27. Zawgyi

240 16 1
                                    

တင်းနင်းတျဲအတွက် ထိုပစ္စည်းများကို ပြင်ဆင်ရန်အတွက် နဉ်ရှုသည် သူ(မ)၏ ဘဝတစ်ခုလုံးလေ့ကျင့်ထားတဲ့ စွမ်းအင်တွေကိုတောင် အသုံးပြုခဲ့ရသည်။

အထူးသဖြင့် ခန္ဓာကိုယ်အတွက် လိမ်းဆေးကို ပြုလုပ်ပြီးနောက် နဉ်ရှုသည် အလွန်ကြင်နာတတ်လွန်းစွာဖြင့် အကောင်းဆုံးအကျိုးသက်ရောက်မှုရရှိစေရန် ရေချိုးပြီးနောက် ၄ကိုလိမ်းရန် သတိပေးချက်ပါ ရေးပေးထားခဲ့သည်။

ထို့နောက် နဉ်ရှုက လျန်းမင်းကို ဆက်သွယ်ပြီး ပစ္စည်းကိုလာယူရန် အကြောင်းကြားခဲ့သည်။

လျန်းမင်းက နဉ်ရှု လုပ်ခဲ့တာတွေကိုကြည့်ပြီး ခေါင်းညိတ်ပြပြီး "နင်က တော်တော်လေး အင်အားစိုက်ထုတ်ခဲ့တာပဲ။ငါထင်လိုက်မိတာက နင့်ညီမလေးကို ပေးဖို့အတွက် လုပ်ရမယ်ဆိုတော့ နင်က ဒီကိစ္စကို ဝတ်ကျေတန်းကျေပဲ လုပ်ထားလိုက်မယ် မှတ်တာ။"

နဉ်ရှုက 'ဟား ဟား' ရယ်လိုက်ပြီး "ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ? ငါက အကျင့်ပျက် တာ တစ်ခုခုလုပ်ရင် ငါ့နာမည်ပျက်သွားလိမ့်မယ်။ငါလုပ်ထားတာမလို့ သူ မသုံးဖြစ်မှာကိုတောင်မှ ကြောက်မိတယ်။"

လျန်းမင်းသည် နဉ်ရှုကို ကြည့်လိုက်ပြီးနောက် ပစ္စည်းများကို ကောက်ယူကာ ထွက်ခွာသွားတော့လေမည်။

နဉ်ရှုက မေးလာသည်။ "နင်တို့ လေလံဆွဲကြမယ်လို့ ငါကြားတယ်။"

လျန်းမင်းက ဖြေသည်။ "ဟုတ်တယ်လေ၊ ဒီမြို့က ချမ်းသာတဲ့ မိသားစုတွေအားလုံး ဒီမြေကို သိမ်းပိုက်ချင်နေကြတာကို။"

နဉ်ရှုက ခေါင်းခါလိုက်ပြီး "ပြိုင်ဆိုင်မှုတွေများလာရင် ငွေတွေလည်း အများကြီးကုန်လိမ့်မယ်။"

"ဟုတ်တယ်၊ ငါ့အစ်ကိုအကြီးဆုံးနဲ့ ဒုတိယအစ်ကိုက ဒီမြေကို စိတ်ဝင်စားနေတယ်။" လျန်းမင်းက ပြောသည်။

"ဒီမြေကွက်က ဘီလီယံဆယ်ဂဏန်းကျော်ထိ တက်သွားနိုင်တယ်။" လျန်းမင်းက မျက်မှောင်ကြုတ်ပြီး "နည်းနည်းတော့ ဈေးကြီးတယ်။"

နဉ်ရှုက ခေါင်းခါလိုက်ပြီး "နင်တို့က မြေကွက်တစ်ကွက်ရဲ့တန်ဖိုးကို ချဲ့ကားနေတာပဲ၊ ဒါ့အပြင် အိမ်ခြံမြေဈေးကွက်ဆိုတာက ဆပ်ပြာပူဖောင်းလိုပဲ ထိတာနဲ့ပေါက်သွားနိုင်တယ်။အခုချိန်မှာ ဆပ်ပြာပူဖောင်း မဟုတ်နေရင်တောင်မှ အမြဲတမ်း ဒီလောက် ဈေးမြင့်နေမယ်လို့ အာမခံ ဆိုလိုနိုင်တာမဟုတ်ဘူး။ အဲဒါက မတန်ဘူး။”

White Lotus Sister (Realm - 45) [Myanmar Translation]Where stories live. Discover now