4. Zawgyi

325 12 2
                                    

မင်းကသန်မာတယ်။ဒါကြောင့်မို့ မင်းက နှုတ်ထွက်သင့်တယ်။မင်းက သန်မာတာကြောင့် မင်းနည်းနည်းလောက် ထိခိုက်နာကျင်ရလည်း အဆင်ပြေသွားလိမ့်မယ်။ဘယ်သူက မင်းကို သန်မာခိုင်းခဲ့လို့လဲ။

သူ(မ)က တရားမ၀င်သမီးဖြစ်တာကြောင့် သူ(မ)က မိမိကိုယ်ကို သိမ်ငယ်နေတတ်ပြီး အထိခိုက်မခံတာကြောင့်မလို့ သူ(မ)ကို ပိုပြီးဂရုစိုက်ကာကွယ်ရန် လိုအပ်သည် တဲ့လေ။

တင်းယန်သည် နဉ်ရှုထံမှ နောက်ကြောင်းပြန် ပြောဆိုမှုကို မကျေနပ်ပုံရသည်။

သူ့အပေါ်ကို တင်းနင်းတျဲလိုမျိုး ဖခင်တယောက်အပေါ် လေးစားမှုမျိုး နည်းနည်းတောင် မထားခဲ့ဘူး။တင်းနင်းတျဲသာဆို လိမ္မာကာ နူးညံ့သိမ်မွေ့စွာဖြင့် ဖေဖေဟု ခေါ်လာလိမ့်မည်။ပြီးလျှင် အားကိုးလေးစားသော မျက်ဝန်းအစုံဖြင့် သူ့ကို ကြည့်လာလိမ့်မည်။

ပြီးတော့ ဒီသမီးကြီးကတော့ဖြင့် သူ့ကိုကြည့်လာလျှင်လည်း အပြစ်သားတစ်ယောက်ကို ကဲ့ရဲ့ရှုတ်ချနေသော အကြည့်မျိုးဖြင့် ကြည့်လာတတ်သည်။

ဘာပဲဖြစ်ဖြစ် စိတ်ထဲ သဘောမကျနေဘူး။

"စကားကို ဒီလိုပြောလို့ မရဘူးလေ။မင်းညီမနဲ့ ပိုင်ဟန်မော့က ထမင်းချက်ပြီးသွားလို့ ကျက်တဲ့အခြေအနေ ရောက်နေပြီ။ ရွှယ်ချင်း မင်းက မင်းညီမထက် ပိုတော်တယ်။ပိုကောင်းတဲ့ယောင်္ကျားနဲ့ ထပ်တွေ့မှာ သေချာတယ်။"

တင်းယန်က မျက်မှောင်ကြုတ်ရင်း စိတ်ရှည်ရှည်နှင့် ဖြောင်းဖျသည်။

ဒီကိစ္စကို ငြိမ်းချမ်းစွာပဲ ဖြေရှင်းချင်သည်။

နဉ်ရှုက မေးစေ့ကို ထိလိုက်ရင်း "အရမ်းတော်လွန်းနေတာကလည်း ကျွန်မအပြစ်ပဲ ဖြစ်ရပြန်တာလား။သူ့မှာမျက်ရည်တွေနဲ့ နှာရည်ယိုကျလာဖို့ကလွဲလို့ သူ့ရဲ့အသုံးမကျမှုက ဘာကိစ္စဖြစ်လာလာ တခြားသူတွေအပေါ်ကို လွှဲချဖို့ အကြောင်းပြချက်တစ်ခု ဖြစ်လာခဲ့တယ်ပေါ့လေ။"

ဘယ်သူက မင်းကို ဒီလောက် ထက်မြက်ခိုင်းခဲ့တာလဲ။ငါက အသုံးမကျဘူး။ယောင်္ကျားတစ်ယောက်က ငါ့ကို ကြိုက်ဖို့မလွယ်ဘူး။မင်းကထက်မြက်တာမလို့ မင်းဘက်က နောက်ဆုတ်ကာ ထွက်သွားသင့်သည်။

White Lotus Sister (Realm - 45) [Myanmar Translation]Where stories live. Discover now