28. Unicode

799 119 8
                                    

တင်းနင်းတျဲ၏အသားအရေသည် အနည်းငယ်​ချိုမြိန်တဲ့ အငွေ့အသက်ပါဝင်ကာ သင်းပျတဲ့ရနံ့ ရရှိနေသည်။

ပိုင်ဟန်မော့၏လက်ဖဝါးများအောက်တွင် အရေပြားသည် အကောင်းတကာ့အကောင်းဆုံးသော ပိုးသားကို ထိတွေ့မိသလို အလွန်ချောမွေ့နေသည်မှာ နှိုင်းယှဥ်ပြစရာပင် မရှိ။

လူရဲ့စိတ်ကို ပို၍ရှုပ်ထွေးကာ ယစ်မူးလာစေသည်။

နွေးထွေးမှုများဖြင့် ပြည့်နှက်နေသော လေထုသည် အလွန်သိပ်သည်းနေပြီး၊ အရိုင်းဆန်သလို ရင်ခုန်စရာလည်းကောင်းနေသည်။

တင်းနင်းတျဲ၏စိတ်ထဲ ပေါ့ပါးသွားလေသည်။ကြည့်ရတာ ပိုင်ဟန်မော့က ဒီရနံ့ကို အရမ်းကြိုက်ပုံရသည်။

လျန်းအိမ်ကသခင်မလေးထံမှ သူ(မ)ရလာခဲ့တဲ့ အရာတွေက တကယ်ကို ကောင်းတဲ့အရာတွေပဲ။

တင်းနင်းတျဲသည် ပိုင်ဟန်မော့ကို ပွေ့ဖက်ပြီးအတူတူ တောင်တွေပေါ်တက်ပြီး တိမ်တွေပေါ်လွင့်မျောခဲ့သည်။

ပြီးဆုံးသွားပြီးနောက် ပိုင်ဟန်မော့သည် တင်းနင်းတျဲကို ပွေ့ဖက်ထားဆဲပင်။ သူ(မ)၏ လည်ပင်းကြားထဲတွင် ခေါင်းကို မြုပ်ထားကာ သူ(မ)ခန္ဓာကိုယ်၏ ကောင်းသော အနံ့ကို ရှူရှိုက်နေလေသည်။

ခြင်ဆီစားပြီးနောက်မှာ အရသာသိသွားတဲ့ညပါပဲ။

ထို့နောက် တင်းနင်းတျဲသည် ရေချိုးပြီးတိုင်း ခန္ဓာကိုယ်လိမ်းဆေးအဆီ လိမ်းတော့သည်။

တင်းနင်းတျဲ၏ရှာဖွေတွေ့ရှိချက်အရ ဒီခန္ဓာကိုယ်ဆီမွှေးဟာ တကယ်ကို ပစ္စည်းကောင်းတစ်ခုဖြစ်သည်။အနံ့ကောင်းရုံသာမျှမက တစ်ခါတရံ သူ(မ)၏ခါးကို ကိုင်းညွှတ်လိုက်ပြီးနောက် မတ်တပ်ပြန်ရပ်လိုက်တဲ့အချိန်တွင် သင်းပျံ့နေသော ရနံ့လေးအား ခံစားရနိုင်သည်။

ဖော်မပြနိုင်လောက်အောင် မွှေးပျံ့သော ရနံ့မျိုးပင်။တင်းနင်းတျဲက ကုန်တိုက်တွေထဲတွင် သွားရောက်ပြီး ရေမွှေးတွေအများကြီးကြား ရှာဖွေခဲ့တာတောင်မှ ဒီလိုရနံ့နဲ့တူသော ရေမွှေးမျိုးကို ရှာမရခဲ့ပါ။

ထို့အပြင် အသားအရေကိုလည်း ထိန်းသိမ်းပေးလေသည်။အချိန်အတိုင်းအတာတစ်ခုအထိ အသုံးပြုပြီးနောက် အသားအရေကို ကြည်လင်ဝင်းပစေပြီး ချောမွေ့နေလေကာ မွှေးညှင်းပေါက်များလည်း ကျဥ်းစေလေသည်။အသားအရောင်မှာ ပို၍ကောင်းလာလေပြီး ပိုကာငယ်ရွယ်သွားသလို ခံစားရလေသည်။

White Lotus Sister (Realm - 45) [Myanmar Translation]Where stories live. Discover now