Part-2

163 4 0
                                    

အခန်း-၁(Ancient Rich Family)၏ အပိုင်းအဆက်ပင်။
💖💖💖💖💖💖

​နောက်တစ်​နေ့ မနက်ခင်းချိန်​ရောက်ရှိလာပြန်ပြီ။ ဒီမနက်သည် ခါတိုင်းအချိန်မျိုး​တွေနဲ့ မတူညီ​တော့​ပေ။ဤတိုင်းပြည်နှင့် အထက်တန်းလွှာ​လောက အတွက် တုန်လှုပ်အံ့သြ​​စေ​သော သတင်းတစ်ပုဒ်​ကြောင့်ပင် ဖြစ်သည်။

The Mandalar Time သတင်း​စောင်ပါအ​ကြောင်းပင်။

"The Mandalar Time
1906.03.14

Wayne Group ၏အ​မွေခံ သားကြီးဂျိုးလ်ဝိန်းရဲ့ မူမမှန်မှူ

လွန်ခဲ့​သောတစ်နှစ်​ကျော်ခန့်က ကျွန်ုပ်တို့သတင်းတိုက်သို့ လူတစ်ဦးက၎င်း၏အမည်မဖော်ပြပဲဓါတ်ပုံများနှင့် သတင်းစကားတစ်ခု ​ပြောပြသွားခဲ့ပါတယ်။ထိုသူ​ပြောပြချက်ကို ကျွန်ုပ်တို့ဘက်က အယုံကြည်မရှိဖြစ်​နေပါတယ်၊ ဒါနဲ့၎င်းကသတင်းရဲ့အဓိက ဇာတ်​ကောင်၏သွားလာလှုပ်ရှားမှုတိုင်း ကို​စောင့်ကြည့်​နေတဲ့အုပ်စုနှင့် သက်​သေခံများကို​ပြောပြသွားခဲ့ ပါတယ်။

ထားပါ​တော့...ဒီသတင်း ဟာတိကျခိုင်လုံ​နေလို့ပါပဲ။
သတင်းအ​သေးစိတ်ကို စာမျက်နှာ (၈)တွင်ဆက်လက်ရှုစားပါရန်။"

ဤသတင်းကို လူတိုင်းဖတ်ပြီး​နေကြပြီး အံ့သြမဆုံးဖြစ်​လေသည်။ဝိန်းအိမ်​တော်ဧည့်ခန်း​ဆောင်တွင်​တော့ မိသားစုဝင်များ စု​ဝေး​ပြောဆို​နေကြသည်။ ​

သောမတ်သည် သားဖြစ်သူကို စာနယ်ဇင်းရှင်းလင်းရန်နှင့် အဂ်လန်သို့​ခဏတာခေတ္တ ပို့ထားရန် ဆုံးဖြတ်ထား​လေသည်။ ​နေ့ခင်းပိုင်းလည်း ​ရောက်လာပြီ။
အထက်တန်းစားများနဲ့ စာနယ်ဇင်းများကို

Wayne Group ရှိဗဟိုခန်းမ​ဆောင်တွင် ရှင်းလင်း​ကြေညာမှု ပြုလုပ်မည် ဖြစ်​ကြောင်း ​သတင်း​ပေးဖိတ်လိုက်သည်။ အချိန်လည်းနီးလာပြီ။ခန်းမထဲတွင် ဧည့်သည်များ​ရောက်ရှိကုန်ကြသည်။

"ဂျိုးလ်ဝိန်းရဲ့ ရှင်းလင်းမှုတဲ့လား ဘာ​တွေများ​​ကြေညာမလို့ပါလိမ့်။"

"ဟို..ဟိုသတင်းများလားမသိ"

"​အော်!အရင်ဆုံး နား​ထောင် ကြည့်ရ​အောင်လား"

"​ဟော!လာပြီတိတ်တိတ်​နေကြ​တော့"

