ဒီသတင်းကို ဘယ်လောက်ကောင်းကောင်း ဖုံးကွယ်ထားပါစေ လွတ်နေတဲ့နေရာကနေတော့ ကောလဟာလကထွက်လာဆဲပဲ။ပြောကြတာကတော့ ကုမ္ပဏီကို ရောင်းချတော့မယ်ဆိုပဲ။
ကုမ္ပဏီက ဆက်လက်မလည်ပတ်နိုင်တော့မှသာ ရောင်းချကြတာဖြစ်သည်။
ဘာပဲဖြစ်ဖြစ် ကုမ္ပဏီက လူတွေကတော့ ထိတ်လန့်နေကြပြီ။
အစုရှယ်ယာအသေးစားဝယ်ယူထားသူအများစုက ၄တို့၏ရှယ်ယာများကို ရောင်းချလိုကြသည်။
တကယ်လို့ ကုမ္ပဏီကို အမှန်တကယ် ရောင်းပစ်လိုက်သည်ဆိုပါက လက်ထဲတွင်ရှိသော ရှယ်ယာများသည် အငွေ့ပျံပြီး တန်ဖိုးမရှိတဲ့ စက္ကူတရွက်သာဖြစ်သွားပေမည်။
တင်းမေမေက စတော့ရှယ်ယာဝယ်ဖို့ အဆိုပြုတဲ့အခါ ရှယ်ယာရှင်ငယ်လေးက အခြေအနေ ကြည့်ပြီး ရောင်းလိုက်ကြသည်။
လူတွေမှာ မျက်ကန်းယုံကြည်မှုရှိကြသည်။တစ်ယောက်က စပြီးရောင်းလိုက်ချိန်မှာ ကျန်သူတွေကလည်း စိတ်လောလာကာ ရောင်းလိုက်သည်။
အချိန်ခဏအတွင်းမှာပဲ မေမေတင်း၏လက်ထဲတွင် ရှယ်ယာများစွာ ရရှိလာတော့သည်။
နဉ်ရှုကတော့ တင်းယန်သည် သေခြင်းတရားကို ရှာဖွေနေသည်ဟု ပို၍ ပို၍ ခံစားလာရသည်။
ပြီးတော့ သူကိုယ်တိုင်လည်း တကယ်ကို စိတ်အားငယ်နေရလေသည်။
ယခင်အချိန်တွေမှာ တင်းမိသားစုထဲမှ လူများက ဆွေးနွေးတိုင်ပင်တာတွေ မရှိခဲ့သဖြင့် လက်ရှိအခြေအနေဆီသို့ ရောက်ရှိလာခဲ့သည်။
"ကုမ္ပဏီရဲ့ ရှယ်ယာတွေကို ငါချုပ်ကိုင်နိုင်တဲ့အထိ စောင့်လိုက်စမ်းပါ။ဒီထုတ်ကုန်ကို တင်းကုမ္ပဏီရဲ့ နာမည်အောက်မှာ ထားလိုက်မယ်။"
"အွန်း..." နဉ်ရှုက ခေါင်းညိတ်ပြီး "အမေက ကုမ္ပဏီကို သိမ်းပိုက်ဖို့ စီစဉ်နေတာလား။"
"ငါ့လက်ထဲမှာ စတော့ရှယ်ယာတွေ အများကြီးရှိလာပြီလေ။ နောက်ပြီး ကုမ္ပဏီက အခုချိန်မှာ စည်းချက်ပျက်နေတယ်။ကုမ္ပဏီကို သိမ်းပိုက်ဖို့ အခွင့်အရေးကို ဆုပ်ကိုင်ထားရမှာပဲ။ တကယ်လို့ လက်ထဲမထားနိုင်ရင်တောင် ဖျက်ဆီးပစ်လိုက်နိုင်လည်း အဆင်ပြေတယ်။"
YOU ARE READING
White Lotus Sister (Realm - 45) [Myanmar Translation]
FantasyName(s) : Quick Transmigration Cannon Fodder's Record of Counter Attack Ning Shu 快穿之炮灰女配逆袭记 Author(s) : Hen Shi Jiao Qing(很是矫情) Story Name : 豪门姐妹 Realm : 45 I don't own this story. Just translate into Myanmar Language! © All Rights Reserved