"အရင်ကမ္ဘာမှာ ဘာကြောင့်ဒီလိုဖြစ်ရတာလဲ။မစ်ရှင်တွေကို မပိတ်ပင်ထားဘူး။ပြီးတော့ လူကိုလည်း တာဝန်အပ်နှံခွင့်ပေးသေးတယ်။အာ့မစ်ရှင်ကို ယူလိုက်ရင် တာဝန်က အလကားလုပ်ပေးလိုက်ရတာ မဟုတ်ဘူးလား။"
နဉ်ရှုက မေးလိုက်သည်။နည်းနည်းလည်း စိတ်ဆိုးမိသည်။ဒီလိုတာဝန်ကို ယူလိုက်မိတာက အလကား အလုပ် လုပ်လိုက်ရတာပဲ အဖက်တင်သည်။
ပြီးတော့ တာဝန်လည်း မပြီးဆုံးသေးတာကို ဖျက်မယ်ဆို ဖျက်သိမ်းလိုက်သေးသည်။
အရမ်းကို လှည့်ဖြားလွန်းတာပဲ။
"ကံတရားဆိုတာ ခွန်အားတစ်မျိုးလည်း ဖြစ်တယ်။ ဒီလိုမျိုးကို တကယ်လို့ ရွေးမိရင်လည်း ကိုယ့်ကိုယ်ကို ကံမကောင်းဘူးလို့ပဲ မှတ်ယူပါ။"
"အထက်မှလူများက တန်ပြန်တိုက်ခိုက်တဲ့ ကမ္ဘာတွေကို အောင်မြင်စွာ ဖယ်ရှားရန်အတွက်သာ တာဝန်ရှိပြီး အခြားအရာများကို ဂရုမစိုက်ဘူး။" ဟု 2333 က ဆိုသည်။
နဉ်ရှု : ......
ကျွတ် ကျွတ် ကျွတ်၊တကယ့်ကို လိမ်လည်တာပဲ။
သူ(မ)က အထက်ပိုင်းနှင့် ဆက်သွယ်ခွင့်မရှိသလို ဘယ်သူက ဒီလောက် လှည့်စားနေလဲလည်း သူ(မ) မသိဘူး။
"မစ်ရှင်ထဲကို ဝင်လိုက်ကြရအောင်။"
ဘဝသည် ချောက်ချားစရာများနှင့် ပြည့်နှက်နေသောကြောင့် အချိန်တိုင်း သတိရှိရန် လိုအပ်သည်။
သန်မာဖို့လမ်းက မလွယ်ပါဘူး။အံကြိတ်ပြီး မျက်ရည်စတွေနဲ့သာ အရှေ့ကို ဆက်ပြေးနေရုံပေါ့။
"ကောင်းပြီ။"
နဉ်ရှုသည် အလေးချိန်မရှိတော့သလို ခံစားခဲ့ရပြီး သူ(မ)၏ခန္ဓာကိုယ်သည် တခြားခန္ဓာကိုယ်တစ်ခုနှင့် ပေါင်းစပ်သွားခဲ့သည်။
ပြီးပြည့်စုံသော ပေါင်းစည်းမှုအပြီးတွင် နဉ်ရှုသည် သူ(မ)၏နားထဲတွင် ဆူညံစွာ ရန်ဖြစ်နေသံများကို ကြားလိုက်ရသည်။
ပြီးတော့ ငိုသံများလည်းပါရှိကာ သူ(မ)ကိုနှိုးရန် သူ(မ)ပခုံးကို ဘယ်သူမှမလှုပ်ခါနေခဲ့ပါ။နဉ်ရှုကလည်း အခန့်သင့်သာ မနိုးနေသည့် ဟန်ဆောင်ခဲ့သည်။
![](https://img.wattpad.com/cover/357591522-288-k91485.jpg)
YOU ARE READING
White Lotus Sister (Realm - 45) [Myanmar Translation]
FantasíaName(s) : Quick Transmigration Cannon Fodder's Record of Counter Attack Ning Shu 快穿之炮灰女配逆袭记 Author(s) : Hen Shi Jiao Qing(很是矫情) Story Name : 豪门姐妹 Realm : 45 I don't own this story. Just translate into Myanmar Language! © All Rights Reserved