(Chapter-6/ရန်သူများရဲ့ ကလဲ့စား)
⚔️⚔️⚔️⚔️⚔️⚔️⚔️⚔️⚔️⚔️⚔️⚔️
*ဘာ....မင်းဘာပြောလိုက်တယ်*
*ဟုတ်ပါတယ်သခင်မ၊ ကျွန်တော်ကြားခဲ့တာ အမှန်ပါပဲဗျ*
*မင်းပြောချင်တာက၊ ဂျိုးလ်ဂျေအာဝိန်း၊ သူကရှိုင်းလုပ်ငန်းစုရဲ့ အကြီးဆုံးရှယ်ယာရှင် ဟုတ်လားးးးး*
*ဟုတ်ပါတယ်ခင်ဗျ၊ နောက်ပြီးတော့လေ ဂျိုးလ်နဲ့အဲဒီ သခင်ရှိုင်းဆိုသူကလည်း အရင်ကတည်းက အတူတူနေလာတာတဲ့*
*ဘာာာ၊အမလေးးလေးး ငါလေ၊သူက ဘယ်ကနေဘယ်လိုမျိုးးး၊ အားးး၊ ဂျိုးလ်ဝိန်းး၊ နင်ကမွဲမသွားပါလားးဟမ်၊
ဟင်းးးးး၊ ထားပါတော့၊
သခင်ရှိုင်းဆိုသူရဲ့ အကြောင်းတွေ အတိအကျ သိချင်တယ်၊ ရအောင်ရှာခဲ့စမ်းးး**ဟုတ်သခင်မ*
*နေဦးး၊ ဝိန်းအိမ်တော်ဘက် အခြေအနေရော သေချာစုံစမ်းခဲ့*
*နားလည်ပါပြီခင်ဗျ*
မန္တလာမြို့အနောက်ဘက်ရှိ၊ ဒုဌဝတီမြစ်ကမ်းနားရှိ တောအုပ်ကြီးအစွန်ဖျားနား၊ ကြီးမားထည်ဝါတဲ့ အနက်ရောင်အိမ်ကြီးထဲဝယ်၊ နေထိုင်တဲ့ *ဘလက်စ်အောင်းစ် ခေါင်းဆောင် မိုးထိပ်ထားစံ* သည်သူမ၏ ကလဲ့စားပစ်မှတ်များရဲ့ သတင်းများကို ကြားသိပြီး အမျက်ဒေါသထွက်နေခြင်းပင်ဖြစ်သည်။
*တောက်....မင်းတို့ဒီလောက်တောင် သေချာမလုပ်တတ်ကြဘူးလားးးဟမ်၊ ပြောကြစမ်း*
*တောင်းပန်ပါတယ်၊ သခင်မလေးခင်ဗျ*
*တော်ပြီ၊ နန်းရေ*
*ဟုတ်ကဲ့သခင်မလေးရှင့်*
*မင်းအနေနဲ့ ရှိုင်းရှင်းလင်းအောင် ကိုဂျိုးလ်အပေါ် စိတ်ပျက်သွားအောင် ကြည့်လုပ်လိုက်၊ အဆင်ပြေလား*
*ဟုတ်ကဲ့၊ နန်းကိုယ်တိုင် ဦးစီးဆောင်ရွက်လိုက်ပါ့မယ် သခင်မလေး*
*ကောင်းတယ်၊သိပ်ကောင်းး၊ ဂျိုးလ်ဂျေအာဝိန်း၊ နင်အနေနဲ့ ငါဆိုတဲ့
မေအန်းစ်ကိုပဲ တမ်းတမ်းစွဲဖြစ်ရမယ်၊ ဟားးးဟားးးး*ဤအခြင်းအရာသည် အန်းစ်အိမ်တော်၏ အနောက်ဘက်ပန်းခြံထဲဝယ် သူမ၏ လူယုံများအား ကိစ္စတစ်ခုဆောင်ရွက်ဖို့ အမိန့်ပေးနေခြင်းဖြစ်သည်။
*ကိုကိုရေ.....*
*.......*
*ကိုကိုလို့....*
*.........*
*ကိုကို......*
*ဟမ်၊ ဘာလဲညီရဲ့*
*ဟွန့်၊ဘာ......ဘာလဲ*
*အိုးးးကိုကိုက အလုပ်ကိစ္စ အာရုံရောက်နေလို့ပါဗျ*
*တော်ပြီ*
*ဟောဗျာ၊ ချစ်လေး၊သဲလေး၊ငယ်လေး ကိုကို့ကို စိတ်ဆိုးနေတာလားဟင်*
*မှန်မှန်ပြော၊ အဲအလုပ်နဲ့ ငယ့်ကို ဘယ်သူ့ရွေးမလဲ*
*ဟားးးကြံကြံဖန်ဖန်ကွာ၊ ကိုကို့ငယ်လေးက အလုပ်နဲ့တောင် သဝန်တိုနေပါလား*
*ဟုတ်တယ်လေ၊ ပြောတော့ ဒီရက်ပိုင်း ငယ့်အတွက်အချိန်ပိုပေးမယ်ဆိုဟွန်းးး*
*ဟုတ်ပါပြီဗျ၊ ကိုကို့ရဲ့ သခင်လေးအမိန့်တော်အတိုင်းပေါ့ဗျာ*
*ဟီးးးဟီးးး*
*ဟောရယ်နေပါလား၊ စိတ်ဆိုးပြေပြီလားဗျ*
*ငယ်က ကိုကို့ကို သိပ်ချစ်လို့ စိတ်မဆိုးရက်ပါဘူးဗျာ*
*ဟားးးကိုကို့ကို သိပ်ခြွေနေပါလားဟမ်*
ရှိုင်းအိမ်တော်မှာတော့ ပြင်ပရဲ့အခက်အခဲ၊ ဘေးဒုက္ခများကို ခေတ္တမေ့ထားပြီး ချစ်ရသူနှစ်ဦး သာယာလှတဲ့ နေ့သစ်လေးတစ်နေ့ ဖန်တီးပျော်ရွှင်နေကြသည်။

CZYTASZ
Who Hide The Truth Of Life (Own Story)
Fantasy(This novel is JohnKoSan*s First story.... ဂျွန်ကိုစံ ၏ကိုယ်ပိုင် စိတ်ကူးယဉ် ဝတ္ထုဇာတ်လမ်း ဖြစ်ပါသည်၊ Who Hide The Truth Of Life *ဘဝ အမှန် ဖုံးကွယ် ထားသူ*) ချစ်ခြင်းတရား...ထိုအရာအားပိုင်ဆိုင်ခွင့်ရဖို့အတွက်လူတစ်ယောက်မက တစ်ရာသတ်မှသာ ရနိုင်မယ်ဆိုလုပ်...