(Chapter-9*ရှိုင်းအိမ်တော်၏ ကြေကွဲမှု)
*********************************
ယမန်နေ့ မနက်ပိုင်းကတည်းက ဝိန်းသခင်လေးထံ အလည်သွားရန် ထွက်သွားကြသည့်
လားရှိုးမောင်နှမနှင့် အောင်သခင်လေး၊ရှင်းသခင်လေးတို့သည် ယနေ့မနက်ထိ အိမ်တော်အသီးသီးသို့ ပြန်လည်ရောက်ရှိမလာကြသည့်အတွက် မိသားစုဝင်များ စိုးရိမ်နေကြ၏၊
တစ်ဖက်အန်းအိမ်တော်တွင်လည်း မေအန်းစ်သည် ပန်းခြံထဲဝယ် နောက်ထပ်သောအကြံများ ကြံစည်တွေးတောနေလေသည်။ဘလက်အောင်းဌာနချုပ်၊ ရဲတိုက်ကြီး၏ 2ထပ်မြောက်ရှိ အိပ်ခန်းကျယ်တစ်ခန်းထဲရှိ၊ အိပ်ယာထက်ဝယ် ရှင်းသခင်လေး၏ ခန္ဓာကိုယ်တစ်ခုလုံးဝယ် ရစရာမရှိဖြစ်ချေ၏၊
သူနဲ့အတူ ညကဖြစ်ပျက်ခဲ့သော ရိုင်ရမ်သည်ကား အရေးကြီးကိစ္စပေါ်လာ၍ ကမန်းကတန်း ဦးဆုံးထသွားခဲ့ခြင်းပင်၊ ထိုအခန်းထဲဝယ် ရှင်းသန့်မောင်သည် ကြောက်စိတ်၊ ရှက်ရွံ့စိတ်များဖြင့် ငိုကြွေးနေပေသည်။*ဗွမ်း.........
မြေတိုက်အကျဉ်းခန်းထဲရှိ လားရှိုးမောင်နှမနှင့် အောင်သခင်လေးတို့အား မိန်းကလေးလဲ့သည် ရေပုံးဖြင့် ပက်လိုက်ခြင်းပင်။
*ဟင်....ရှင်း......ဘယ်မှာလဲ၊ ငါတို့ရှင်းလေး ပြောစမ်း၊ မိန်းမပျက်မရဲ့
*ဖြန်း.......ဖြန်း.......ဖြန်း.......ဟားဟား.....အောင်သခင်လေးကို ရိုက်ရတာ အတော်အားရကျေနပ်စရာပဲ၊ ဟမ့် တို့ကိုများ မင်းက ဒီလိုလေသံနဲ့ပြောရဲသလား
*ဟား.....ဟား....ဟား......မပြောရဲစရာမှမရှိတာကို မ ကောင်း တဲ့ မိန်း မ ပျက် မ ရ
အောင်သခင်လေးသည် ၎င်းရှေ့မှမိန်းကလေးအား ထိုသို့ စကားလုံးတစ်လုံးချင်းစီ ပီသအောင်ကို အရွဲ့တိုက်ပြောလိုက်လေ၏၊
*ဘာ....လာကြစမ်း၊ ဒီကောင့်ကို ရိုက်ကြစမ်း
မိန်းကလေးလဲ့၏ အမိန့်ဖြင့်အစေခံများသည် ကြိမ်ကြိုးများဖြင့် အောင်သခင်လေးအား တဖြန်းဖြန်းနဲ့ ရိုက်နှက်နေကြတော့သည်။
*တော်.....တော်ပါတော့၊တော်လိုက်ပါတော့ရှင်.......
မီမီလားရှိုးမှ မြင်ကွင်းအားမကြည့်နိုင်၍ ကယောင်ကတမ်း အော်ဟစ်နေလေ၏၊ အဘယ်ကြောင့်ဆိုသော်........
အောင်သခင်လေးအား မြေတိုက်အကျဉ်းခန်း၏ မျက်နှာကျက်တွင် လက်နှစ်ဖက်အားကြိုးဖြင့် တွဲလောင်ချည်ပြီး၊ ဂိုဏ်းဝင်အစေခံ*3*ဦးက တစ်လှည့်စီကြိုးများဖြင့် ရိုက်နှက်လေပြီး၊ ထိုဒဏ်များကြောင့်ပင် အောင်သခင်လေး၏ ခန္ဓာကိုယ်ဝယ် ရိုက်နှက်ဒဏ်အရှိုးရာများထင်ရုံမက သွေးများပေါက်ထွက်ပြီး အောက်ကြမ်းပြင်သို့ တစ်စက်စက်ဖြင့် ကျဆင်းနေသည်။

STAI LEGGENDO
Who Hide The Truth Of Life (Own Story)
Fantasy(This novel is JohnKoSan*s First story.... ဂျွန်ကိုစံ ၏ကိုယ်ပိုင် စိတ်ကူးယဉ် ဝတ္ထုဇာတ်လမ်း ဖြစ်ပါသည်၊ Who Hide The Truth Of Life *ဘဝ အမှန် ဖုံးကွယ် ထားသူ*) ချစ်ခြင်းတရား...ထိုအရာအားပိုင်ဆိုင်ခွင့်ရဖို့အတွက်လူတစ်ယောက်မက တစ်ရာသတ်မှသာ ရနိုင်မယ်ဆိုလုပ်...