အခန်း(၁၈၁၁) မကြုံစဖူး
''အဲဒီ ရွှေရောင်မြားတွေရဲ့ ခွန်အားအကြောင်း ငါ သိပြီးသားပါ … ဒါပေမဲ့ အဲဒါတွေက ငါ မျှော်မှန်းထားတာထက်တောင် ပိုပြီး စွမ်းအားကောင်းကြတယ်''
''ငါက ဘိုးဘေးအတွက် အဝိုင်းခံထားရတာကို အဆုံးသတ်ပေးနိုင်မလား ငါ သိချင်မိတယ်''
ပြောပြောဆိုဆိုဖြင့် ချူဖုန်းက နောက်ထပ် ရွှေရောင်မြားတစ်စင်းကို ထုတ်ယူလိုက်၏။ သူက ၎င်းကို လေးကြိုးပေါ် တင်လိုက်ပြီး ပိုင်လိရွှမ်ခုံးကို တိုက်ခိုက်နေကြသည့် မျိုးနွယ်စုခေါင်းဆောင် လေးဦးနှင့် အဆင့်နှစ် သိုင်းဧကရာဇ် ငါးဦးတို့ထံ ချိန်ရွယ်လိုက်သည်။''အာ … ချူဖုန်းက ထွက်မပြေးဘဲ သူ့မြားကို ဧကရာဇ်မျိုးနွယ်စုကြီး လေးခုရဲ့ မျိုးနွယ်စုခေါင်းဆောင်တွေဆီ ချိန်နေတယ် … သူတို့လေးယောက်က အဆင့်သုံး သိုင်းဧကရာဇ်တွေလေ''
ဤမြင်ကွင်းကို မြင်လျှင် ပရိသတ်များ အံ့ဩတုန်လှုပ်သွားကြသည်။''အဆင့်နှစ် သိုင်းဧကရာဇ်၊ သေစမ်း''
ချူဖုန်းက ပြင်းပြင်းထန်ထန် အော်ပြောလိုက်၏။ ထို့နောက် သူက ရွှေရောင်မြားကို ပစ်လွှတ်လိုက်သည်။''ဝုန်း …''
ရွှေရောင်မြားက ကောင်းကင်ကို လျင်မြန်စွာ ဖြတ်သန်းသွားလေသည်။ ၎င်း၏ လမ်းကြောင်းရှိ အရာအားလုံးကို ထိုးဖောက်နိုင်သော အင်အားကို ဆောင်ကြဉ်းလာသည့် ဖြောင့်စင်းနေသော ရွှေနဂါးတစ်ကောင်နှယ် ရွှေရောင်မြားက အဆင့်နှစ် သိုင်းဧကရာဇ်များအနက်မှ တစ်ဦးထံ ပြေးဝင်သွားခဲ့သည်။မှန်ပေသည်။ ချူဖုန်းက မျိုးနွယ်စုခေါင်းဆောင် လေးဦးကို သတ်ရန် ကြံရွယ်ထားခြင်း မဟုတ်ပေ။ တကယ်တမ်းတွင်လည်း သူတို့က အဆင့်သုံး သိုင်းဧကရာဇ်များ ဖြစ်ကြသည်။ ရွှေရောင်မြားများ မည်မျှ သန်မာစေကာမူ၊ သူတို့ကို သတ်ရန် မဖြစ်နိုင်သေးပါချေ။ ဤအချက်ကို ချူဖုန်း သိနေသည်။ ထို့ကြောင့် သူ စမ်းသပ်မည်ဆိုလျှင် အဆင့်နှစ် သိုင်းဧကရာဇ်တစ်ဦးကို အသုံးပြု၍ စမ်းသပ်ရုံသာ တတ်နိုင်ပေသည်။
''ဟိုင်းယား''
သူ့ထံ ရွှေရောင်မြား ပျံသန်းလာသည်ကို မြင်လျှင် ထိုအဆင့်နှစ် သိုင်းဧကရာဇ် အလွန့်အလွန် ထိတ်လန့်သွားခဲ့သည်။ မြားကို ရှောင်တိမ်းရန် မဖြစ်နိုင်ကြောင်း သူ သိနေသည်။ အလွန် ဉာဏ်ကောင်းသည့် သူက ဝင်လာနေသည့် ရွှေရောင်မြားကို ဟန့်တားရန် မျှော်လင့်ချက်ဖြင့် မြေကမ္ဘာတားမြစ် သိုင်းကွက်တစ်ခုကို သူ၏ အကြမ်းထည် ဧကရာဇ် စစ်လက်နက်နှင့်အတူ ထုတ်ဖော်လိုက်သည်။

YOU ARE READING
သိုင်းနတ်ဘုရားအသူရာ(ချူဖုန်း) အတွဲ(၂)သိုင္းနတ္ဘုရားအသူရာ(ခ်ဴဖုန္း) အတြဲ(၂)
AdventureUni & Zawgyi အပိုင်း ၁၇၇၁ မှ ၂၀၄၀....