Part-28(Wayne House Raid)

30 0 0
                                    

Chapter-7/ဝိန်းအိမ်တော်စီးနင်းခံရခြင်း)

***************************

၂ နှစ်ကြာပြီးနောက်....

ဂျေဝိန်းနှင့်ရှိုင်းရှင်း တို့သည်လွန်ခဲ့သော နှစ်အတွင်းက သဘော်ဆိပ်ကမ်းတွင် ရရှိခဲ့တဲ့ထိခိုက်မှုများကြောင့် လပေါင်းများစွာ‌ထိ သတိမေ့မြောနေခဲ့ကြသည်။

ထိုအချိန်မှစပြီး ယခုထက်ထိ ၎င်းတို့အားလုံးသည် မန္တလာမြို့၊အရှေ့ဘက်တောင်တန်း၊အနီးရှိ ရှိုင်းအိမ်တော်ကြီးမှာ ပုန်းကွယ်နေထိုင်ကြ‌သည်၊ ရှိုင်းသည်လည်း သူ၏ညီမဖြစ်သူ သတင်းစုံစမ်းရာမှ အန်းစ်သခင်မလေး ရဲ့ဘက်တော်သားအချို့က ဖမ်းဆီးခေါ်ဆောင်လာခဲ့တယ်ဆိုသည့် သတင်းကြောင့် စိုးထိတ်နေရ၏။

အထက်တန်းလွှာကောင်စီရဲ့ အပြောင်းအလဲကာလအတွင်း လူပေါင်းဆယ်ဂဏန်းမျှ သေကြေပျက်ဆီးခဲ့ကြသည်၊ အနိုင်ရသူ မည်သူဆိုတာ အထူးပြောစရာမလိုပေ၊ Black Owl သည်လည်း မူလထက် အရှိန်အဝါပြင်းထန်လာ၏၊ အဘယ်ကြောင့်ဆိုသော်၊ကောင်စီတိုက်ပွဲအတွင်း ၎င်းတို့သည် ဝိန်းအိမ်တော်ဘက်မှ ပူးပေါင်းတိုက်ခိုက်ပေးသောကြောင့် ဖြစ်ခဲ့လေသည်။

အန်းစ်အိမ်တော်၏ အကျိုးစီးပွားသည်ကား ယခင်ထက် အင်အားယုတ်လျော့လာပြီး၊ ထိပ်တန်းလူချမ်းသာစာရင်းတွင်လည်း နှစ်များစွာနဲ့မတူ တစ်လတစ်နှစ်အတွင်း ရှေ့နောက်ပြောင်းလဲနေသည်၊ အုပ်ချုပ်ရေးကောင်စီနဲ့ ပညာရေးကော်မတီ အပါအဝင် တော်ဝင်အသင်းအဖွဲ့များရဲ့ ငွေကြေးလိုအပ်မှုများကို ဝိန်းအိမ်တော်မှ ထောက်ပံ့ထားတဲ့အတွက် လုပ်ပိုင်ခွင့်၊ စီရင်ခွင့်အာဏာများသည် အလိုအလျောက် ထိုမိသားစုထံ ရောက်ရှိသွားကုန်သည်။

ရှိုင်းလုပ်ငန်းစုသည်လည်း လများစွာ ပျောက်ဆုံးနေတဲ့ သခင်တို့အား ရှာမတွေ့လေတော့၊ လုပ်ငန်းတွင်းနှင့် မိတ်ဖက်များကြားရှိ အတိုက်အခံဒါရိုက်တာတစ်ချို့က အရေးပေါ် စည်းဝေးမှုခေါ်ယူရန် တီးတိုးသတင်း ပေါ်ထွက်လာ၏၊ ထိုထက်ဆိုးသည်ကား............

ပျောက်ဆုံးနေသော ရှိုင်းသခင်မလေး သတင်းကြောင့် ရှေ့မတိုး နောက်မဆုတ်သာ ဖြစ်ရတဲ့ ပြဿနာများ ပေါ်ထွက်လာပြန်လေပြီ၊ ဂျိုးလ်ဂျေအာဝိန်း ရဲ့ညီတော် ဂျွန်အယ်ဝိန်း သည်လည်း အနုသုခုမသဘင်‌၊ဂန္တဝင်အဆိုရှင်နဲ့ သံသယဖြစ်ဖွယ် ပတ်သတ်မှု ရှိနေသည့်သတင်းမှာလည်း လူပြိန်းကြိုက် ထိတ်ထိတ်ကြဲ သတင်းကြီးပင် ဖြစ်လာပြန်သည်။

Who Hide The Truth Of Life (Own Story)Donde viven las historias. Descúbrelo ahora