38. Zawgyi

232 9 0
                                    

တစ်ချို့ဓာတ်ပုံတွေထဲမှာ ပိုင်ဟန်မော့က သူ့ကိုယ်သူ အပ်နဲ့ထိုးနေတဲ့ မြင်ကွင်းမျိုးလည်း ပါလေသည်။

ပိုင်ဟန်မော့၏ကိုယ်မှာ မကောင်းတဲ့အရာတွေ စွန်းထင်းကာ ညစ်ညမ်းနေခဲ့သည်။

(ဆေးသုံးနေတာပါနော်။မသိလိုက်မှာစိုးလို့)

နဉ်ရှုသည် လိမ်းဆေးတွင် သူ(မ)ထည့်ထားသော ပါဝင်ပစ္စည်းအချို့ကြောင့်ဖြစ်လောက်မည်မှန်း အနည်းငယ် ခန့်မှန်းမိသည်။

ထိုအရာက လူတွေကို အလွယ်တကူ စိတ်တိုဒေါသထွက်စေပြီး စိတ်ခံစားချက်တွေကို ထိန်းချုပ်မရနိုင်တဲ့အထိ ဖြစ်စေနိုင်သည်။

၎သည် အနည်းငယ် အမြင်မှားစေနိုင်သော အာနိသင်ရှိပြီး ခန္တာကိုယ်မှာ လိမ်းရုံဖြင့်တော့ ဘာအန္တရာယ်မှ ရှိလာမှာ မဟုတ်ဘူး။အဲ့ဒီအချိန်တွေတုန်းက ပိုင်ဟန်မော့သည် တင်းနင်းတျဲကို ပွေ့ဖက်ကာ ကိုက်ခဲနေတတ်လေ့ရှိသည်။

ထိုသို့သောအရာတွေက အချိန်တွေကြာလာတာနဲ့အမျှ လက္ခဏာတွေကလည်း ပိုသိသာလာခဲ့သည်။

ပိုင်ဟန်မော့ဟာ ဒီလိုမျိုးကိစ္စတွေနဲ့ ပတ်သက်နေခဲ့တာဟာ စိတ်လှုပ်ရှားရတဲ့ ခံစားချက်ကို ရှာဖို့အတွက်ဆိုတာ သိသာထင်ရှားလေသည်။

အပျော်ရှာခြင်း*၊ လောင်းကစားခြင်းနှင့် မူးယစ်ဆေးဝါးသုံးစွဲခြင်းတို့သည် ငွေကို မီးရှို့နေသလို ကုန်ကျစေတဲ့ ကစားနည်းများ ဖြစ်သည်။

(*အပျော်မယ်တွေနဲ့အိပ်တာပါ)

လုပ်စရာ အတည်တကျ အလုပ်လည်း မရှိသလို အိမ်မှာကလည်း ပိုက်ဆံတွေ အများကြီး ရှိနေတာကြောင့် ပျင်းသလို ခံစားရတဲ့အခါမှာ အနည်းငယ်သော အပျော်ကစားနည်းများကို ရှာဖွေကြည့်လာမိသည်။

ပုဂ္ဂလိကစုံထောက်က ပြောသည်။"နိုင်ငံရပ်ခြားမှာ နည်းနည်းတော့ ရှုပ်ထွေးနေတတ်ကြတာပဲ။ပိုင်ဟန်မော့က ဒီလိုအရာတွေနဲ့ ပတ်သတ်မိသွားတာက တယောက်ယောက်က သူ့ကို ဆွဲခေါ်သွားတာ ဖြစ်လိမ့်မယ်။"

စွဲလမ်းစေနိုင်တဲ့ တစ်ခုခုကို လုပ်ကြည့်ဖူးသွားပြီဆိုရင် အဲဒါကို လွယ်လွယ်နဲ့ ဖြတ်လို့မရဘူး။

White Lotus Sister (Realm - 45) [Myanmar Translation]Where stories live. Discover now