19. Zawgyi

186 14 0
                                    

တကယ်ကို အဓိပ္ပာယ်မရှိလေဘူး။အနည်းငယ်သော အကျိုးအမြတ်အတွက် နဂိုစည်းမျဉ်းများပင် မရှိတော့ဘဲ နောက်သို့ခြေတစ်လှမ်းဆုတ်ပေးလိုက်ရင်း နောက်ထပ် နောက်ထပ် ဆက်တိုက် နောက်ဆုတ်ဖြစ်သွားလေသည်။

ဒါက တင်းယန်လို လူမျိုးအတွက်တော့ သင့်လျော်သည်။လောင်းကစားလုပ်နေတာနဲ့ တူပြီး အများကြီးထုတ်ပေးပြီးနောက်မှာ နောက်ထပ်လောင်းဖို့ ထပ်ထုတ်ပေးနေရဉီးမှာပင်။

(တင်းယန်က လောင်းကစားလုပ်သလိုမျိုးပဲ ပိုင်အိမ်ကအကျိုးအမြတ်ရဖို့ သမီးတစ်ယောက်ကနေ နောက်တယောက် အာ့ကနေ ရှယ်ယာတွေပါပါသွား မိန်းမနဲ့ကွာရှင်း အရှေ့ကဟာတွေနှမြောတော့ အနောက်က ထပ်ပြီးသူများစိတ်တိုင်းကျ လိုက်လုပ်ပေးဖို့ပဲကျန်ရော အဲ့လိုဆိုလိုတာပါ)

သေချာပေါက် ပြန်အနိုင်ရမှ ဖြစ်လိမ့်မယ်။

တကယ်တော့ တင်းယန်က နည်းနည်းပိုသန်မာရင်လည်း အဆင်ပြေလေသည်။ဘာပဲဖြစ်နေနေ တင်းနင်းတျဲဟာ သူ့ရဲ့သမီး ဖြစ်နေပြီးသားပင်။ ပိုင်ဟန်မော့ရဲ့ တင်းနင်းတျဲအတွက် ဂရုစိုက်မှုတွေ ရှိနေဆဲပင်။တခါအိပ်တာနဲ့ ပိုပြီးခံစားချက်တွေ ရှိလာမှာပင်။

သေချာပေါက် အကျိုးရှိနိုင်လေသည်။

(တင်းယန်က လိုက်မလုပ်ပေးချင်တောင်ရတယ်။ဟိုက သူ့သမီးနဲ့အိပ်ပြီး ခံစားချက်ရှိနေတာမလို့ သူတင်းခံထားလည်း အကျိုးအမြတ်က ရနေမှာပဲ။အာ့ကို အဖိုးကြီးက အကုန်လိုက်လျောနေတာ။)

အခုတော့ လုပ်နေပုံက အကြီးအကဲက အကြီးအကဲ ဆိုတဲ့နေရာနဲ့ လုံးဝမတူတော့ပေ။

ကျွတ် ကျွတ် ကျွတ်...

"သူတို့ လက်ထပ်ပြီးတဲ့အထိ စောင့်ရအောင်။" လို့ တင်းမေမေကပြောသည်။

နဉ်ရှုက တင်းမေမေကိုကြည့်ကာ "မေမေ၊ ဘာအစီအစဉ်ရှိလို့လဲ။"

"နင် စောင့်ကြည့်နေလိုက်ပါ။" တင်းမေမေက နဉ်ရှုကို ပြုံးပြသည်။

တင်းယန်နှင့် လီလု၏မင်္ဂလာပွဲသည် အလွန်ခမ်းနားခဲ့ပြီး ပိုင်ဟန်မော့ကလည်း တင်းယန်ကို မျက်နှာသာပေးကာ လူအများအပြားကို ဖိတ်ကြားခဲ့သည်။

White Lotus Sister (Realm - 45) [Myanmar Translation]Where stories live. Discover now