31. Unicode

764 116 9
                                    

ရှေးဟောင်းသင်္ချိုင်းများ၏ သတင်းပေါ်ပေါက်လာမှုကြောင့် ပိုင်အုပ်စုကုမ္ပဏီကို အကျပ်အတည်းများ ဖြစ်စေခဲ့ပြီး သတင်းစာများနှင့် မီဒီယာများကလည်း ပိုင်အုပ်စုကုမ္ပဏီကို ဝေဖန်ခဲ့ကြသည်။

ပိုင်ဟန်မော့က စွန့်ဦးတီထွင်သူရဲ့ပုံရိပ်မျိုးမရှိဘဲ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များကိုပါ ဖျက်ဆီးပစ်ကာ အိမ်ရာစီမံကိန်းပရောဂျက်များအတွက် ယဉ်ကျေးမှုအမွေအနှစ်များကို ဖျက်ဆီးပစ်ရန် တွန့်ဆုတ်ခြင်းမရှိသူ ဟု လူတွေက ပြောဆိုလာကြသည်။

ကမ္ဘာပေါ်တွင် ချမ်းသာသူများကို မုန်းတီးနေသူများလည်း မနည်းပါးပေ။ထိုသူများကိုပါ ထပ်ပေါင်းထည့်လိုက်လျှင် ပိုင်ဟန်မော့၏ ယခုအဖြစ်အပျက်သည် အင်တာနက်ပေါ်အထိပါ ရောက်ရှိပေါက်ကွဲသွားလေပြီး ကုမ္ပဏီ၏ပုံရိပ်ပါ မကောင်းသည့်ဘက်ခြမ်းအမြင်သို့ ရောက်ရှိသွားသည်။

လူအများအပြားသည် ပိုင်အုပ်စု၏ထုတ်ကုန်များကို သပိတ်မှောက်ရန် စုဝေးပွဲများကို စတင်ခဲ့ကြသည်။

မူလကပင် ပိုင်အုပ်စု၏ထုတ်ကုန်များမှာ ဈေးတက်နေခဲ့ပြီး အလွန်အမင်းစျေးကြီးနေချိန်ဖြစ်နေပြီးသားပင်။ယခုလို သပိတ်မှောက်ပွဲကိုပါ ထပ်ပေါင်းလိုက်ခြင်းဖြင့် ပိုင်အုပ်စု၏ထုတ်ကုန်များမှာ လုံးဝကို ရောင်းမထွက်တော့ပါ။

ဒါဟာ ဒဏ်ရာတည့်တည့်ကို ဆားပက်လိုက်ခြင်းမျိုးပါပင်။အလွန်အမင်း စိတ်ဓာတ်ကျဖို့ ကောင်းလေသည်။

စွမ်းဆောင်ရည်ပြ ဇယားကို ကြည့်နေမိရင်း၊ ပိုင်ဟန်မော့သည် သူ့ခေါင်းပေါ်မှ ရေခဲရေပုံးတစ်ပုံးကို လောင်းချခံလိုက်သလို ခံစားလိုက်ရပြီး ခန္တာကိုယ်တစ်ခုလုံးလည်း တုန်ယင်သွားမိသည်။

နောက်ဆုံးမှာတော့ စိတ်အေးအေးထားနိုင်သွားလေပြီ။

ပိုင်ဟန်မော့၏ရင်ထဲမှာတော့ သေလုနီးပါး ဒေါသတွေပေါက်ကွဲနေခဲ့သည်။တစ်ကမ္ဘာလုံးက သူ့ကို ပစ်မှတ်ထားနေသလိုလည်း ခံစားနေရလေသည်။

ဒီလူတွေက ရိုးရိုးရှင်းရှင်းကိုပဲ ခွင့်လွှတ်ပေးလို့ မရဘူး။

White Lotus Sister (Realm - 45) [Myanmar Translation]Where stories live. Discover now