24. Unicode

742 120 15
                                    

တင်းယန်အား ဒီလောက်ထိ အရမ်းထိတ်လန့်သွားအောင် ကြီးကြီးမားမား တစ်ခုခု ဖြစ်ခဲ့တာ ဖြစ်လိမ့်မည်။

အနာဂတ်မှာ သူ(မ)မှာ ဘာကိုမှ ဝယ်ဖို့ ပိုက်ဆံ မရှိတော့မှာ တကယ်ကြီးလား။

ဒါဆို သူ(မ) တင်းသခင်မ ဖြစ်လာတာကရော ဘာအကျိုးရှိတော့မှာလဲ။

"ဘာတွေဖြစ်သွားတာလဲဆိုတာ ကျွန်မကိုပြောပြပါဦး။ဒါမှ ကျွန်မက နင်းတျဲကို ကောင်းကောင်းမွန်မွန် ပြောပြနိုင်မှာပေါ့။"

လီလုက အသံတိုးတိုးဖြင့် မေးသည်။

တင်းယန်က သူ(မ)ကို တစ်ချက်ကြည့်လိုက်သည်။ယခုချိန်မှာတော့ တင်းနင်းတျဲကသာ ကုမ္ပဏီကို ကူညီနိုင်လိမ့်မည်။

အခုတော့ တင်းမိသားစုဟာ သူတို့ရဲ့ကိုယ်ပိုင်ကုမ္ပဏီကိုဝယ်ဖို့ ပိုက်ဆံတွေ အများကြီးသုံးစွဲရပေတော့မည်။

တင်းယန်ဟာ ခွေးတစ်ကောင်ကို -ိုးလိုက်မိသလို ခံစားနေခဲ့ရပြီး အခုတော့ သူ့ကိုယ်ပိုင်ကုမ္ပဏီအတွက် ကိုယ်ပိုင်ပိုက်ဆံကို သုံးစွဲရတော့ပေမည်။

လီလုသည်လည်း ထိုကိစ္စသည် အလွန်ပြင်းထန်ကြောင်း ကြားသောအခါတွင် ၎င်းသည် သူ(မ)၏အနာဂတ်ဘဝအပေါ် သက်ရောက်မှုရှိမည်ဖြစ်ပြီး မဟုတ်ပါက သူ(မ)သည် အနာဂတ်တွင် အမှန်တကယ်ပင် ခက်ခဲသောဘဝတစ်ခုကို ရရှိပေတော့မည်။

တင်းယန်ဟာ ခဏလောက်စဉ်းစားပြီးနောက်မှာ Mနိုင်ငံရဲ့ Jinnis ကုမ္ပဏီနဲ့ ယှဉ်ပြိုင်ပြီး သူ့ကုမ္ပဏီကို ပြန်ဝယ်ဖို့ရာ သူ့ကိုယ်ပိုင်ပိုက်ဆံကို သုံးဖို့ ဆုံးဖြတ်လိုက်သည်။

တင်းယန်သည် သူ့အိမ်မှ ပိုင်ဆိုင်မှု ပစ္စည်းအားလုံးကို ထုတ်ယူလာခဲ့ကာ ငွေသားမှာလည်း မနည်းလှပေ။ဒါတွေဟာ ဒီနှစ်တွေထဲမှာ ရှာလို့ရသမျှ ငွေအ​ကုန်ပဲ။

ဒီငွေတွေကလည်း လုံလောက် လောက်ပါတယ်လေ။

တင်းယန်က အောက်ထပ်ကိုဆင်းသွားတော့ တင်းမေမေကို စောင့်ကြည့်ဖို့ စေလွှတ်ခံရသူက ပြန်လာပြီး တင်းယန်ကို ပြောလေသည်။

"သခင်မက ဟိုတယ်မှာ နိုင်ငံခြားသားအုပ်စုနဲ့ တွေ့ခဲ့တယ်။"

White Lotus Sister (Realm - 45) [Myanmar Translation]Where stories live. Discover now