အခန်း(၂၀၀၁) တပ်ဖွဲ့နှစ်ခု ပူးပေါင်းခြင်း
''ခင်ဗျား သိနေလျက်နဲ့ ဘာကြောင့် မေးနေတာလဲ''
ချူဖုန်းက ပြောလိုက်သည်။''မင်းက ဒီနန်းတော်သခင်ကို အဲဒီလူတွေနဲ့ပဲ ဟန့်တားနိုင်မယ်လို့ တကယ် ထင်နေတာလား''
ထိုစကားများကို ပြောလိုက်စဉ် သွမ့်မုဖေးယွီက လက်နက်သန့်စင်မှု အင်မော်တယ်နှင့် ကျန်သူများထံ လှမ်းကြည့်လိုက်၏။ ထို့နောက် သူက အော်ပြောလိုက်သည်။
''ခင်ဗျားတို့က ကျုပ်ကို တားနိုင်တယ်လို့ ခင်ဗျားတို့အားလုံး တကယ် ထင်နေကြတာလား''သူ့အော်သံက လေပြင်းတစ်ခုကို ဖြစ်ပေါ်လာစေသည်။ သူ၏ ပြင်းထန်သော စွမ်းအားက ဒေသကို လျင်မြန်စွာ ရိုက်ခတ်သွားရုံသာ မကဘဲ၊ လူအုပ်၏ နှလုံးသားများကိုလည်း ဗြောင်းဆန်သွားစေခဲ့သည်။
သူတို့၏ ပြိုင်ဘက်မှာ အဆင့်ရှစ် သိုင်းဧကရာဇ်တစ်ဦး၊ ကောင်းကင်ဥပဒေနန်းတော်၏ နန်းတော်သခင် သွမ့်မုဖေးယွီ ဖြစ်သည်။ သူကား ထွတ်မြတ်သိုင်းနယ်မြေတွင် နှစ်ပေါင်းများစွာ ကျော်ကြားခဲ့သည့် သူမတူသော သိုင်းထိပ်သီးတစ်ဦးပင်။
လက်ရှိ၌ စန္ဒကူးတောင်တွင် သိုင်းထိပ်သီးအတော်များများ ရှိနေသော်လည်း ဂုဏ်သတင်းနှင့် ခွန်အားတို့တွင် သွမ့်မုဖေးယွီနှင့် နှိုင်းယှဉ်နိုင်သူ တစ်ဦးမှ မရှိခဲ့ပေ။
စန္ဒကူးတောင်အနေဖြင့် ကောင်းကင်ဥပဒေနန်းတော်ကို အမှန်တကယ် တွန်းလှန်နိုင်မည်လော။
အမှန်အားဖြင့် ပရိသတ်များသာ ထိုအတိုင်း တွေးနေသည် မဟုတ်ဘဲ၊ စန္ဒကူးတောင်မှ လူများပင် သူတို့စိတ်တွင်း၌ ထိုမေးခွန်း ရှိနေခဲ့သည်။
စန္ဒကူးတောင်၏ အင်အားအရ သူတို့က ကောင်းကင်ဥပဒေနန်းတော်ကို တွန်းလှန်နိုင်ကြမည် မဟုတ်ပါချေ။
''ဒီအဘိုးကြီးကို ထည့်ပေါင်းလိုက်ရင်ရော ... မင်း ဘယ်လိုထင်လဲ''
ရုတ်တရက် စန္ဒကူးတောင်ကို ဖုံးလွှမ်းထားသည့် စိတ်ဝိညာဉ် အစီအရင်စည်းထံမှ လူရိပ်တစ်ခု ပျံသန်းထွက်လာသည်။၎င်းကား ရှေးခေတ်ဟောင်း နတ်သူငယ်များ၏ ဝါရင့် အကြီးအကဲများအနက်မှ တစ်ဦးဖြစ်သည့် သခင်လျန်ဟွားပင်။
YOU ARE READING
သိုင်းနတ်ဘုရားအသူရာ(ချူဖုန်း) အတွဲ(၂)သိုင္းနတ္ဘုရားအသူရာ(ခ်ဴဖုန္း) အတြဲ(၂)
PertualanganUni & Zawgyi အပိုင်း ၁၇၇၁ မှ ၂၀၄၀....