အပိုင်း-၁၆

306 9 1
                                    

"အင်း.....ရဲမာန် အရမ်းမနမ်းနဲ့တော့ တော်တော့"

ပြောသော်လဲမရဘဲ ကောင်လေးက သူ့လည်ပင်းသားတွေကို အတင်းစုပ်ယူ ဖိကပ်နမ်းရှိုက်ဆဲ။

"အာ့...အရာတွေ ထင်ကုန်မယ် ရဲမာန်"

"အဟင်း...ထင်စေချင်လို့ လုပ်နေတာပဲကို။ ဒါမှ ဒယ်ဒီက ကျွန်တော့်အပိုင်ဆိုတာ လူတိုင်းသိမှာ"

ဇွတ်တရွတ်ကောင်လေးမို့ ဘာမှထပ်မပြောတော့ပဲ မှန်ရှေ့သွားကာ လည်ပင်းကို ကြည့်လိုက်တော့ အနီရောင်အမှတ်အသားတွေက ထင်းနေသည်။ မျက်မှောင်ကြုံ့ကာ ထိုအမှတ်အသားတွေ ပျောက်လိုပျောက်ညား လက်နဲ့ ပွတ်သပ်ကြည့်သော်လဲမရ။ နီညိုရောင်အမှတ်အသားတွေက ပိုပိုရဲလာခဲ့သည်။

"မင်းကတော့ကွာ....ဒယ်ဒီသွားစရာရှိပါတယ်ဆို"

မှန်ရှေ့မှာ မကျေနပ်ဖြင့် နှုတ်ခမ်းဆူကာ လည်ပင်းက အမှတ်အသားတွေကို ပွတ်တိုက်နေသော အသေးလေးအား အနောက်ကနေ ခါးကိုဖက်ကာ ပုခုံးပေါ် မေးတင်လိုက်သည်။ ထို့နောက် မှန်ထဲမှာပေါ်နေတဲ့ အသေးလေးရဲ့မျက်နှာကိုကြည့်ရင်း

"ဘာလဲ လက်ထပ်ရမယ့် ဇနီးလောင်းနဲ့ သွားတွေ့ရမှာဆိုတော့ ပျော်နေတာလား။ အဲ့ဒါကြောင့် လည်ပင်းက ကျွန်တော်ပေးထားတဲ့ အမှတ်အသားတွေကို အသည်းအသန်ဖျက်နေတာလား"

"မဆိုင်တာတွေ"

"အဟွန်း.."

ထို့နောက် လည်ပင်း၏လွတ်နေသော နေရာများကို ထပ်မံ၍စုပ်ယူကာ အနီရောင်အမှတ်အသားများ ကြဲချနေပြန်သည်။

"ရဲမာန်ရေ မလုပ်နဲ့တော့။ မအေမီနဲ့ သွားတွေ့ရအုံးမှာ။ ဒီအမှတ်တွေနဲ့က အဆင်မပြေဘူး။ လူမြင်လို့မကောင်းဘူး"

"အဲ့ဒါဆို သွားမတွေ့နဲ့လေ။ ကျွန်တော့်ရင်ခွင်ထဲမှာပဲ နေ"

"မရဘူးလေ။ အခုကလဲ မင်းကြောင့် သွားတွေ့ရမှာလေ။ စေ့စပ်ပွဲ ဖျက်ဖို့ကိစ္စသွားပြောရမှာကို"

"ဟွန်း...အဲ့ဒါ ကျွန်တော့်ကြောင့်လား ဒယ်ဒီကြောင့်လေ။ ဒယ်ဒီသာ ကျွန်တော့်ကိုပစ်ပြီး အဲ့ဒီအဖွားကြီးနဲ့ စေ့စပ်ဖို့မလုပ်ရင် ဒီလိုဖြစ်လာမှာ မဟုတ်ဘူး"

မေတ္တာနှောင်သီ ချစ်ကြိုးချည် (Book Version)Where stories live. Discover now