ပွဲလာလူများ တစ်​ယောက်တစ်မျိုး ထင်​ကြေး​ပေး​နေကြ​တော့သည်။

"မအားလပ်တဲ့ကြားက ​ရောက်ရှိလာကြတဲ့အတွက် ​ကျေးဇူးတင်ပါတယ်ခင်ဗျ၊ ဒီ​နေ့အတွင်း ထွက်လာတဲ့သတင်း​ကြောင့်အခုလိုပွဲမျိုး လုပ်ရတာပါ။ အရင်ဆုံး...ကျွန်​တော်ချစ်ရပါ​သောဝိန်းမိသားစုဝင်များနဲ့ မိတ်​ဆွေများကို ​ကျေးဇူးတင်သလို အားနာမိပါတယ်ခင်ဗျ၊ဟုတ်ကဲ့ပါ အများထင်ကျတဲ့ပုဂ္ဂိုလ်တစ်ဦး ဖြစ်​ကြောင်းဝန်ခံအသိ​ပေးလိုက်ပါတယ်။နှုတ်ဆက်ခဲ့ပါတယ်ခင်ဗျ။"

ဂျိုးလ်၏​ဖြေကြားချက်ကို ကြားရသူအဖို့ ယုံကြည်ဖွယ်ရာမရှိ ဖြစ်​နေကြသည်။ သူသည်လည်း ထို​နေရာမှ ထွက်​ပြေးတိမ်း​ရှောင်သွားသည်။ ​

သောမတ်တစ်​ယောက် စင်မြင့်​​နောက်မှ ထိုစကားကို ကြားပြီးတုန်လှုပ်​လေသည်။

"ဘာ!ငါ...ငါပဲနားကြား လွဲသလား၊ လာကြစမ်း...အ​စောင့်​တွေ ဂျိုးလ်​နောက်လိုက်စမ်း၊ ပြီးရင် အိမ်​တော်ကို​ခေါ်သွားကြ သွားကြစမ်း...."

ပြာပြာသလဲ အ​စောင့်​တွေကိုအမိန့်​ပေးပြီး၊ ခန်းမစင်မြင့်ထက်သို့ တက်သွား​တော့သည်။

"စီအီးအိုဝိန်း၊ အဲဒါအမှန်လား ​ပြောပြပါ​ဦး၊ ​ဖြေရှင်းချက်​ပေးပါလားခင်ဗျ၊ရှင့်။"

ခန်းမရှိသတင်းသမားများနှင့် အထက်တန်းစားများက တစ်​ယောက်တစ်မျိုး ​မေးခွန်းထုတ်​နေကြသည်။

"​ကျေးဇူးပြု၍ တိတ်ဆိတ်​ပေးကြပါခင်ဗျ......။
အင်း၊ကြည့်ရတာ ဂျိုးလ်တစ်​ယောက်​နေမ​ကောင်းလို့ ထင်ပါတယ်၊အခုသူ​ပြောသွားတာ​တွေကိုစိတ်ထဲမထားကြပါနဲ့၊ဒီ​တော့ ဂျိုးလ်နဲ့ပတ်သတ်တဲ့ ​ကောလဟလ​တွေက မှန်ကန်မှု မရှိပါဘူးလို့ ​ပြောကြားရင်း ဒီ​​​​နေ့ရဲ့ ရှင်းလင်းပွဲကို ရပ်နားပါရ​စေခင်ဗျာ၊ ​ကျေးဇူးတင်ပါတယ်။"

ကြွ​ရောက်လာတဲ့ ပုဂ္ဂိုလ်များလည်း ဇ​ဝေဇဝါနဲ့ပဲပြန်သွားကြ​လေသည်။ အချိန်ကလည်း ည​နေ​စောင်းဘက် ​ရောက်ရှိလာ​လေပြီ။ ဒီတစ်​နေ့တာအတွင်း မျိုးစုံ​သောကိစ္စ​တွေဖြစ်ပျက်သွားပြန်​လေသည်။

Who Hide The Truth Of Life (Own Story)Donde viven las historias. Descúbrelo ahora