9. Unicode

836 115 6
                                    

Unicode

တင်းယန်ဘက်က အရင် တင်းမေမေမှ တင်းနင်းတျဲကို တောင်းပန်ဖို့အတွက် ဒူးထောက်ခိုင်းခဲ့သော်လည်း အခုကျတော့ ဒီလိုစကားမျိုးကို ပြောထွက်လာခဲ့ပြန်သည်။

စိတ်မြန်လက်မြန်နှင့်ပင် ဖြစ်ပျက်ခဲ့သမျှ ကိစ္စတိုင်းကို တင်းမေမေအပေါ် အကုန်ပုံချခဲ့သည်။

အခုချိန် တင်းမေမေရဲ့နှလုံးသားထဲက ခံစားချက်တွေက ဘယ်လိုဖြစ်နေမလဲဆိုတာ မသိနိုင်ပေ။

၂ဖက်စလုံးက 'နင်သေမှ ငါရှင်မယ်' ဆိုတဲ့ အခြေအနေအဖြစ် ထိပ်တိုက်တွေ့နေပြီး အငြိုးနှင့် အမုန်းတရားများမှာလည်း အချိန်ကြာလာသော်လည်း ပို၍သာများလာလေသည်။

နဥ်ရှုက တင်းမေမေကို သူ(မ)ရဲ့ ခန္ဓာကိုယ်အနောက်ကို ဆွဲယူလိုက်ပြီး ပါးစပ်ဖွင့်ဟကာ ပြောလာသည်။

"ဒီကိစ္စရဲ့ တကယ့်အဖြစ်မှန်က ဘာလဲဆိုတာကိုတောင် မသိရသေးဘူးလေ။ပြောမရဘူးပဲ။တင်းနင်းတျဲကိုယ်တိုင်ကိုက တမင်ကို ပြုတ်ကျချင်ခဲ့တာဆိုရင်ရော?"

"မင်းသာ လှေကားပေါ်ကနေ ငါ့အတွက် လှိမ့်ချပစ်လိုက်စမ်းပါ။ဒါဆို ငါမင်းရဲ့စကားကို ယုံပေးလိုက်မယ်လေ။"

ပိုင်ဟန်မော့က အေးစက်စက်နဲ့ပြောသည်။

"ဘယ်သူကများ ကိုယ့်ကိုယ်ကိုထိခိုက်စေချင်လို့ ကိုယ့်ဘာသာ လှေကားအပေါ်ကနေ လှိမ့်ချပါ့မလဲ။တင်းရွှယ်ချင်း၊ အကြောင်းပြချက်ရှာရင်လည်း အဓိပ္ပာယ်ရှိအောင် လုပ်စမ်းပါ။"

"အရင်ကတော့ မင်းက ကျော့ရှင်းလှပတဲ့သူလို့ပဲ ငါကထင်ခဲ့မိတာ။ဒါပေမယ့် အခုကြည့်ရတာတော့ အမှိုက်အိတ်တစ်အိတ် သာသာပါပဲလား။ပြီးတော့ အဆိပ်ပြင်းလွန်းတဲ့ လူတစ်ယောက်လည်း ဖြစ်နေသေးတယ်။"

ပိုင်ဟန်မော့ဆီမှ နဥ်ရှုအပေါ်ရောက်နေတဲ့ အကြည့်တွေက စိတ်ပျက်နေဟန် အပြည့်ပင်။

နဥ်ရှုရဲ့နှုတ်ခမ်းထောင့်တွေက အဆက်မပြတ် တွန့်ကွေးနေမိသည်။(မဲ့ပြတာပါ 😅)

ဒါက ဘာကြီးတုန်း? ငါဘယ်လိုပုံစံဖြစ်ဖြစ် နင်နဲ့ဘာဆိုင်လို့လဲ?

White Lotus Sister (Realm - 45) [Myanmar Translation]Where stories live. Discover now