1771---------1780

535 7 0
                                    

အခန်း(၁၇၇၁) ခင်ဗျားတို့အားလုံးကို ခေါ်သွားပေးမယ်

ဤပစ္စည်းမှာ ရဲရဲနီသော အနီရောင်ရှိပြီး သစ်သီးတစ်လုံးနှင့် တူနေသည်။ သို့သော် ၎င်းက သာမန်သစ်သီး မဟုတ်ကြောင်း ကျိန်းသေပေသည်။ ဤသစ်သီးမှာ မီးလျှံများဖြင့် တောက်လောင်နေရုံသာ မကဘဲ၊ ၎င်းက မျက်မှောက်ရှိနေသူများထံ အကြိမ်ကြိမ် ရိုက်ခတ်နေသည့် ထူးခြားသော စွမ်းအင်တစ်မျိုးကိုလည်း ထုတ်လွှတ်နေလျက် ရှိသည်။

ဤသည်မှာ ကျင့်ကြံမှု အရင်းအမြစ်တစ်မျိုး ဖြစ်ကြောင်း ချူဖုန်း ပြောနိုင်ပေသည်။ သို့သော် ၎င်းက ရိုးရှင်းသော ကျင့်ကြံမှု အရင်းအမြစ်တစ်ခု မဟုတ်ပါချေ။ ထိုအစား ၎င်းမှာ ရန့်မျိုးနွယ်စု၏ လူများအတွက် သီးသန့် ပြုလုပ်ထားသည့် ထူးခြားသော ကျင့်ကြံမှု အရင်းအမြစ်တစ်ခု ဖြစ်သည်။

''ညီနောင်ရန့်ရှဲ၊ တရားဝင် မစခင်လို့ ခင်ဗျားပြောခဲ့တာ နောက်ဆုံးလူနှစ်ဆယ်နဲ့ ကုံ့ဧကရာဇ်ရဲ့ ဆက်ခံသူတို့ကြားက ပြိုင်ပွဲကို ဆိုလိုတာလား''
မုန်လာဥကြီးက မေးလိုက်သည်။

''အမှန်ပါပဲ''
ရန့်ရှဲက ခေါင်းညိတ်လိုက်၏။

''ဒါပေမဲ့ အဲဒါက နောက်ဆုံးပွဲစဉ် ဖြစ်ခဲ့ရင်တောင် ကျုပ်တို့တွေ အခုအချိန်က စတွက်ရင်လည်း အချိန်သိပ်ရှိမှာ မဟုတ်ဘူး … ခင်ဗျားက အဲဒီပစ္စည်းနဲ့ပဲ တကယ် အဆင့်တက်နိုင်မှာလား''
မုန်လာဥကြီးက အံ့အားသင့်သော အမူအရာဖြင့် မေးလိုက်သည်။ မုန်လာဥလေးကလည်း အလားတူ အမူအရာမျိုးကို လှစ်ဟလာသည်။ ပန်းငရုတ်၏ မျက်လုံးများပင် အနည်းငယ် လှုပ်ခတ်နေကြသည်။ သူမလည်း မယုံကြည်နိုင်သော အမူအရာတစ်ခုကို ပြသနေလျက် ရှိသည်။

ချူဖုန်း ပိုင်ဆိုင်ထားသည့် တုံ့ပြန်နိုင်မှုကို သူတို့ ပိုင်ဆိုင်မထားကြပေ။ ထို့ကြောင့် ရန့်ရှဲလက်တွင်းရှိ ရဲရဲနီသော သစ်သီး အလွန် စွမ်းအားကောင်းသည်ကို သူတို့ ပြောနိုင်သော်လည်း ၎င်းတွင် ကိန်းအောင်းနေသည့် ထူးခြားသော စွမ်းအင်ကို သူတို့ အာရုံခံနိုင်ခြင်း မရှိကြချေ။

ထို့ပြင် သူတို့ကဲ့သို့သော လူများအတွက် အဆင့်တက်ခြင်းမှာ ပြီးမြောက်ရန် အလွန့်အလွန် ခက်ခဲသော ကိစ္စတစ်ခု ဖြစ်သည်။ သူတို့၏ စွမ်းအင်ဗဟိုချက်များတွင် လုံလောက်သော သိုင်းစွမ်းအားကို စုစည်းထားရမည့်အပြင် ကောင်းကင်နှင့်မြေပြင်တို့နှင့် ဆက်သွယ်ရန် သူတို့၏ ခံစားမှုများနှင့် အတွေးအခေါ်များကိုလည်း အသုံးပြုကြရပေမည်။ သူတို့၏ ဘိုးဘေးများ၏ သိရှိနားလည်မှုနှင့် သူတို့၏ ထူးခြားသော နားလည်နိုင်စွမ်းတို့ ပေါင်းစပ်မှုဖြင့် သူတို့ကို အဆင့်တက်စေမည့် အလှည့်အပြောင်းကို နားလည်ရန် ကြိုးစားကြရပေလိမ့်မည်။ သူတို့က လုံးလုံးလျားလျား အသစ်ဖြစ်သော စွမ်းအားတစ်မျိုးကို နားလည်ခြင်းဖြင့်သာ အဆင့်တက်ရန် ကြိုးစားနိုင်ကြပေသည်။

သိုင်းနတ်ဘုရားအသူရာ(ချူဖုန်း) အတွဲ(၂)သိုင်းနတ်ဘုရားအသူရာ(ချူဖုန်း) အတွဲ(၂)Where stories live. Discover now