှသာ ရနိုင်မယ်ဆိုလုပ်...