3. Unicode

976 120 7
                                    

တာဝန်အပ်နှံသူသည် ဤတရားမဝင်သမီးငယ်အား အမြဲလိုပင် ဥပေက္ခာပြုကာ နေခဲ့သည်။

အပြင်မှာ တင်းနင်းတျဲကို သူ့ညီမအဖြစ် ဘယ်တုန်းကမှ အသိအမှတ်မပြုခဲ့ဘူး။

ဒါက အဖေ့ရဲ့ နောက်ထပ် သမီးတယောက်လို့သာ တိုက်ရိုက်ပဲပြောခဲ့သည်။

တာဝန်အပ်နှံသူက တင်းယန်သည် သူ့အမေကို သစ္စာဖောက်မှုအတွက် အပြစ်တင်ခဲ့ပြီး အဖေနှင့်သမီးကြား ဆက်ဆံရေးမှာ လုံးဝ မကောင်းပေ။

တခြားအဖွဲ့ကတော့ တင်းယန်နဲ့ တင်းနင်းတျဲတို့ ဖြစ်သည်။

တင်းနင်းတျဲသည် တင်းယန်ကို ကြည့်တိုင်း လေးစားသော မျက်လုံးများဖြင့် ကြည့်နေတတ်ကာ သူ(မ) နီးကပ်ချင်သော်လည်း အနားမကပ်ရဲသကဲ့သို့ ပုံစံဖြင့် ပြုမူတတ်သည်။

တင်းယန်အတွက် လက်ဖက်ရည်နှပ်ပေးပြီး တင်းယန်အတွက် တိတ်တဆိတ် အလုပ်လုပ်ပေးတတ်သည်။

၎င်းသည် လူအများအား အထူးနူးညံ့သိမ်မွေ့သောပုံပေါက်စေကာ တင်းယန်သည် သူ(မ)အား ရည်ရွယ်ချက်ရှိရှိ သို့မဟုတ် မရည်ရွယ်ဘဲ အမြဲကာကွယ်ပေးတတ်သည်။

ဒါက အဖေနဲ့သမီး သာမဟုတ်ခဲ့ရင် နဥ်ရှုက သူတို့ရဲ့ဆက်ဆံရေးကို သံသယဖြစ်မိလိမ့်မည်။

တင်းယန်က တင်းနင်းတျဲကို နဥ်ရှုအား တောင်းပန်ခိုင်းသည်။တင်းနင်းတျဲမျက်လုံးများသည် မျက်ရည်များ စိုရွှဲကာ အလွန်ကြည်လင်နေပြီး သူ(မ)၏ မျက်တောင်များသည် စိုစွတ်နေပြီး ပို၍ပင် ဖြောင့်စင်းနေပါသည်။

နဥ်ရှုသည် ယောင်္ကျားလေးမဟုတ်၊ တကယ်လို့သာ ယောင်္ကျားတစ်ယောက်ကို ဤမျှသနားစရာကောင်းသော မျက်လုံးများဖြင့် စိုက်ကြည့်မိပါက သူ့နှလုံးသားသည် ရေအဖြစ်သို့ ပြောင်းသွားပေလိမ့်မည်။

နဥ်ရှုရဲ့ ရှေ့မှာ သူ(မ)ကို တစိုက်မတ်တည်း ကြည့်နေသည်။

"တောင်းပန်လို့ ဘာအသုံးဝင်မှာလဲ? ပိုင်ဟန်မော့နဲ့ အတူလူးလှိမ့်နေတာ ဒီလောက်အချိန် ကြာနေပြီ။တကယ်လို့သာ အခုထိ သတိမထားမိသေးရင် ဘယ်လောက်ကြာကြာ ဖုံးကွယ်ထားမယ်မှန်း မသိဘူး။"

White Lotus Sister (Realm - 45) [Myanmar Translation]Where stories live. Discover now