22. Zawgyi

249 13 0
                                    

မူလက ပျော်ပျော်ရွှင်ရွှင် ပြန်လာခဲ့သော လီလုသည် တင်းယန်၏ အော်ငေါက်ခံရပြီး သူ့ကတ်သည်လည်း ပိတ်ခံရလုနီးပါး ဖြစ်သွားသည်။

နေရာတွင်ပင် ကြောင်အနေကာ စိတ်ရှုပ်ထွေးသွားလေသည်။

အိတ်ကိုချလိုက်ပြီး တင်းယန်ကို သတိထားနေဟန် မေးသည်။ "ရှင်ဘာဖြစ်နေတာလဲ?"

"ဘာဖြစ်ရမှာလဲ၊ ကုမ္ပဏီက တခြားမိသားစုရဲ့ဟာဖြစ်လာတော့မယ်။မင်းသိတာက စားပြီးအိပ်တာရယ် ပြီးတော့ ပစ္စည်းတွေ ဝယ်မယ်ဆိုတာပဲ။ တခြားအရာတွေ မလုပ်နိုင်ဘူးလား။အသုံးမကျတဲ့ မိန်းမပဲ။"တင်းယန်က ဒါရိုက်တာဘုတ်အဖွဲ့အစည်းအဝေးမှာ သူ့ကိုထိပ်တိုက်တွေ့ခဲ့တဲ့ ဇနီးဟောင်းကို သတိရလာမိသည်။

သူ(မ)ကို နှလုံးသားထဲမှာ တကယ့်ကို မုန်းတီးနေမိပေမယ့် မှန်ရာပြောရလျှင် သူ(မ)ဟာ ချမ်းသာတဲ့မိသားစုက သခင်မလေးတစ်ယောက်ဖြစ်လေသည်။သူ(မ)ရဲ့ ရဲစွမ်းသတ္တိကတော့ ဒီလိုသရုပ်ဆောင်ကြယ်ပွင့်လေးတွေနဲ့ မတူညီလေဘူး။

လီလုက ပိုပြီး စိတ်ရှုပ်ထွေးသွားလေတော့သည်။တခြားအရာတွေကို လွယ်လွယ်ကူကူလုပ်နိုင်ရင် သူ(မ)အနေနဲ့ ဘာကြောင့် သူများရဲ့အငယ်အနှောင်း လုပ်တော့မှာလဲ။ဘာကြောင့် ပင်ပင်ပန်းနဲ့ ကလေးမွေးနေရဉီးမှာလဲ။

သူ(မ)လုပ်ချင်တဲ့အရာကတော့ ဘာမှမလုပ်ဘဲ ဘဝကို သက်တောင့်သက်သာနေရအောင် လုပ်ဖို့ပဲ။

လီလုက သူ(မ)ရဲ့သမီးဘက်ကို ကြည့်လိုက်တော့ တင်းနင်းတျဲက လီလုကို ခေါင်းခါပြပြီး လီလုကို ခေါ်ကာ အပေါ်ထပ်ကို တက်လာလိုက်သည်။

"မေမေ၊တစ်ချိန်လုံး ပစ္စည်းတွေ အများကြီး မဝယ်ပါနဲ့။အမေ ကြည့်ကြည့်၊ဒီအခန်းဆို ပြည့်လုနီးနီးပဲ။" လို့ တင်းနင်းတျဲက လီလုကို အောင့်အည်းမနိုင်ဘဲ ပြောလာခဲ့သည်။

လီလုသည် တင်းယန်ကို လက်ထပ်ပြီးကတည်းက သူ(မ)ဘဝသည် မြင့်မားလာခဲ့သည်။

"ပိုက်ဆံတွေ ရှိနေတာကို မဝယ်ဘဲ ဘာလုပ်ရမှာလဲ။မဟုတ်မှ အဲ့ဒီ ပိုက်ဆံတွေကို ထိုင်ကြည့်နေရမှာလား?"

"မေမေ၊ နည်းနည်းတော့ ထိန်းထားသင့်တယ်။ဖေဖေက အရမ်းကို စိတ်မပျော်ဖြစ်နေပြီ။"

White Lotus Sister (Realm - 45) [Myanmar Translation]Where stories live. Discover now