1891-------1900

112 5 0
                                    

အခန်း(၁၈၉၁) အဲဒါ မင်းကိုး

''ကြောက်ရမယ် ဟုတ်လား … ကျုပ်က ဘာမဟုတ်တဲ့ စိတ်ဝိညာဉ် အစီအရင်စည်းတစ်ခုကို ဘာကြောင့် ကြောက်ရမှာလဲ''
ချူဖုန်းက ထပ်ပြုံးလိုက်၏။ ထို့နောက် ထိုအလှကလေးကို ဖမ်းဆုပ်ထားသည့် သူ့လက်ဖဝါး အနည်းငယ် တုန်ခါသွားလေသည်။ သူ၏ စိတ်ဝိညာဉ်စွမ်းအားက ထိုအလှကလေး၏ ခန္ဓာကိုယ်အတွင်းသို့ ထက်ရှသော ဓားသွားများအလား စိုက်ဝင်သွားခဲ့သည်။

''ဝီး …''
ထိုခဏ၌ ထိုအလှကလေး၏ အမူအရာ တောင့်တင်းသွား၏။ ထို့နောက် သူမခန္ဓာကိုယ် စတင် မှုန်ဝါးလာသည်။ နောက်ခဏ၌ သူမက မြောက်မြားစွာသော အလင်းတန်းများအဖြစ် ပြောင်းလဲသွားပြီး သူမခန္ဓာကိုယ် စတင် ပျောက်ကွယ်လာသည်။

အလင်း ကွယ်ပျောက်သွားချိန်၌ ထိုအလှကလေး အပြီးအပိုင် ပျောက်ကွယ်သွားခဲ့သည်။ သို့သော် ချူဖုန်းလက်တွင်း၌ အရုပ်တစ်ရုပ် ပေါ်လာသည်။ ထိုအရုပ်မှာ ရုပ်သွင်အားဖြင့် အလွန့်အလွန် လှပပြီး ပြီးခဲ့သည့် အလှကလေးနှင့် တထေရာတည်း တူညီနေခဲ့သည်။ သူမနည်းတူ ထိုအရုပ်လည်း ဝတ်လစ်စားလစ်ပင်။

ထိုဝတ်လစ်စားလစ် အလှကလေးမှာ ရှေးခေတ်ဟောင်း နတ်သူငယ်တစ်ဦး လုံးဝ မဟုတ်ကြောင်း အဖြေထွက်လာသည်။ ထိုအစား စိတ်ဝိညာဉ် အစီအရင်စည်းဖြင့် ဖန်တီးထားသည့် အရုပ်တစ်ရုပ် ဖြစ်နေခဲ့သည်။

''ပျင်းစရာကောင်းလွန်းတယ် … အဲဒါက တစ်ချက်ကြည့်ရုံနဲ့ မြင်နိုင်ခဲ့တာပဲ''
ထိုခဏ၌ ရှန်းမြောင်မြောင်က နှုတ်ခမ်းစူထားပြီး မျက်နှာထက်ရှိ စိတ်ပျက်သော အမူအရာဖြင့် ခုန်ထွက်လာသည်။

ရှန်းမြောင်မြောင်ကို မြင်လျှင် ချူဖုန်း အံ့အားသင့်သွားမိသည်။ ဤရှန်းမြောင်မြောင်မှာ ငယ်ရွယ်သော မိန်းကလေးတစ်ဦးသာ ဖြစ်သော်လည်း သူမက အရုပ်ထက်ပင် ပိုမိုလှပနေခဲ့သည်။

ရှေးခေတ်ဟောင်း နတ်သူငယ်အားလုံးတွင် ထူးကဲသော အလှတရား ပိုင်ဆိုင်ထားကြသည်။ အမျိုးသားများက အမျိုးသမီးများကဲ့သို့ လှပပြီး အမျိုးသမီးများကား ကောင်းကင် နတ်မိမယ်များကဲ့သို့ လှပကြပေသည်။ သို့တိုင် ရှန်းမြောင်မြောင်မှာ ချူဖုန်း မြင်တွေ့ဖူးသမျှ အလှပဆုံး ရှေးခေတ်ဟောင်း နတ်သူငယ် ဖြစ်ကြောင်း ကျိန်းသေနေလျက် ရှိသည်။

သိုင်းနတ်ဘုရားအသူရာ(ချူဖုန်း) အတွဲ(၂)သိုင်းနတ်ဘုရားအသူရာ(ချူဖုန်း) အတွဲ(၂)Where stories live. Discover now