နဉ်ရှုက ကုတင်ပေါ်မှ တင်းနင်းတျဲကိုကြည့်နေမိသည်။ဆရာဝန်က သူ(မ)ကို နောက်ထပ် နာကျင်မှုသက်သာဆေးထိုးပေးသည်။
ဒါပေမယ့် သိပ်မကြာခင်မှာပဲ တင်းနင်းတျဲက ပြန်လည်ညီးတွားလာပြီး နာကျင်မှုကြောင့် တင်းနင်းတျဲရဲ့ အရှိန်အဝါက နည်းနည်းမှိန်းသွားသလို ခံစားလိုက်ရသည်။
ခန္ဓာကိုယ်က ကိုယ့်ကိုယ်ကို ကာကွယ်တဲ့ အသိစိတ်က နိုးကြားလာပြီးနောက် ချက်ချင်းဆိုသလို သတိလစ် မေ့မျောသွားတော့သည်။
ပိုင်ဟန်မော့သည်လည်း အရမ်းကိုထိတ်လန့်သွားပြီး တင်းနင်းတျဲကို လှုပ်ခါနေလိုက်သည်။ တင်းနင်းတျဲ ပြန်လည်နိုးလာဖို့ ဖြစ်လေသည်။
တင်းနင်းတျဲအတွက်ကြောင့် ဆေးရုံတခုလုံးက ဆရာဝန်များလည်း တုန်လှုပ်သွားကြလေသည်။ကျွမ်းကျင်သော ဆရာဝန်များစွာသည် တင်းနင်းတျဲအနီးတစ်ဝိုက်တွင် စုရုံးကာ သူ(မ)၏ မျက်စိသူငယ်အိမ်များကို စစ်ဆေးကာ သူ(မ)၏ သွေးခုန်နှုန်းကို စမ်းသပ်ပြီး ဆေးစစ်ခြင်းများ ပြုလုပ်ကြလေသည်။
နဉ်ရှုသည်လည်း ထောင့်တစ်နေရာကို တွန်းပို့ခံထားရပြီး ထိုလူများ အလုပ်ရှုပ်နေတာကို ကြည့်နေသည်။
တင်းနင်းတျဲရဲ့ အရိုးကျိုးသွားသည့်နေရာသည် စွမ်းအင်များဖြင့် ပြည့်နေသည်။
စွမ်းအင်တွေ မပျောက်ကွယ်သရွေ့တော့ တင်းနင်းတျဲရဲ့ ဒဏ်ရာက ဆက်ပြီး နာကျင်နေလိမ့်မည်။
[ထင်ပါတယ် မမလုပ်ချလိုက်ပြီဆိုတာ 🤣]
ဒီလောက်တောင် သူ(မ)ကိုယ်တိုင်ကိုက ရက်စက်လွန်းတဲ့အကွက်ကို ရွှေ့နိုင်ဖို့ရာအတွက် အခြားသူများက သူ(မ)ကို နာကျင်အောင် လုပ်ခွင့်ပေးစေချင်မှတော့ ကောင်းပြီလေ၊ သူ(မ)ရဲ့ ဆန္ဒကို ပြည့်အောင် ဖြည့်ဆည်းပေးရမှာပေါ့။
တင်းနင်းတျဲသည် သူ့ခန္တာကိုယ်သူ အသုံးချလိုက်ရုံသာမကဘဲ သူ(မ)နှင့်ပတ်သက်သည့် ပိုင်ဟန်မော့၏ စိတ်ခံစားချက်များကိုလည်း အသုံးချကာ ငယ်စဉ်ကတည်းက သူ(မ)ကို လစ်လျူရှုကာ သူ(မ)အပေါ် မကောင်းခဲ့သည့် တင်းမေမေနှင့် တာဝန်အပ်နှံသူတို့ကို ကိုင်တွယ် ဖြေရှင်းချင်ခဲ့တာ ဖြစ်သည်။
YOU ARE READING
White Lotus Sister (Realm - 45) [Myanmar Translation]
FantasyName(s) : Quick Transmigration Cannon Fodder's Record of Counter Attack Ning Shu 快穿之炮灰女配逆袭记 Author(s) : Hen Shi Jiao Qing(很是矫情) Story Name : 豪门姐妹 Realm : 45 I don't own this story. Just translate into Myanmar Language! © All Rights Reserved