အခန်း(၁၈၀၁) ပြိုင်ပွဲစပြီ
နက်နဲ အဇဋာ သုတ်သင်မှုကို ချူဖုန်း နားလည်ဆုပ်ကိုင်နိုင်သည်မှာ ထိုရှေးခေတ်ဟောင်း ဝါးပြားကြောင့်သာ ဖြစ်၏။ ချူဖုန်း အလွန် အံ့အားသင့်နေသည်မှာလည်း ထိုရှေးခေတ်ဟောင်း ဝါးပြားကြောင့်ပင်။
ထိုရှေးခေတ်ဟောင်း ဝါးပြား၏ အကြောင်းအရာများမှာ သိုင်းကွက်များနှင့် ပတ်သက်သည်များသာ မကကြောင်း ချူဖုန်း တွေ့ရှိခဲ့ရသည်။ အလွန်ဆုံးအားဖြင့် သူက အကြောင်းအရာများ၏ ဆယ်ပုံတစ်ပုံကိုသာ နားလည်နိုင်ခဲ့သည်။
သူ နားမလည်နိုင်သေးသည့် ကိုးဆယ်ရာခိုင်နှုန်း ရှိနေသည်။ သို့သော် ၎င်းတို့ကို သူ နားမလည်နိုင်ပါချေ။ အကြောင်းမူ ၎င်းတို့က မပြည့်စုံသောကြောင့် ဖြစ်သည်။
''ဒီရှေးခေတ်ဟောင်း ဝါးပြားက ရှေးခေတ်ဟောင်းက အရာတစ်ခုပဲ … ရှေးခေတ်ဟောင်းကို သိုင်းကျင့်ကြံမှုရဲ့ ရွှေခေတ်လို့ ပြောကြတာ အံ့ဩစရာ မဟုတ်တော့ဘူး … ဒီဝါးပြားထဲက အကြောင်းအရာတွေရဲ့ တချို့တစ်ဝက်နဲ့တင် လက်ရှိ သိုင်းကျင့်ကြံသူတွေ ပိုင်ဆိုင်ထားတဲ့ သိုင်းကျင့်ကြံမှုအတွက် နားလည်မှုက ရှေးခေတ်ဟောင်းရဲ့ သိုင်းကျင့်ကြံသူ ပညာရှင်တွေထက် အများကြီး နိမ့်ကျတာ မြင်နိုင်တယ်''
''ရှေးခေတ်ဟောင်းရဲ့ ဝါးပြားက တစ်ချပ်တည်းမကတာ ကျိန်းသေတယ် … အတော်များများ ရှိနေနိုင်တယ် … ငါသာ အဲဒါတွေအားလုံးကို ရယူနိုင်ခဲ့ရင် သိုင်းကွက်တွေရဲ့ အသုံးပြုမှုတင် မကဘဲ၊ သိုင်းကျင့်ကြံမှုရဲ့ ကဏ္ဍအားလုံးမှာ တိုးတက်အောင် လုပ်နိုင်လိမ့်မယ် … စိတ်ကူးမကြည့်နိုင်တဲ့ အကျိုးအမြတ်တွေကိုတောင် ရကောင်း ရနိုင်တယ်''
''အဲဒါက ကုံ့ဧကရာဇ်ရဲ့ တစ်သက်တာမှာ ရခဲ့တဲ့ အဖိုးအတန်ဆုံး ရတနာလို့ စီနီကျန်းပြောခဲ့တာ အံ့ဩစရာ မဟုတ်တော့ဘူး''
''ဒီရတနာရဲ့ တန်ဖိုးက တိုင်းတာမရတာ အမှန်ပဲ … ဒီဝါးပြားအကြောင်း သတင်းပြန့်သွားခဲ့ရင် ထွတ်မြတ်သိုင်းနယ်မြေတစ်ခုလုံး ကျွမ်းထိုးမှောက်ခုံ ဖြစ်သွားမယ့်ပုံ ရှိတယ်''
YOU ARE READING
သိုင်းနတ်ဘုရားအသူရာ(ချူဖုန်း) အတွဲ(၂)သိုင္းနတ္ဘုရားအသူရာ(ခ်ဴဖုန္း) အတြဲ(၂)
AdventureUni & Zawgyi အပိုင်း ၁၇၇၁ မှ ၂၀၄၀....