1931-----1940

119 4 0
                                    

အခန်း(၁၉၃၁) ယင်ယန်အား စစ်မေးခြင်း

''ဒီဒဏ်ရာတွေက ပြင်းထန်လွန်းတယ် … ဒါကို သုံးရုံကလွဲပြီး ရွေးစရာ မရှိတော့ဘူး''
ချူဖုန်း၏ ဒဏ်ရာများကို ဂရုတစိုက် စစ်ဆေးပြီးနောက် ရှန်းမြောင်မြောင်က သူမ၏ လည်ဆွဲကို ဖြုတ်လိုက်ပြီး ၎င်းအပေါ်ရှိ ဆွဲသီးကို ဖွင့်လိုက်သည်။ ဆွဲသီးကို ဖွင့်လိုက်ပြီးနောက် အတွင်း၌ လက်သည်းအရွယ်ခန့် ပုလဲတစ်လုံး အမှန်တကယ် ရှိနေခဲ့သည်။

''ဝိုး ဝိုး ဝိုး … အဲဒါ ဘာလဲဟင်''
ပုလဲကို မြင်တွေ့မိသည့် ခဏ၌ အနီလေး၏ မျက်လုံးများမှာ အလင်းဖြင့် တောက်ပလာကြသည်။ ၎င်း၏ ဆွဲဆောင်မှုကြောင့် အနီလေးက ရှန်းမြောင်မြောင်ထံ ချက်ချင်း ပြေးလာသည်။

၎င်းမှာ အနီလေး ကလေးဆန်၍ မသိနားမလည်ခြင်း မဟုတ်ပါချေ။ ထိုအစား ထိုပုလဲက အမှန်တကယ် ထူးခြားလွန်းနေခြင်း ဖြစ်သည်။ ၎င်းက အလွန် သေးငယ်သော်လည်း အလင်းပွင့်များဖြင့် တဖျပ်ဖျပ် လှုပ်ခတ်နေခဲ့သည်။ အကယ်၍ ၎င်းထံ အသေအချာ ကြည့်ရှုခဲ့လျှင် ပုလဲအတွင်း၌ ခမ်းနားသည့် ကြယ်စုံသော ကောင်းကင် ရှိနေသည့်အလား တွေ့ရှိရပေလိမ့်မည်။

အရေးအကြီးဆုံးမှာ ထိုပုလဲအတွင်း၌ မတူညီသော အရောင်များကို ထုတ်လွှတ်နေသည့် မြူမှုန်ကိုးခု ရှိနေခြင်းပင်။ ၎င်းတို့က အလွန့်အလွန် ဝင်းလက်နေလျက် ရှိကြသည်။

ထိုအလင်းမှုန် ကိုးခုကို မြင်တွေ့ရချိန်တွင် တစ်ဦးတစ်ယောက်အဖို့ ထူးခြားသော ထိုးထွင်းမြင်နိုင်စွမ်း တစ်စုံတစ်ရာကို အသုံးမပြုခဲ့လျှင်ပင် ပုလဲကြောင့် အံ့အားသင့်မှုနှင့် စိတ်လှုပ်ရှားမှုတို့ကို ခံစားရဦးမည် ဖြစ်ပေသည်။

''ရှူး … စကားမပြောနဲ့''
ရှန်းမြောင်မြောင်က အနီလေးထံ လှမ်းပြောလိုက်သည်။

ထို့နောက် သူမက ပုလဲကို ချူဖုန်း၏ စွမ်းအင်ဗဟိုချက်အပေါ် တင်ထားလိုက်၏။ ပုလဲက အလင်းဖြင့် ရုတ်တရက် လှုပ်ရှားလာသည်။ တစ်ချိန်တည်း၌ ရှန်းမြောင်မြောင်၏ မျက်လုံးများမှာ ထိုပုလဲအတိုင်း ဖြစ်လာကြသည်။

ထို့နောက် အလင်းမှုန်ကိုးခုအနက် တစ်ခုက ပုလဲမှ ပျံထွက်လာပြီး ချူဖုန်း၏ စွမ်းအင်ဗဟိုချက်သို့ ဝင်ရောက်သွားခဲ့သည်။

သိုင်းနတ်ဘုရားအသူရာ(ချူဖုန်း) အတွဲ(၂)သိုင်းနတ်ဘုရားအသူရာ(ချူဖုန်း) အတွဲ(၂)Where stories live. Discover now