1981-------1990

97 4 0
                                    

အခန်း(၁၉၈၁) သေထိုက်တယ်

''အားလုံးပဲ၊ ကျုပ်တို့ အခု ဘေးကင်းပါပြီ''
အဖြစ်အပျက်ကို လူအုပ် မယုံကြည်နိုင်ကြောင်း ခံစားမိပြီးနောက် ချူဖုန်းက ပြောလိုက်သည်။

ထိုစကားများကို ပြောရင်းမှ ချူဖုန်းက သူ ခင်းကျင်းထားသည့် ခံစစ် အစီအရင်စည်းကို ဖယ်ရှားလိုက်၏။ ထို့နောက် သူက သတ္တမလမ်းကြောင်း၏ တံခါးထံ လျှောက်လှမ်းသွားပြီး ၎င်းကို နောက်တစ်ကြိမ် ဖွင့်လိုက်သည်။

''ဝေး''
သတ္တမလမ်းကြောင်း၏ တံခါး အောင်အောင်မြင်မြင် ပွင့်လာပြီး သတ်ဖြတ်မှု အစီအရင်စည်း၏ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါကို သူတို့ မခံစားမိတော့သည်ကို မြင်လျှင် လူအုပ်မှာ အလွန် ဝမ်းမြောက်ပျော်ရွှင်သွားကြသည်။

သတ်ဖြတ်မှု အစီအရင်စည်း အမှန်တကယ် ပျက်စီးသွားသည်မှာ အလွန်တရာ မယုံကြည်နိုင်ဖွယ် ဖြစ်သည့်တိုင် ချူဖုန်း အောင်မြင်ခဲ့ကြောင်း သူတို့ သိရှိလိုက်ကြသည်။

ကျယ်လောင်သော ကြွေးကြော်သံများနောက်တွင် လူအုပ်က သတ္တမလမ်းကြောင်း၏ တံခါးထံ အရူးအမူး ပြေးလွှားသွားကြသည်။ သူတို့က အတော်များပြားသည့်တိုင် သူတို့၏ အမြန်နှုန်းကား အလွန့်အလွန် မြန်ဆန်ကြပေသည်။ မျက်စိတစ်မှိတ်အတွင်း၌ လူဆယ့်နှစ်သန်းစလုံးက သတ္တမလမ်းကြောင်းသို့ ဝင်ရောက်သွားကြသည်။

''ချူဖုန်း အသက်ရှည်ပါစေ၊ ချူဖုန်း အသက်ရှည်ပါစေ''
စိတ်လှုပ်ရှားမှုဖြင့် လူအချို့က ချူဖုန်း၏ အမည်ကို ဟစ်ကြွေးလာကြသည်။ ထို့နောက်တွင် ပို၍ပို၍ များပြားသော လူများက ချူဖုန်း၏ အမည်ကို ဟစ်ကြွေးလာကြသည်။ မူလတွင် လူငယ်မျိုးဆက်၏ အဖွဲ့ဝင်များသာ ဖြစ်သော်လည်း နောက်ပိုင်းတွင် မျိုးဆက်ဟောင်းမှ လူများပင် ချူဖုန်း၏ အမည်ကို ကျယ်လောင်စွာ ဟစ်ကြွေးလာကြသည်။

ထိုအခိုက်အတန့်၌ ချူဖုန်း၏ အမည်မှာ သတ္တမလမ်းကြောင်း တစ်ခုလုံးတွင် မိုးခြိမ်းသံကဲ့သို့ ပဲ့တင်ထပ်နေတော့သည်။

ရုတ်တရက် နှင်းဓားအရူးမိစ္ဆာက လူတစ်ဦးထံ လက်ညှိုးထိုးလိုက်ပြီး အော်ပြောလိုက်သည်။
''ဟေး ယွဲ့လင်၊ ခင်ဗျားက တကယ်ကို သတ္တမလမ်းကြောင်းထဲ အရှက်မရှိ ဝင်လာခဲ့သေးတာလား … စောစောက ခင်ဗျားဘာပြောခဲ့သလဲ မေ့သွားပြီလား''
သူ့အသံမှာ ကျယ်လောင်လွန်းပြီး လူတိုင်း၏ ဟစ်ကြွေးသံများကို လွှမ်းမိုးသွားခဲ့သည်။

သိုင်းနတ်ဘုရားအသူရာ(ချူဖုန်း) အတွဲ(၂)သိုင်းနတ်ဘုရားအသူရာ(ချူဖုန်း) အတွဲ(၂)Where stories live. Discover now