အခန်း(၁၇၉၁) နတ်စွမ်းအားနှစ်ခု
''ချူဖုန်း၊ နင် ပြေးမလွတ်ဘူး''
ထိုခဏ၌ ပိုင်လိရှင်းဟယ်နည်းတူ လန်ယွဲ့မှာ ချူဖုန်း ထွက်ပြေးရန် ကြိုးစားနေသည်ဟု တွေးထင်မိခဲ့သည်။ သူမက လက်တွင်းရှိ တုတ်ကို အလျင်အမြန် လှုပ်ရှားလိုက်ပြီး ချူဖုန်းနောက်မှ ပြေးလိုက်လာသည်။''ဟားဟား … မဆိုးဘူးပဲ''
သို့သော် အဝေးတွင် ရပ်နေစဉ် ချူဖုန်းက ရှောင်တိမ်းရန် မရည်ရွယ်ခဲ့ပါချေ။ ထိုအစား သူက လန်ယွဲ့၏ ခန္ဓာကိုယ်ထံ စိုက်ကြည့်နေပြီး လှိုက်လှိုက်လှဲလှဲ ရယ်မောနေခဲ့သည်။ ထို့ပြင် ချူဖုန်း၏ အကြည့်မှာ အလွန်တရာ ထူးဆန်းပြီး ယုတ်မာပေသည်။ဤအခြေအနေက လန်ယွဲ့ကို အလွန် မသက်မသာ ခံစားမိစေခဲ့သည်။ သူမက မရည်ရွယ်ဘဲ သူမကိုယ်သူမ ငုံ့ကြည့်လိုက်မိသည်။
''အား …''
သူမ၏ ခန္ဓာကိုယ်ကို မြင်တွေ့မိသည်နှင့် လန်ယွဲ့ ချက်ချင်း အထိတ်တလန့် အော်ဟစ်လိုက်သည်။ ထို့နောက် ထိတ်လန့်မှုက သူမ၏ မျက်နှာကို ဖုံးလွှမ်းသွားခဲ့သည်။ လက်ရှိတွင် သူမက အလုံးစုံ ဝတ်လစ်စားလစ် ဖြစ်နေသည်ကို သူမ မမျှော်လင့်ဘဲ တွေ့ရှိလိုက်ရသည်။ သူမ ဝတ်ဆင်ထားသည့် အဝတ်အစားအားလုံး မရှိတော့ပါချေ။ ထိုသို့ဖြင့်ပင် သူမက သူမ၏ အရာအားလုံးကို ချူဖုန်းထံ ပြသနေခဲ့သည်။အခြေအနေ ဆိုးရွားနေသည်ကို တွေ့ရှိရပြီးနောက် လန်ယွဲ့က သူမ၏ ကမ္ဘာ့စိတ်ဝိညာဉ် စွမ်းအားကို ချက်ချင်း အသုံးပြု၍ သူမ၏ ခန္ဓာကိုယ်ကို ဖုံးကွယ်ရန် အဝတ်အစားများ ဖန်တီးလိုက်သည်။
ထို့နောက် သူမက မသိစိတ်စေ့ဆော်မှုဖြင့် ချူဖုန်းနှင့် ပိုင်လိရှင်းဟယ်တို့အပေါ် အကြည့်ရွှေ့လိုက်မိသည်။ ပိုင်လိရှင်းဟယ်၏ အကြည့်က သူမ၏ ခန္ဓာကိုယ်အပေါ် စူးစိုက်နေဆဲပင်။ မှန်ပေသည်။ သူ့အကြည့်က သူမ၏ ခန္ဓာကိုယ်ပေါ်တွင် ရှိနေပြီး သူမ၏ မျက်နှာတွင် မဟုတ်ပါချေ။ ထို့ပြင် သူ့အကြည့် ရှိနေသည်မှာ အလွန် ရှက်ဖွယ်ကောင်းသော နေရာတွင် ဖြစ်၏။
သူမ အမြင်ခံခဲ့ရသည်။ သူမတွင် ရှိနေသမျှ အမြင်ခံခဲ့ရသည်။ သူမကိုယ်သူမ ဖုံးကွယ်လိုက်သည့်တိုင် ၎င်းက နောက်ကျလွန်းသွားခဲ့ပြီး ဖြစ်သည်။ အရာအားလုံး အမြင်ခံခဲ့ရပြီးချေပြီ။

YOU ARE READING
သိုင်းနတ်ဘုရားအသူရာ(ချူဖုန်း) အတွဲ(၂)သိုင္းနတ္ဘုရားအသူရာ(ခ်ဴဖုန္း) အတြဲ(၂)
AventureUni & Zawgyi အပိုင်း ၁၇၇၁ မှ ၂၀၄၀....