1871-------1880

156 6 0
                                    

အခန်း(၁၈၇၁) အကြွင်းမဲ့ သိုင်းထိပ်သီး

''နန်းကုံးလုံကျန့်လား''
ထိုအမည်ကို ကြားလျှင် လူအုပ်တစ်ခုလုံး လှုပ်လှုပ်ရှားရှား ဖြစ်သွားကြသည်။ အထူးသဖြင့် နန်းကုံး ဧကရာဇ်မျိုးနွယ်စုမှ လူများပင်။ ထိုခဏ၌ သူတို့က အလွန့်အလွန် တက်ကြွသော အမူအရာများကို လှစ်ဟလာကြသည်။ ထိုရွှေနဂါး ဓားရှည်ကြီးကို သူတို့ မှတ်မိနေကြပြီးချေပြီ။

''ဝှစ် …''
ရုတ်တရက် ကောင်းကင်တွင် လွင့်ဝဲနေသည့် ရွှေနဂါးဓားရှည်ကြီးက စတင် ကျုံ့ဝင်လာသည်။ ၎င်းက အလွန် လျင်မြန်စွာ ပိုမိုသေးငယ်လာသည်။ ယခုအချိန်တွင် ၎င်းက သေးငယ်သွားသော်လည်း ၎င်း ထုတ်လွှတ်နေသည့် အင်အားကား စိုးစဉ်းမျှ လျော့ကျမသွားခဲ့ပေ။ ထို့နောက် ၎င်းက ချူဖုန်းထံ ပြေးဝင်သွားလေသည်။

''ဒုက္ခပဲ''
ဤမြင်ကွင်းကို မြင်လျှင် ကျန်းမင်နှင့် ကျန်သူအားလုံး အထိတ်တလန့် ဖြစ်သွားကြသည်။ သူတို့က စိတ်တွင်းမှ အော်ပြောလိုက်မိကြသည်။ အကြောင်းမူ ထိုရွှေနဂါးဓားမှာ အမှန်တကယ် ကြောက်မက်ဖွယ်ကောင်းလွန်း၍ ဖြစ်သည်။ သူတို့ပင် ၎င်းကို ကြံ့ကြံ့ခံနိုင်စွမ်း မရှိချိန်၌ အကယ်၍ ထိုဓားသာ ချူဖုန်းကို ထိမှန်သွားခဲ့ပါက ချူဖုန်းတွင် အသက်တစ်ရာ ပိုင်ဆိုင်ထားလျှင်ပင် သူ အသတ်ခံရဦးမည်မှာ ကျိန်းသေပေသည်။

'ဖတ် …''
သို့သော် ချူဖုန်းကို ထိုဓား ထိမှန်တော့မည့် အခိုက်အတန့်၌ ၎င်းက ရုတ်တရက် လမ်းကြောင်းပြောင်းသွားခဲ့သည်။ ထို့နောက် ချူဖုန်းရှေ့ရှိ လေဟာနယ်တွင် လက်ဖဝါးတစ်ဖက် ပေါ်လာသည်။ ထိုလက်ဖဝါးက ရွှေနဂါးဓားကို ဖမ်းဆုပ်လိုက်လေသည်။

ထို့နောက် ချက်ချင်းဆိုသလို အမျိုးသားတစ်ဦးက ဟင်းလင်းပြင်မှ လှမ်းထွက်လာပြီး ချူဖုန်းရှေ့တွင် ရပ်လိုက်သည်။

ဤအမျိုးသားတွင် သူ့ခါးအထိ ရောက်ရှိနေသည့် ဆံပင်များနှင့် ဦးခေါင်းတစ်လုံး ရှိနေသည်။ သူ့ဆံပင်များက မင်ကဲ့သို့ နက်မှောင်နေကြသည်။ လေထဲတွင် ၎င်းတို့ တဖျပ်ဖျပ် လှုပ်ခတ်နေသည့် အလျောက် သူ့အသွင်မှာ အလွန့်အလွန် ထူးခြားဟန် ရှိနေပြီး မယှဉ်သာအောင် လွှမ်းမိုးနိုင်သော အရှိန်အဝါတစ်ခုကို ထုတ်လွှတ်နေခဲ့သည်။

သိုင်းနတ်ဘုရားအသူရာ(ချူဖုန်း) အတွဲ(၂)သိုင်းနတ်ဘုရားအသူရာ(ချူဖုန်း) အတွဲ(၂)Where stories live. Discover now