37. Zawgyi

223 11 0
                                    

လျန်းမင်းဟာ တကယ်ကျ ဆီပူလောင်သွားရုံသာဖြစ်ပြီး ရုပ်ဆိုးနေတဲ့သူမှ မဟုတ်တာ။

ကောင်းမွန်တဲ့ စိတ်နေစိတ်ထားကို လိုအပ်ပါက စိတ်ထားကောင်း ရှိနေပြီး ပိုက်ဆံလိုအပ်ပါက ပိုက်ဆံလည်းရှိသူ ဖြစ်သည်။

တကယ်လို့သာ ဘယ်ယောင်္ကျားကမှ မကြိုက်ဘူး ဆိုရင်တောင် ဘာမှမဖြစ် အရေးမကြီးဘူး။

"အန်တီကရော ပြန်မလာသေးဘူးလား?" လျန်းမင်းက မေးသည်။

နဉ်ရှုက သူ့လက်တွေကို ဖြန့်ကာ ဝှေ့ယမ်းပြပြီး "အခုချိန်မှာ တိုင်းပြည်တစ်ခုခုရဲ့ ဖက်ရှင်ရှိုးပွဲတစ်ခုခုမှာ ရှိနေတာမျိုး ဖြစ်ကောင်းဖြစ်နိုင်တယ်။"

တင်းမေမေသည် သူ(မ)၏ ဘဝရည်မှန်းချက်ပန်းတိုင်ကို ရှာဖွေတွေ့ရှိသွားပုံရသည်။အမျိုးမျိုးသော ခေတ်ရေစီးကြောင်းများကို လိုက်လျှောက်ပြီး ကစားနေလိုက်သည်မှာ ကောင်းမွန်လှပသော အချိန်များကို ပိုင်ဆိုင်ထားလေပြီ။

ရံဖန်ရံခါမှာ နဉ်ရှုကို ဖုန်းဆက်လာခဲ့ပြီး နဉ်ရှုမှ သူ(မ)အား စိတ်မပူနေဖို့ ပြောလာခဲ့ပြီး နေ့တိုင်း ဓာတ်ပုံမျိုးစုံရိုက်ပြီး အွန်လိုင်းမှာ တင်နေခဲ့သည်။

တဖက်ကလမ်းလျှောက်နေရင်း တဖက်ကဓာတ်ပုံရိုက်လိုက်ရင်းနှင့်ပင် တင်းမေမေက အင်တာနက်ပေါ်တွင် ခေတ်စားလာခဲ့သည်။

နဉ်ရှုသည် တင်းမေမေ၏ လက်ရှိအခြေအနေအရ၊ သူ(မ)အတွက် နောက်ထပ်အဖေတစ်ယောက်ကို ရှာတွေ့နိုင်တော့မည်ဟု ခံစားရမိသည်။

မကောင်းတဲ့အရာတွေကနေ ဝေးဝေးနေထိုင်တာကလည်း ကောင်းပါတယ်လေ။အစကနေ ပြန်လည်စတင်ပြီး ဘဝကိုဖြတ်သန်းနေတာကလည်း အလွန်ကောင်းမွန်တဲ့ကိစ္စတစ်ခုပဲ။

လျန်းမင်းက နဉ်ရှုရဲ့ ပုခုံးကို ရိုက်လိုက်ရင်း "ငါအရင်သွားတော့မယ်။ငါ နင့်ကို ပြောမယ်နော်။နောက်ထပ် ထပ်ပြီး ပိုင်ဟန်မော့ကို လွမ်းဆွတ်တမ်းတ မနေနဲ့တော့၊ သူများကဖြင့် ဘဝကို သာသာယာယာ ဖြတ်သန်းနေတာ ဘယ်လောက်တောင်မှ အဆင်ပြေနေလိုက်သလဲ။"

"နင် မသိသေးဘူး မဟုတ်လား။တင်းနင်းတျဲရဲ့ နာမည်ကြီးသရုပ်ဆောင်အမေက ကွာရှင်းလိုက်ပြီလေ။နင့်အဖေနဲ့ ကွာရှင်းလိုက်ပြီ။" လျန်းမင်းက ပြောသည်။

White Lotus Sister (Realm - 45) [Myanmar Translation]Where stories live. Discover now