အခန်း(၁၉၂၁) တံခွန်ရှစ်ခု
ရုတ်တရက် ချူဖုန်းက ပြောလိုက်သည်။
''ကျုပ် တစ်ချက်ကြည့်ပါရစေ''ချူဖုန်း၏ စကားများကို ကြားလျှင် ရှန်းမြောင်မြောင်က ဝမ်းမြောက်ပျော်ရွှင်သော အမူအရာကို လှစ်ဟလာသည်။ စောစောပိုင်းက သူမ စိတ်ပျက်လွန်း၍ ချူဖုန်းမှာ သာမန်ထက်ထူးခြားသော ကမ္ဘာ့စိတ်ဝိညာဉ် ထိန်းချုပ်သူတစ်ဦး ဖြစ်ကြောင်း သူမ အမှန်တကယ် မေ့လျော့သွားခဲ့သည်။
''ရှင်ကလား''
သို့သော် ချူဖုန်း ပြောလိုက်ပြီးနောက် အနီလေးက အထင်သေးသော အကြည့်တစ်ခုကို လှစ်ဟလာသည်။ ချူဖုန်း တစ်စုံတစ်ရာ ပြုလုပ်နိုင်မည်ဟု အနီလေး မယုံကြည်ပါချေ။ နောက်ဆုံးတွင် ၎င်းက အနီလေးအတွက်ပင် မဖြစ်နိုင်သည် မဟုတ်ပါလော။''ဒီနေရာရဲ့ ကျောက်သားနံရံတွေက အရမ်း ခိုင်မာတယ် … ဘာကြောင့်လဲဆိုတော့ သူတို့မှာ အတော် ထူးခြားတဲ့ စွမ်းအားတစ်ခု တကယ် ပိုင်ဆိုင်ထားလို့ပဲ … အဲဒီစွမ်းအားက ကမ္ဘာ့စိတ်ဝိညာဉ် စွမ်းအား မဟုတ်ပေမဲ့ ကျုပ်ရဲ့ ကမ္ဘာ့စိတ်ဝိညာဉ် နည်းစနစ်တွေကို သုံးပြီး အဲဒီစွမ်းအား ပျက်ပြယ်သွားအောင် ကြိုးပမ်းနိုင်ပါတယ်''
ချူဖုန်းက ပြောလိုက်သည်။''အဲဒါ ရှေးခေတ်ဟောင်း အင်မော်တယ်ပန်းတွေရဲ့ စွမ်းအားပါ … အဲဒီမှာ ရှေးခေတ်ဟောင်း အင်မော်တယ်ပန်းတွေ များများရှိလေလေ၊ အဲဒီစွမ်းအား သန်မာလေလေ ဖြစ်လိမ့်မယ် … ဒီနေရာမှာ ရှေးခေတ်ဟောင်း အင်မော်တယ်ပန်းတွေ အတော်များများ ကိန်းအောင်းနေတဲ့အတွက် သူတို့ကို ကာကွယ်ထားတဲ့ စွမ်းအားကလည်း ထူးထူးခြားခြား သန်မာတယ်''
ရှန်းမြောင်မြောင်က ပြောလိုက်လေသည်။''အဲဒါကို ကျုပ်တာဝန်ထားပါ''
ချူဖုန်းက ပြုံးလိုက်၏။ ထို့နောက် သူ၏ စိတ်ဝိညာဉ် အစီအရင်စည်းကို စတင် ခင်းကျင်းလိုက်သည်။ ယခုတစ်ကြိမ် ချူဖုန်း၏ လှုပ်ရှားမှုက ယခင်နှင့် အတော် ခြားနားနေရုံသာ ရှိပေသည်။ချူဖုန်းက စိတ်ဝိညာဉ် အစီအရင်စည်းကို မခင်းကျင်းမီ သူ၏ စကြဝဠာအိတ်မှ တံခွန်ရှစ်ခုကို ထုတ်ယူခဲ့သည်။ တံခွန်ရှစ်ခုစလုံးတွင် မတူညီသော အရောင်များ ပိုင်ဆိုင်ထားကြသည်။ သို့သော် ၎င်းတို့အပေါ်တွင် အက္ခရာများနှင့် သင်္ကေတများကို ရေးဆွဲထားလေသည်။ ထိုအက္ခရာများနှင့် သင်္ကေတများတွင် ကိန်းအောင်းနေသည်မှာ ထူးခြားသော စွမ်းအားတစ်ခုပင်။
YOU ARE READING
သိုင်းနတ်ဘုရားအသူရာ(ချူဖုန်း) အတွဲ(၂)သိုင္းနတ္ဘုရားအသူရာ(ခ်ဴဖုန္း) အတြဲ(၂)
AdventureUni & Zawgyi အပိုင်း ၁၇၇၁ မှ ၂၀၄၀....