အခန်း(၁၈၂၁) အတွင်းရေး ပဋိပက္ခ
စိတ်ဝိညာဉ် ဖိနှိပ်မှုမှာ စိတ်ဝိညာဉ်စွမ်းအား မဟုတ်ပေ။ ထိုအစား ၎င်းမှာ အခြားသူ၏ စိတ်ဝိညာဉ်ကို တိုက်ခိုက်ရန် နည်းလမ်းတစ်ခု ဖြစ်သည်။
ဤသို့သော နည်းလမ်းမျိုးမှာ လူတစ်ဦး၏ ခန္ဓာကိုယ်ကို တိုက်ရိုက် ထိခိုက်စေမည် မဟုတ်သော်လည်း အခြားသူ၏ စိတ်ဝိညာဉ်ကို လွှမ်းမိုးနိုင်ပြီး သူတို့ကို ပြိုလဲသွားခြင်း သို့မဟုတ် ရူးသွပ်သွားခြင်းပင် ဖြစ်စေနိုင်ပေသည်။
လက်ရှိတွင် ချူဖုန်းအပေါ် စစ်ပွဲအုပ်စု၏ ထိုအကြီးအကဲ အသုံးပြုနေသည့် စိတ်ဝိညာဉ် ဖိနှိပ်မှုမှာ အလွန် စွမ်းအားကောင်းသော အမျိုးအစားတစ်ခုပင်။
သူ၏ ရည်ရွယ်ချက်မှာ အလွန် ရှင်းလင်းပေသည်။ အကယ်၍ ချူဖုန်း ရူးသွပ်မသွားခဲ့လျှင်ပင် သူက ချူဖုန်း ပြိုလဲသွားစေရန် ရည်ရွယ်ထားဆဲ ဖြစ်သည်။ သူက ချူဖုန်းကို သူ၏ စိတ်ဝိညာဉ်မှတစ်ဆင့် ဖိနှိပ်နေလျက် ရှိသည်။
သူတို့အကြားတွင် မုန်းတီးမှု မရှိသလို နာကြည်းမှုလည်း မရှိပါချေ။ သို့တိုင် စစ်ပွဲအုပ်စု၏ ဤအကြီးအကဲက ထိုကဲ့သို့ အငြိုးထားသော တိုက်ခိုက်မှုတစ်ခုကို ချူဖုန်းအပေါ် အမှန်တကယ် အသုံးပြုနေခဲ့သည်။ ထိုအကြီးအကဲ မည်မျှ ရက်စက်သည်ကို ဤအချက်မှတစ်ဆင့် သိမြင်နိုင်ပေသည်။
သို့သော် ဤနည်းလမ်းကို လူငယ်မျိုးဆက်မှ ကျန်သူများအပေါ် အသုံးပြုနိုင်မည် ဖြစ်သော်လည်း ချူဖုန်းနှင့် ရင်ဆိုင်ရာတွင် ၎င်းက လုံးဝ အသုံးမဝင်ပါချေ။ အကြောင်းကား ချူဖုန်း၏ အသန်မာဆုံး အချက်မှာ သူ၏ စိတ်ဝိညာဉ်စွမ်းအား ဖြစ်နေသောကြောင့်ပင်။
''အင်''
သူ၏ အသန်မာဆုံး စိတ်ဝိညာဉ် ဖိနှိပ်မှုကို အသုံးပြုထားပြီး ဖြစ်သည့်တိုင် ချူဖုန်း၏ အမူအရာ လုံးဝ မပြောင်းလဲဘဲ ရှိနေသည်ကို မြင်လျှင် စစ်ပွဲအုပ်စုမှ ထိုအကြီးအကဲ၏ အမူအရာမှာ အံ့အားသင့်သော အမူအရာသို့ ပြောင်းလဲသွားခဲ့သည်။''စီနီယာ၊ ကျုပ်က တကယ်ကို ချူဖုန်းပါ … ဒါပေမဲ့ ကျုပ်အထင်တော့ ခင်ဗျား တစ်ခုမှားနေပါတယ် … ကျုပ်က ရက်စက်ယုတ်မာတဲ့ ဘယ်ပြစ်မှုကိုမှ လုံးဝ မကျူးလွန်ခဲ့ပါဘူး … စီနီယာ၊ အဲဒီစကားတွေက ဘာအဓိပ္ပာယ်များ ဖြစ်နိုင်မလဲ''
ချူဖုန်းက တည်ငြိမ်သော ဟန်ပန်တစ်ခုဖြင့် မေးလိုက်သည်။ သူက ထိုအကြီးအကဲ၏ အငြိုးထားသော လုပ်ရပ်ကို မဖော်ထုတ်ခဲ့ပေ။ မည်သည့်ကိစ္စမျှ မဖြစ်ပျက်ခဲ့သည့် အလားပင်။
YOU ARE READING
သိုင်းနတ်ဘုရားအသူရာ(ချူဖုန်း) အတွဲ(၂)သိုင္းနတ္ဘုရားအသူရာ(ခ်ဴဖုန္း) အတြဲ(၂)
AdventureUni & Zawgyi အပိုင်း ၁၇၇၁ မှ ၂၀၄၀....