အခန်း-၁/Ancient Rich Family
(အခန်းတစ်ခန်းကိုအပိုင်းရှည်နေလို့ ခွဲတင်ထားခြင်းဖြစ်ပါသည်။)
💖💖💖💖💖💖💖💖💖💖ပူပြင်းလှတဲ့နွေရာသီရဲ့ တစ်နေ့သောညနေခင်းချိန်၊ ဂျိုးလ်ဂျူနီယာဝိန်းသည် ညပါတီသွားရန်ပြင်ဆင်လေတော့သည်။ ပြင်ဆင်ဖြီးလိမ်းပြီးနောက် အိမ်ပေါ်မှဆင်းလာပြီး ဧည့်ခန်းဆောင်ဘက် ဝင်သွားတော့သည်၊ ၎င်းကိုမြင်တွေ့သူတိုင်း အံ့သြသောအမူအရာများဖြင့် ဝိုင်းကြည့်ကြသည်။
"အဟမ်း!မျက်လုံးတွေ ကျွတ်ထွက်ကုန်ပါဦးမယ်ဗျ" စနောက်နောက်အမူအယာ ဖြင့်ဆိုသည်။"အိုး!သခင်လေး ဒီချိန်ကြီးဘယ်များ သွားမလို့လဲ၊ အရမ်းကိုတောက်ပနေတာပဲရှင်"
အိမ်တော်ထိန်းက ပြန်စလိုက်သည်။"ဟုတ်ပ! သားလာလေ လက်ဖက်ရည်ပွဲ သုံးဆောင်ရအောင်"
"အမ်း...သားအပြင်သွားမလို့အမေ"
"အပြင်ဘယ်များလဲ၊ နောက်ကျမနေဘူးလားသားရဲ့"
"မဟုတ်ဘူးသူငယ်ချင်းတွေနဲ့ တွေ့ဖို့ချိန်းထားလို့ပါ"
"အော်အေးအေး...သိပ်နောက်ကျထိမနေနဲ့နော်"
"ဟုတ်ကဲ့ခင်ဗျ"
သူသည်ပြောပြောဆိုဆိုနဲ့ အပြင်သို့ထွက်သွားလေသည်။ ဂျိုးလ်တစ်ယောက်ကို ဝိန်းအိမ်တော်နဲ့တစ်ပျအကွာတွင် ရထားလုံးတစ်စီး စောင့်နေသည်။
ရထားလုံးထဲဝင်လိုက် ပြီးလျှင် အထဲမှလူတစ်ယောက်က သူ့ကို တင်းကြပ်စွာ ပွေ့ဖက်လိုက်သည်။
"အိုး!ညီညီရယ်...ရောက်မှလာပါ့မလားလို့"
"ဝိုး!ကိုကိုကလည်း အဖြစ်သည်းလိုက်တာဗျာ"
"မသည်းပဲနေမလား...ညီညီ့ကို မတွေ့ရတာ ဘယ်နှရက်ရှိပြီလဲ"
"ဟုတ်ပါပြီ...ကဲကဲရထားမောင်းရေသွားကြရအောင်ခင်ဗျ"
ရှိုင်းရှင်းလင်းအောင် နဲ့ ဂျိုးလ်ဂျူနီယာဝိန်း တို့သည်လမ်းတစ်လျှောက် အလွမ်းဇာတ်ခင်းနေတော့သည်။
အထက်တန်းလွှာရပ်ကွက်တစ်ခုမှ ၎င်းတို့မြင်းရထားလုံးသည် ဖြေးညင်းစွာဖြင့် ထွက်ခွာလေသည်။ နာရီပိုင်းကြာတွင်တော့
![](https://img.wattpad.com/cover/342716324-288-k834287.jpg)
STAI LEGGENDO
Who Hide The Truth Of Life (Own Story)
Fantasy(This novel is JohnKoSan*s First story.... ဂျွန်ကိုစံ ၏ကိုယ်ပိုင် စိတ်ကူးယဉ် ဝတ္ထုဇာတ်လမ်း ဖြစ်ပါသည်၊ Who Hide The Truth Of Life *ဘဝ အမှန် ဖုံးကွယ် ထားသူ*) ချစ်ခြင်းတရား...ထိုအရာအားပိုင်ဆိုင်ခွင့်ရဖို့အတွက်လူတစ်ယောက်မက တစ်ရာသတ်မှသာ ရနိုင်မယ်ဆိုလုပ်...