အခန်း(၁၉၉၁) ခင်ဗျားသားကို သတ်မယ်
မည်သို့ပင်ဖြစ်စေ ထိုခဏ၌ လူအုပ်က ဝမ်ချန်မှာ ချီဧကရာဇ်၏ ဆက်ခံသူ ဖြစ်သည်ဟု အတည်ပြုခဲ့ကြပြီး ဖြစ်သည်။
ဝမ်ချန်အနေဖြင့် သက်သေတစ်စုံတစ်ရာ ထုတ်ပြရန် မလိုအပ်ပါချေ။ သူ့ခွန်အားကပင် လူအုပ်ကို သူ ချီဧကရာဇ်၏ ဆက်ခံသူ ဖြစ်ကြောင်း ယုံကြည်စေရန် လုံလောက်နေခဲ့သည်။
ချူဖုန်း ထွက်ခွာသွားခဲ့ပြီးနောက် အနည်းဆုံးအားဖြင့် ရှေးခေတ်ဟောင်း သားရဲရိုင်းများ၏ ထက်ဝက်ခန့်မှာ ဝမ်ချန်ကြောင့် အသတ်ခံခဲ့ကြရသည်။ သူ့လက်ချက်ဖြင့် သေဆုံးခဲ့ကြသည့် အမှောင်ခန်းမမှ လူများမှာလည်း မရေမတွက်နိုင်အောင် များပြားလွန်းလှသည်။
ဝမ်ချန်က ရှေးခေတ်ဟောင်း နတ်သူငယ်များကို ဤတိုက်ပွဲတွင် အသာစီးရစေရန် အမှန်တကယ် အကြီးအကျယ် ကူညီခဲ့လေသည်။
''က … က … ကမ္ဘာဖျက်သူ ငကြောင်ကြီး၊ ခ … ခင်ဗျား စောင့်နေလိုက် … သ … သ … သူ့ရဲ့ နတ်တိုက်ကွက်ကို ခင်ဗျားဘိုးဘိုး ကျွမ်းကျင်တာနဲ့ ကျ … ကျ … ကျုပ်က ခင်ဗျားကို အသားပေါက်စီ လုပ်ပစ်မယ်''
''ဒ … ဒ … ဒါပေမဲ့ စိတ်ချပါ၊ ကျ … ကျုပ်က ခင်ဗျားကို မစားပါဘူး … ခ … ခ … ခင်ဗျားကို ခွေးပဲကျွေးမှာပါ''
ဝမ်ချန်က အမှောင်ခန်းမ၏ တပ်ဖွဲ့ကို သတ်ဖြတ်နေရုံသာ မကဘဲ၊ ကမ္ဘာဖျက်သူ အင်မော်တယ်ကိုလည်း လူပုံအလယ်တွင် စော်ကားပြောဆိုနေလျက် ရှိသည်။''သောက်အထစ်လေး၊ မင်း ပါးစပ်ပိတ်အောင် ငါ လုပ်ပြမယ်''
ကမ္ဘာဖျက်သူ အင်မော်တယ်မှာ ဝမ်ချန်ကြောင့် အလွန်အမင်း ဒေါသထွက်သွားခဲ့သည်။ ချူဖုန်း ထွက်သွားပြီးချိန်မှစ၍ ဝမ်ချန်က သူ့ကို အဆက်မပြတ် စော်ကားနေခဲ့သည်။ သူ၏ စိတ်အစဉ်မှာ ဝမ်ချန်၏ စော်ကားမှုများကြောင့် အာရုံထွေပြားနေခဲ့သည်။ တကယ်တမ်းတွင်လည်း ဝမ်ချန်မှာ စော်ကားပြောဆိုရာတွင် အတော် ပြောင်မြောက်သည် မဟုတ်ပါလော။''က … က … ကမ္ဘာဖျက်သူ ငကြောင်ကြီး၊ ကျ … ကျုပ်က ခင်ဗျားကို ဘာကြောင့် မစားလဲ ခ … ခင်ဗျား သိလား … ဘ … ဘ … ဘာကြောင့်လဲဆိုတော့ ခင်ဗျားဘိုးဘိုးက မ … မိန်းမစိုးတွေကို မစားတဲ့ ယ … ယောက်ျားပီသတဲ့ လူတစ်ယောက်မို့ပဲ … ဟီးဟီး''
ဝမ်ချန်က ကမ္ဘာဖျက်သူ အင်မော်တယ်၏ ခြိမ်းခြောက်မှုကို မကြားသည့်အလား သူ့ကို ဆက်လက်၍ စော်ကားနေခဲ့သည်။
YOU ARE READING
သိုင်းနတ်ဘုရားအသူရာ(ချူဖုန်း) အတွဲ(၂)သိုင္းနတ္ဘုရားအသူရာ(ခ်ဴဖုန္း) အတြဲ(၂)
AdventureUni & Zawgyi အပိုင်း ၁၇၇၁ မှ ၂၀၄၀....