1961-------1970

125 3 0
                                    

အခန်း(၁၉၆၁) ချီဧကရာဇ်၏ ဆက်ခံသူ

''ရို့လေးနဲ့ မေလေးတို့က လက်နက်သန့်စင်မှု အင်မော်တယ်နဲ့ ကျုပ်တို့နဲ့ လိုက်မှာလား''
ချူဖုန်းက မေးလိုက်၏။

''မဟုတ်ဘူး၊ သူတို့က ကျုပ်တို့နဲ့ လိုက်လိမ့်မယ် … ကျုပ်တို့က သူတို့ရဲ့ ဘေးကင်းမှုကို ကာကွယ်ပေးမှာပါ''
သခင်လို့ခုံးက ပြောလိုက်သည်။

ထိုစကားများကို ကြားလျှင် ချူဖုန်း မျက်မှောင်ကြုတ်လာသည်။ သခင်လို့ခုံးနှင့် ကျန်သူများက အမှောင်ခန်းမကို သွားရောက်တိုက်ခိုက်ကြမည် ဖြစ်ပေသည်။ သူတို့နှင့်အတူ လိုက်သွားခြင်းက ဘေးကင်းလိမ့်မည်လော။

သို့သော် အကယ်၍ စူးရို့နှင့် စူးမေတို့က သူနှင့် လက်နက်သန့်စင်မှု အင်မော်တယ်တို့နှင့်အတူ လိုက်လာခဲ့လျှင်လည်း သူမတို့၏ ဘေးကင်းမှုကို ချူဖုန်း အာမခံနိုင်မည် မဟုတ်ပါချေ။

နှိုင်းယှဉ်လိုက်လျှင် စူးရို့နှင့် စူးမေတို့ကို သခင်လို့ခုံးနှင့် ရှေးခေတ်ဟောင်း နတ်သူငယ် လက်ရွေးစင်များနှင့်အတူ စေလွှတ်လိုက်ခြင်းက ပိုမိုလုံခြုံပေသည်။

သို့သော် ချူဖုန်း များစွာ စိုးရိမ်နေဆဲပင်။

''မိတ်ဆွေလေးချူဖုန်း၊ စိတ်အေးအေးထားပါ … ကျုပ်တို့က သူတို့ကို အစွမ်းကုန် ကာကွယ်ပေးပါ့မယ်''
သခင်လို့ခုံးက ချူဖုန်း၏ စိုးရိမ်မှုကို သဘောပေါက်ဟန် ရှိပြီး သူမတို့၏ ဘေးကင်းမှုကို အာမခံလိုက်သည်။

ချူဖုန်းက ရုတ်တရက် ပြောလိုက်၏။
''တကယ်တော့ ထာဝရရှင်သန်မှု မက်မွန်ပင်ဆီ ဖြတ်လမ်းတစ်ခုကို ကျုပ် သိထားပါတယ်''

''ဖြတ်လမ်း ဟုတ်လား''
ထိုစကားများကို ကြားလျှင် လူအုပ်တစ်ခုလုံး လှုပ်လှုပ်ရှားရှား ဖြစ်သွားကြသည်။

''အင်း … ဒါကြောင့် အဲဒီ သတ်ဖြတ်မှု အစီအရင်စည်းကို ထိန်းချုပ်ဖို့ လွယ်ကူရင် လက်နက်သန့်စင်မှု အင်မော်တယ်အနေနဲ့ ကျုပ်နဲ့အတူ သွားဖို့ မလိုပါဘူး … ကျုပ်က ထာဝရရှင်သန်မှု မက်မွန်ပင်ဆီ အရင်ရောက်အောင် ဖြတ်လမ်းသုံးပြီး စိတ်ဝိညာဉ် အစီအရင်စည်းကို ခင်းကျင်းပါ့မယ် … အဲဒီလိုဆို သတ်ဖြတ်မှု အစီအရင်စည်း အသက်ဝင်မှုကို တားနိုင်ပါလိမ့်မယ်''
ချူဖုန်းက ပြောလိုက်သည်။

သိုင်းနတ်ဘုရားအသူရာ(ချူဖုန်း) အတွဲ(၂)သိုင်းနတ်ဘုရားအသူရာ(ချူဖုန်း) အတွဲ(၂)Where stories live. Discover now