အခန်း(၂၀၁၁) မင်းတစ်ယောက်တည်းပဲ
ကြီးကျယ်ခမ်းနားသော ပုဂ္ဂိုလ်အားလုံးက သူ့ကို ချီးကျူးနေချိန်၌ ချူဖုန်း လုံးဝ မပြုံးနိုင်ပါချေ။ ကောင်းကင်အမြင့်တွင် ရပ်နေရင်း သူက ပတ်ဝန်းကျင်ထံ လှမ်းကြည့်လိုက်သည်။
လက်ကျိုး၊ ခြေကျိုး၊ ပျက်စီးနေသည့် ခန္ဓာကိုယ်များ သို့မဟုတ် ပွင့်ထွက်ဒဏ်ရာများနှင့် လူများထံ လှမ်းကြည့်မိလျှင် သူ့နှလုံးသား သွေးထွက်နေသည့်အလား ချူဖုန်း ခံစားလိုက်ရသည်။
သို့သော် ဤတိုက်ပွဲတွင် သေဆုံးသွားသူများနှင့် နှိုင်းယှဉ်လိုက်ချိန်တွင် ဒဏ်ရာရရုံသာ ဖြစ်သည့် ဤလူများမှာ အလွန့်အလွန် ကံကောင်းကြသည်။
''ကျုပ်က လျော်ကြေးရယူနိုင်ခဲ့ပြီး ကောင်းကင်ဥပဒေနန်းတော်နဲ့ သေမျိုးဘုရင်နန်းတော်တို့ရဲ့ အစွယ်တွေကို ဆွဲနုတ်ခဲ့ပေမဲ့ သေသွားတဲ့သူတွေကို ဘဝထဲ ပြန်ခေါ်မလာနိုင်ဘူး … ချစ်ရသူတွေ ဆုံးရှုံးသွားတဲ့ သူတို့ဆွေမျိုးတွေရဲ့ နာကျင်မှုကို နှစ်သိမ့်မပေးနိုင်ဘူး''
''တကယ်လို့ ကျုပ်မှာ ရွေးချယ်ခွင့်ရှိရင် ကျိန်းသေပေါက် သူတို့အတွက် ကျုပ်ကိုယ်တိုင် လက်စားချေပြီး ကျုပ်တို့ကို ဒီနေ့ ကျူးကျော်တိုက်ခိုက်ခဲ့တဲ့ ကောင်းကင်ဥပဒေနန်းတော်နဲ့ သေမျိုးဘုရင်နန်းတော်တို့ရဲ့ လူအားလုံးကို သတ်ပစ်မှာပါ''
''ကံမကောင်းစွာနဲ့ပဲ ကျုပ်က အရည်အချင်း မပြည့်ဝဘူး''
ထိုစကားများကို အဆုံးသတ်လိုက်ပြီးနောက် ချူဖုန်းက ကောင်းကင်မှ ပျံဆင်းသွားပြီး ဒဏ်ရာရထားသူများကို စတင် ကုသပေးလိုက်သည်။ထိုခဏ၌ လူအုပ်မှာ အလုံးစုံ အံ့အားသင့်နေခဲ့ကြသည်။ အရည်အချင်း မပြည့် ဟူသည့် စကားက သူတို့၏ နှလုံးသားများကို ဂနာမငြိမ် ဖြစ်သွားစေခဲ့သည်။
သူ၏ အဆင့်အတန်းကို လျစ်လျူရှုထားပြီး သာမညောင်ည သိုင်းဘုရင်များကိုပင် ကုသပေးနေသည့် ချူဖုန်းကို မြင်လျှင် လက်နက်သန့်စင်မှု အင်မော်တယ်၊ အနန္တအင်မော်တယ်၊ ငွေနှင်းဖြူဆံနွယ် အင်မော်တယ်နှင့် ကျန်သူများလည်း တစ်ဦးထံတစ်ဦး လှမ်းကြည့်လိုက်မိကြသည်။
YOU ARE READING
သိုင်းနတ်ဘုရားအသူရာ(ချူဖုန်း) အတွဲ(၂)သိုင္းနတ္ဘုရားအသူရာ(ခ်ဴဖုန္း) အတြဲ(၂)
AdventureUni & Zawgyi အပိုင်း ၁၇၇၁ မှ ၂၀၄၀....