1881------1890

121 4 0
                                    

အခန်း(၁၈၈၁) နတ်သူငယ်ပြည်ထောင်

''လမ်းညွှန်အင်မော်တယ်၊ ရှင်ပြောတာ အမှန်ပဲလား … ကျွန်မအဖေကို တကယ် ကယ်နိုင်ပြီလား''

''ကျေးဇူးတင်ပါတယ်၊ ရှင့်ကို ကျေးဇူးတင်ပါတယ် … တကယ်ကို ကျေးဇူးအများကြီးတင်ပါတယ် … ကျွန်မ …''
ပိုင်ရို့ချန်မှာ စိတ်လှုပ်ရှားလွန်း၍ စကားဗလုံးဗထွေး ဖြစ်လာသည်။

ပိုင်စုယန်ပင် မျက်ရည်များ စီးကျလာပြန်သည်။ သူမ ငိုကြွေးနေသော်လည်း သူမ၏ မျက်နှာထက်တွင်မူ ပျော်ရွှင်မှု အပြုံးတစ်ခု ရှိနေခဲ့သည်။

''ကျုပ်ကို ကျေးဇူးမတင်ပါနဲ့ … တကယ်လို့ တစ်ယောက်ယောက်ကို ခင်ဗျားတို့ ကျေးဇူးတင်ချင်ရင် ဒီစိတ်ဝိညာဉ် အစီအရင်စည်းကို ပေးခဲ့တဲ့ မိတ်ဆွေလေးချူဖုန်းကို ကျေးဇူးတင်သင့်တယ်''

''ဒါ့အပြင် ကျုပ်က အစီအရင်စည်းကို ခင်းကျင်းတဲ့ နည်းလမ်းကို နားလည်ရုံပဲ ရှိပြီး အဲဒါကို အပြည့်အဝ မဆုပ်ကိုင်နိုင်သေးဘူး … ကျုပ်အနေနဲ့ အဲဒါကို ခင်းကျင်းဖို့ မိတ်ဆွေလေးချူဖုန်းအပေါ် အားကိုးရဦးမှာ စိုးရတယ်''
လမ်းညွှန်အင်မော်တယ်က ကျယ်ပြန့်သော အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။

''ချူဖုန်း''
ပိုင်ရို့ချန်က ချူဖုန်းထံ လှမ်းကြည့်လိုက်၏။ သို့သော် သူမက မည်သို့ ပြောရမည်မသိ ဖြစ်နေခဲ့သည်။ သို့သော် သူမ၏ ရွှန်းစိုသော မျက်လုံးများမှာ ချူဖုန်းအပေါ် ကျေးဇူးတင်မှုဖြင့် ပြည့်နှက်နေကြသည်။

''စီနီယာလမ်းညွှန်၊ ကျုပ်မှာ ကုန်ကြမ်းတချို့ ရှိပေမဲ့ အဲဒါတွေက အတော့်ကို မလုံလောက်ဘူး … အဲဒီအတွက် စီနီယာ ကူညီနိုင်မယ်လို့ ကျုပ် မျှော်လင့်ပါတယ်''
ပြောရင်းမှ ချူဖုန်းက သူပိုင်ဆိုင်ထားသမျှ စိတ်ဝိညာဉ် အစီအရင်စည်းအတွက် လိုအပ်သော ကုန်ကြမ်းဒြပ်ဝတ္ထုများကို ထုတ်ယူလိုက်သည်။ သူ ထုတ်ယူလိုက်သည့် ဒြပ်ဝတ္ထုအားလုံးမှာ မျက်ခုံးဖြူ အင်မော်တယ်ကို သူ သတ်ဖြတ်ခဲ့ပြီးနောက် ၎င်းထံမှ ရရှိထားသည့် ရှားပါးသော ရတနာများ ဖြစ်ကြသည်။

အမှန်အားဖြင့် မျက်ခုံးဖြူ အင်မော်တယ်၏ စကြဝဠာအိတ်တွင် တစ်ဦးတစ်ယောက် စိတ်ကူးနိုင်သမျှ စိတ်ဝိညာဉ် အစီအရင်စည်းများကို ခင်းကျင်းရန်အတွက် လိုအပ်သည့် ဒြပ်ဝတ္ထုအားလုံး ပါဝင်သည်ဟု ဆိုနိုင်ပေသည်။

သိုင်းနတ်ဘုရားအသူရာ(ချူဖုန်း) အတွဲ(၂)သိုင်းနတ်ဘုရားအသူရာ(ချူဖုန်း) အတွဲ(၂)Where stories live. Discover now