18. Unicode

603 106 3
                                    

ပိုင်ဟန်မော့က တင်းနင်းတျဲကို တရားဝင်အထောက်အထားပေးချင်ခဲ့ပြီးနောက် သူသည်လည်း ကွာရှင်းခဲ့သည်။

ကွာရှင်းပြီးနောက်တွင် ပိုင်ဟန်မော့သည် ၎င်း၏ဇနီးဟောင်းကို ထပ်မံရှာဖွေလိုခဲ့သည်။

သူ့ဇနီးဟောင်း ဘယ်ရောက်သွားလဲ သူဘယ်လိုလုပ်သိမှာလဲ။

အရင်ကတော့ မရောက်လာဘူး။အခုမှရောက်လာပြီး တင်းယန်စိတ်ထဲတွင် ခွေးတစ်ကောင်လိုသာ ခံစားရသည်။

ဒီလူတွေက ဘာလုပ်လုပ် သူတို့ရဲ့ စိတ်အခြေနေကို အခြေခံပြီး လုပ်ဆောင်ကြတာလား။ ဧကရာဇ်မင်းကို ပြုစုရတာထက် ပိုခက်ခဲသည်ဟု ခံစားရလေသည်။

ပိုင်ဟန်မော့က အသက်ရှူမဝသလို သူ့မျက်နှာက နက်မှောင်နေပြီး တင်းနင်းတျဲက ထွက်လာပြီး နှစ်သိမ့်လိုက်တာကြောင့် ပိုင်ဟန်မော့ကို ပိုကြည့်ကောင်းလာစေခဲ့သည်။

"ဒီကိစ္စကို ဒီအတိုင်း လွှတ်ထားလို့ မဖြစ်ဘူး။ ငါ့လူကို ထိခိုက်စေပြီးမှ လွတ်လွတ်လပ်လပ် ထွက်ပြေးနိုင်သေးတယ်။" လို့ ပိုင်ဟန်မော့က တင်းနင်းတျဲကို ရည်ရွယ်ကာ ပြောလေသည်။

တင်းနင်းတျဲသည် ပိုင်ဟန်မော့၏လက်မောင်းကို ဆုပ်ကိုင်ထားပြီး သူ့ရင်ဘတ်ပေါ်တွင် ခေါင်းတင်လိုက်ကာ "ဒါက မလိုတော့ပါဘူး။ရှင်နဲ့ တွေ့ဆုံရတာကိုက ကျွန်မအတွက် အရမ်းကောင်းလွန်းနေပါပြီ။"

"မင်းပဲ စိတ်ထားပျော့ပျောင်းနေတော့။မင်းကို အဲဒီလူနှစ်ယောက် လုပ်ခဲ့တာကို ကိုယ်ကတော့ ဘယ်တော့မှ မေ့မှာ မဟုတ်ဘူး။" ပိုင်ဟန်မော့က ဘီးတပ်ကုလားထိုင်ကို ကြည့်လိုက်ကာ "သူတို့ကြောင့်သာ မင်း ဒီပေါ်မှာ ထိုင်နေရတာ။"

တင်းနင်းတျဲသည် ပိုင်ဟန်မော့က သူ(မ)၏ ခြေထောက်များကို ကြည့်နေသည်ကို မြင်လိုက်ရသောအခါတွင် သူ(မ)၏ ခြေထောက်များ ပူလောင်လာသည်ဟု ချက်ချင်း ခံစားလိုက်ရသည်။

"ရှင်က ကျွန်မကို စိတ်ပျက်နေပြီလား?" တင်းနင်းတျဲသည် ပိုင်ဟန်မော့ကို အလွန်သနားစရာကောင်းလွန်းစွာဖြင့် ကြည့်ကာ သူ(မ)၏ မျက်လုံးများ အလွန်စိုစွတ်နေလေသည်။

White Lotus Sister (Realm - 45) [Myanmar Translation]Where stories live. Discover now