အခန်း(၁၉၄၁) ချိပ်တံဆိပ်ကို ပယ်ဖျက်ခြင်းလော
''အိုက်ယား … ဒီမင်းသမီးမှာ အသက်တွေ အများကြီး ရှိတယ် … ဒါကြောင့် အဲဒါကို သိပ်စိတ်ပူမနေနဲ့''
ရှန်းမြောင်မြောင်က အရေးမစိုက်ဟန်ဖြင့် ပြောလိုက်သည်။သို့သော် ချူဖုန်း၏ နှလုံးသားတွင် ပြောမပြနိုင်သော ခံစားချက်တစ်ခုကို ခံစားနေရသည်။
အကယ်၍ ရှန်းမြောင်မြောင်တွင် အသက်ကိုးသက် မရှိဘဲ တစ်သက်တည်းသာ ရှိခဲ့လျှင် ယခု သူမ သေဆုံးနေပြီ ဖြစ်ပေလိမ့်မည်။
ရှန်းမြောင်မြောင်တွင် အသက်ကိုးသက် ပိုင်ဆိုင်ထားရုံဖြင့် မည်သည့်ကိစ္စမျှ မဖြစ်ပျက်ခဲ့သကဲ့သို့ ချူဖုန်း ဟန်ဆောင်မနေနိုင်ပါချေ။ အကြောင်းမူ သူမက နှစ်ကြိမ် သေဆုံးခဲ့ပြီး ဖြစ်သောကြောင့်ပင်။
ပထမအကြိမ်တွင် သူမက သူမကိုယ်သူမ သတ်သေခဲ့သည်။ သူမက သူ့အတွက် သတ်သေခဲ့ခြင်း ဖြစ်သည်။
ဒုတိယအကြိမ်တွင် သူမ အသတ်ခံခဲ့ရသည်။ သူမက ချူဖုန်းကြောင့် အသတ်ခံခဲ့ရခြင်း ဖြစ်သည်။
ရှန်းမြောင်မြောင် ဆုံးရှုံးခဲ့သည့် အသက်နှစ်သက်စလုံးမှာ ချူဖုန်းနှင့် ပတ်သက်နေခဲ့သည်။ သို့ဖြစ်၍ မည်သည့်ကိစ္စမျှ မဖြစ်ပျက်ခဲ့သကဲ့သို့ ချူဖုန်း အမှန်တကယ် ဟန်မဆောင်နိုင်ပါချေ။
သို့သော် သူတို့ချင်း သိရှိခဲ့သည်မှာ မည်မျှ ကြာမြင့်သေးသနည်း။ ရှန်းမြောင်မြောင်က သူ့ကို မည်သည့်အတွက် ဤအခြေအနေအထိ ကူညီရမည်နည်း။
သူမအနေဖြင့် ထိုသို့ ပြုလုပ်ရန် အကြောင်းမရှိသည့်တိုင် ထိုကိစ္စများကို ရှန်းမြောင်မြောင် ပြုလုပ်ခဲ့ခြင်းကြောင့်သာ သူမအပေါ် အလွန့်အလွန် ကျေးဇူးတင်မှုနှင့် အကြွေးတင်မှုတို့ကို ချူဖုန်း ခံစားနေရခြင်း ဖြစ်သည်။
''မြောင်မြောင်၊ ဒီနေ့ကစပြီး ကျုပ်အသက်က မင်းအပိုင်ပါ''
ချူဖုန်းက ရှန်းမြောင်မြောင်ထံ လှမ်းပြောလိုက်သည်။''ရှင် ဘာတွေ လျှောက်ပြောနေတာလဲ … ဒီမင်းသမီးက ရှင့်အသက်ကို စိတ်မဝင်စားဘူး … အဲဒါကို ကျွန်မ မလိုချင်ဘူး''
ရှန်းမြောင်မြောင်က နှုတ်ခမ်းမဲ့လိုက်၏။ သို့သော် မကြာမီ သူမက ပြောလိုက်သည်။
''ချူဖုန်း၊ ရှင့်ကို ကိစ္စတစ်ခု ပြောပြမယ် … ဒီသွေးဝါးမျိုသတ်ဖြတ်မှု အစီအရင်စည်း ဒီနေရာမှာ ရှိနေတာက ရှေးခေတ်ဟောင်း သားရဲရိုင်းတွေကို ပိတ်လှောင်ဖို့သက်သက် မဟုတ်ဘူး … တကယ်တော့ ဒီနေရာမှာ ကွယ်ဝှက်ထားတဲ့ ရတနာတစ်ပါးလည်း ရှိနေတယ်''
![](https://img.wattpad.com/cover/357305204-288-k458312.jpg)
YOU ARE READING
သိုင်းနတ်ဘုရားအသူရာ(ချူဖုန်း) အတွဲ(၂)သိုင္းနတ္ဘုရားအသူရာ(ခ်ဴဖုန္း) အတြဲ(၂)
AdventureUni & Zawgyi အပိုင်း ၁၇၇၁ မှ ၂၀၄၀....