5. Unicode

892 110 18
                                    

"သူတို့ မင်းကို ခြိမ်းခြောက်နေတာလား။"

ပိုင်ဟန်မော့က အေးစက်စက် မျက်လုံးတွေနဲ့ အခန်းထဲက လူတွေကို ကြည့်ပြီး တင်းနင်းတျဲကို မေးလိုက်သည်။

"ငါ ပိုင်ဟန်မော့ရဲ့လူကို ထိဝံ့တယ်ပေါ့လေ။"

တင်းနင်းတျဲသည် အလွန်အမင်းစိုးရိမ်နေခဲ့ပြီး "မဟုတ်ပါဘူး၊တကယ်ကို အဲဒီလို မဟုတ်ပါဘူး၊ကျွန်မပြောတာကို နားထောင်ပါဦး..."

"တော်လောက်ပြီ၊ တင်းမိသားစုမှာ ဘာဖြစ်နေတာလဲဆိုတာ ငါသိထားပြီးသားပါ။"

ပိုင်ဟန်မော့ရဲ့ မျက်လုံးတွေက နဥ်ရှုနဲ့ တင်းမေမေကို ကြည့်နေသည်။

နဥ်ရှုနဲ့ တင်းမေမေက တရားခံလို့ ထင်နေတာ သိသာသည်။

နဥ်ရှုသည် လူနှစ်ယောက်ကို ခံစားချက်မဲ့စွာ ကြည့်နေခဲ့ပြီး တင်းနင်းတျဲသည် အချိန်အတော်ကြာအောင် ရှင်းပြနေခဲ့သော်လည်း အသုံးဝင်တာ ဘာတစ်ခုမှ ပြောမထွက်မလာခဲ့ပါ။

တကယ်ဆို နင်ပြောလိုက်လေ။

"ပြောစရာရှိရင် တိုက်ရိုက်သာ ပြောလိုက်။ဒီနေ့ ငါဒီမှာရှိနေတယ်။မင်းကို ဘယ်သူမှ ဘာမှ မလုပ်နိုင်ဘူး။"
ပိုင်ဟန်မော့က လွှမ်းမိုးကြီးစိုးစွာ ပြောသည်။

နဥ်ရှုက နည်းနည်းလေးတောင် စိတ်မဆိုးမိဘူး။

"ကျွန်မက ရှင့်ရဲ့ ဇနီးလောင်းပဲ။ဒီကိစ္စအတွက် ရှင်က ကျွန်မကို အကြောင်းပြချက် ပေးသင့်တာ မဟုတ်ဘူးလား။"

"အမြဲတမ်းလိုလို တခြားသူတွေကပဲ ငါ့ကို ရှင်းပြချက်ပေးရတယ်။ငါ ပိုင်ဟန်မော့က တခြားသူတွေကို ရှင်းပြဖို့ ဘယ်တော့မှ မလိုအပ်ဘူး။"

ပိုင်ဟန်မော့က သာသာယာယာ ပြောသည်။

နဥ်ရှုက စောင်ကို ဖြည်းညှင်းစွာ ဖွင့်ဟလိုက်ပြီး ကုတင်ပေါ်မှ ဆင်းကာ ဖိနပ်ကိုစီးလိုက်သည်။သူ(မ)သည် ကုတင်အစွန်းတွင်ထိုင်ကာ ပိုင်ဟန်မော့နှင့် တင်းနင်းတျဲကိုကြည့်ကာ "ကျင့်ဝတ်မစောင့်တဲ့ယောင်္ကျားနဲ့ မိန်းမပြည့်တန်ဆာလိုမျိုး ရှင်တို့၂ယောက်က တကယ်ပဲ ကျွန်မကို ရှင်းပြချက်တခုတောင် မပေးသင့်ဘူးလား?"

White Lotus Sister (Realm - 45) [Myanmar Translation]Where stories live. Discover now