1901------1910

163 8 0
                                    

အခန်း(၁၉၀၁) တကယ် ပြောင်မြောက်တဲ့ အကြံအစည်တစ်ခု

''ကောင်းပြီ၊ အခု အတော် နောက်ကျနေပြီ … အားလုံးပဲ၊ မိတ်ဆွေလေးချူဖုန်းကို ပြန်အနားယူခွင့် ပေးလိုက်ပါ''
ချူဖုန်းကို ဝိုင်းအုံပြီး အဆက်မပြတ် စကားပြောနေကြသည့် လူအုပ်ကို မြင်လျှင် နတ်သူငယ်ဘုရင်က ချူဖုန်းကို ခက်ခဲသော အခြေအနေမှ ရုန်းထွက်နိုင်စေရန် သူကိုယ်တိုင် ဆုံးဖြတ်ခဲ့သည်။

''ဟုတ်တယ် ဟုတ်တယ် … ရှေးခေတ်ဟောင်း အင်မော်တယ်ညွှန်တံတွေကို နိုးကြားစေတာက အရမ်း အားကုန်တဲ့ ကိစ္စပဲ … ရှင် ပြန်သွားပြီး ကောင်းကောင်း အနားယူသင့်တယ်''
ရှန်းမြောင်မြောင်က ပြောလိုက်သည်။

''မြောင်မြောင်ပြောတာ မှန်တယ် … ပြန်သွားပြီး အနားယူတာ ပိုကောင်းပါတယ်''
၎င်းကို မြင်လျှင် ကျန်သူများကလည်း သဘောတူဟန်ဖြင့် သံယောင်လိုက်လာကြသည်။

ထိုခဏ၌ ရှန်းယွီယင်က မကျေနပ်ဟန်ဖြင့် ရေရွတ်လိုက်သည်။
''သူက ဘာမဟုတ်တဲ့ လူသားတစ်ယောက်ပါ … ဒီလိုမျိုး ပြုမူနေတာ ထိုက်တန်လို့လား''

မျက်မှောက်ရှိနေသူ အားလုံးမှာ ထူးခြားသော ပုဂ္ဂိုလ်များ ဖြစ်ပြီး ထူးခြားသော ထိုးထွင်းအမြင်ကို ပိုင်ဆိုင်ထားကြသည်။ ထို့ကြောင့် ရှန်းယွီယင်၏ ရေရွတ်မှုကို သူတို့အားလုံး ကြားနိုင်ခဲ့ကြသည်။

ချူဖုန်းကို ဝိုင်းအုံနေသည့် လူအုပ်၏ အမူအရာများ ပြောင်းလဲသွားကြသည်။ သူတို့က ရှန်းယွီယင်ထံ အလိုလို စွေကြည့်လိုက်မိကြသည်။

သူတို့အနက် အများစုမှာ ရှန်းယွီယင်၏ စီနီယာများချည်းသာ ဖြစ်ပြီး သူ့ဖခင်နှင့် တန်းတူရှိသူများ ဖြစ်ကြသည်။ သို့တိုင် ရှန်းယွီယင်က သူတို့ကို ထိုကဲ့သို့ အမှန်တကယ် ပြောဆိုဝံ့ခဲ့သည်။ သူတို့ အလွန့်အလွန် မကျေမနပ် ဖြစ်ကြမည်မှာ သဘာဝကျပေသည်။

သို့သော် သူတို့က ရှန်းယွီယင်နှင့် မငြင်းခဲ့ကြပေ။ အကယ်၍ နတ်သူငယ်ဘုရင်၏ ရှေ့မှောက်တွင် လူငယ်မျိုးဆက် ဖြစ်သည့် ရှန်းယွီယင်နှင့် ငြင်းခုံခဲ့လျှင် သူတို့၏ အဆင့်အတန်းနှင့် မကိုက်ညီဘဲ ဖြစ်သွားပေလိမ့်မည်။

သိုင်းနတ်ဘုရားအသူရာ(ချူဖုန်း) အတွဲ(၂)သိုင်းနတ်ဘုရားအသူရာ(ချူဖုန်း) အတွဲ(၂)Where stories live. Discover now