6. Unicode

876 111 5
                                    

"ဒါပေမယ့် ပိုင်မိသားစုနဲ့ လက်ထပ်ရမယ့်သူက နင်ဖြစ်သင့်တာလေ။ပိုင်မိသားစုက စီးပွားရေးလောကမှာ ထင်ရှားတဲ့နေရာတစ်ခုရှိတယ်။"

တင်းမေမေက ဆိုသည်။

"ထင်ရှားတော့ရော ဘာလုပ်ရမှာလဲ။"

နဥ်ရှုက ပြောသည်။

"မေမေ၊ ကိစ္စက ဖြစ်ပြီးသွားပြီ၊ သမီးတို့ကိုယ်တိုင်ပဲ သမီးတို့အတွက် စီစဉ်ရမှာပေါ့။"

"စိတ်မပူပါနဲ့။မေမေက ဒီကိစ္စကို ကိုင်တွယ်ဖြေရှင်းဖို့ နည်းလမ်းရှာလိုက်မယ်။တရားမ၀င်သမီးကို ဘယ်တော့မှ အခွင့်ကောင်းယူခွင့်ပေးမှာ မဟုတ်ဘူး။"

တင်းမေမေသည် နဥ်ရှု၏လက်ကို အားသုံးကာ ဆုပ်ကိုင်ထားရာ နဥ်ရှုမှာ လက်များပင် နာကြင်လာခဲ့သည်။

နဥ်ရှုရဲ့မျက်နှာထားက အမူအယာမရှိ ပြောလာခဲ့သည်။

"မေမေ၊ သမီး ပိုင်ဟန်မော့ကို လက်ထပ်မှာ မဟုတ်ဘူး။ပိုင်ဟန်မော့ရဲ့ပုံစံက တင်းနင်းတျဲမှ တင်းနင်းတျဲပဲ ဖြစ်နေတာ။"

"ဒီအမျက်ဒေါသကို မျိုချလို့ကို မရဘူး။မြွေဆိုးတစ်ကောင်ကို မွေးထားမိတာပဲ။နင့်ကို အစားထိုးလိုက်ကြပြီ။ တခြားသူတွေက နင့်ကို ဘယ်လိုမြင်မလဲ၊ တခြားသူတွေက နင့်ကို ဘယ်လိုမြင်ကြမလဲလို့။"

"နင်သာ ကောင်းစားနေရင် ဘရိုကိတ်အထည်ပေါ် ပန်းထပ်ထည့်သလိုပဲ ဝိုင်းချီးကျူးလိမ့်မယ်။နင်သာ နိမ့်ကျသွားတဲ့အခါ နင့်နောက်ကျောကို လက်ညှိုးထိုးပြီး ဝိုင်းလှောင်ရယ်ကြလိမ့်မယ်။ရွှယ်ချင်း ၊ဒါတွေအားလုံးက မင်းအမေရဲ့ အသုံးမကျမှုတွေကြောင့်ပဲ။"

တင်းမေမေက နဥ်ရှုခါးကို ပွေ့ဖက်ပြီး ငိုလေသည်။

နဥ်ရှုသည် တင်းမေမေနောက်ကျောကို ညင်သာစွာပွတ်သပ်ပြီး တည်ငြိမ်အေးဆေးစွာပြောသည်။

"သူများတွေ ဘယ်လိုပြောနေနေ သမီးဂရုမစိုက်ပါဘူး။သမီးတို့ လွတ်လမ်းကို ပြင်ဆင်ရမယ်နဲ့ တူတယ်။"

"အခု ပိုင်ဟန်မော့က တင်းနင်းတျဲကို လက်ထပ်ချင်ပြီး တစ်ယောက်ကလည်း ကောင်းကင်ဘုံကို တက်လှမ်းလိမ့်မယ်။တကယ်လို့ သူ(မ)ကိုယ်တိုင်ရဲ့ မွေးဖွားမှု အထောက်အထားကို ပြောင်းလဲချင်ရင်တော့ သမီးတို့ကို အပြင်ကို လှည်းထုတ်ပစ်လိုက်နိုင်တယ်။"

White Lotus Sister (Realm - 45) [Myanmar Translation]Where stories live. Discover now