Part-44

16 0 0
                                    

(Chapter-9*ရှိုင်းအိမ်တော်၏ကြေကွဲမှု)

*******************************

ထိပ်တန်းစာရင်းဝင် လင်းအောင်စုံတွဲတို့၏ ဈာပနပွဲသွားရောက်ရန်အတွက် မြို့တော်မြောက်ဘက်ရှိ လားရှိူးမိသားစုသည်လည်း ထွက်ခွာလာကြ၏၊ အတော်လေးကို စိတ်မကောင်းစရာသတင်းကြီးပေါ့၊ စီးပွားပြိုင်ဆိုင်မှုကြောင့်ဆိုရအောင်လည်း ပြိုင်ဘက်အပေါ်ကိုတော့ အသက်အန္တရာယ်ထိ မပြုနိုင်ကြပေ၊ ထိုသို့လည်း ဖြစ်လို့မရပေ။


လွန်ခဲ့သောနှစ်*၂၀*ကျော်အတွင်းက အထက်တန်းလွှာများသာမက လူလတ်တန်းစားတို့၏ စီးပွားရေးဆိုင်ရာ သဘောတူညီမှုစာချုပ်ကို ချုပ်ဆိုခဲ့ကြ၏၊ ထိုစာချုပ်ဖြစ်တည်လာရခြင်းသည်လည်း သခင်ကြီးလင်းအောင်တို့၏ ဦးဆောင်ဖြေရှင်းပေးမှုကြောင့်ပင်၊ ဤစာချုပ်သာမက ကောင်စီများ၏ စည်းမျဉ်းအများစုကိုလည်း ၎င်းတို့ကသာ ဦးဆောင်ရေးဆွဲ့ခြင်းဖြစ်သည်။


ထိုသို့သော တရားမျှတ၊ညီညွတ်စွာ ဦးဆောင်ခဲ့သော ထိုပုဂ္ဂိုလ်များသေဆုံးသွားရခြင်းကို ယူကျုံးမရဖြစ်ရချေ၏၊ ၎င်းတို့သေဆုံးသွားရခြင်းသည်ကား လက်ရှိပြဿနာများအပေါ်ကို ထပ်မံဆိုးကျိုးသက်ရောက်လာနိုင်၏။


*အိုး......ဒါရိုက်တာချုပ်ထန်းရယ်၊ တကယ်ကိုပဲ စိတ်မကောင်းလိုက်တာရှင်

*ထပ်တူပါပဲဗျာ့.....သခင်မလားရှိုး၊ လာရောက်ပေးတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်ခင်ဗျာ့

*အိုပြောစရာမလိုပါဘူးထန်းရယ်....၊သခင်ကြီးတို့လို စိတ်သဘောထားပြည့်ဝသူတွေကို ဆုံးရှုံးရတာ နှမြောလိုက်တာရှင်

*ဟုတ်တာပေါ့ဗျ၊ ဖေဖေတို့ကလေ ကျွန်တော်နဲ့အစ်ကိုလင်းအပေါ် သားတွေအဖြစ်အသိအမှတ်ပြုပေးကြတယ်လေ....ကျွန်တော်....ကျွန်တော်....အိုးးးသခင်မလားရှိုးရယ်၊ အရမ်းစိတ်ထိခိုက်တာပဲဗျာ....

*ဟုတ်တာပေါ့ရှင်....အားမနာပါနဲ့သားထန်းရယ်...ငိုချင်ရင် ငိုလိုက်ပါ၊ ဘာမှမဖြစ်ပါဘူး


လားရှိုးသခင်မနဲ့ဒါရိုက်တာချုပ်ထန်း တို့သည် သခင်ကြီးတို့ရုပ်အလောင်း ပြင်ထားရာပန်းခြံထဲဝယ် နှုတ်ဆက်ကြရင်း၊ ဝမ်းနည်းကြေကွဲမှုကို မျှဝေခံစားနေကြ၏၊ များမကြာမီအချိန်တွင်တော့...........

Who Hide The Truth Of Life (Own Story)Dove le storie prendono vita. Scoprilo ora